ကိုပါကြီး သတင်းထောက် ဖြစ်ကြောင်း လူ့အခွင့်အရေး ကော်မရှင် ပြောပြီ

ကိုပါကြီး သတင်းထောက် ဖြစ်ကြောင်း လူ့အခွင့်အရေး ကော်မရှင် ပြောပြီ
by -
မဇ္စျိမ

စစ်တပ်ပစ် သတ်မှုကြောင့် သေဆုံး ခဲ့သူ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသည် အလွတ် တန်းသတင်းထောက် တစ်ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က အတည်ပြုပြော ကြားလိုက်သည်။

ကိုပါကြီးသည် သတင်းထောက်တစ်ဦးမဟုတ်ဘဲ DKBA အဖွဲ့၏ KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိသူဟု တပ်မတော်က ထုတ်ပြန်ထား သော်လည်း ကော်မရှင်၏ စစ်ဆေး တွေ့ရှိချက် များအရ အလွတ်တန်း သတင်းထောက် တစ်ဦးအဖြစ် အသိအမှတ်ပြု ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သက်သေအတော်များများကို စစ်ပြီးနောက်မှာ ကိုပါကြီးကို အလွတ်သတင်းထောက်အဖြစ် အသိမှတ်ပြုတာပါ ဒါပေမယ့် DKBA အဖွဲ့ဝင်ဟုတ်မဟုတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး ”ဟု ဦးစစ်မြိုင်က မဇ္စျိမကို ပြောသည်။

လက်ရှိအချိန်တွင် ကိုပါကြီးသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံ တင်ပြရမည့် ကော်မရှင်၏ သုံးသပ်ချက် အစီရင်ခံစာကို ရေးသားနေပြီ ဟုဆို သည်။ ထို့ပြင် ဇနီးဖြစ်သူ မသန္တာနှင့် ဒေါ်နော်အုံးလှတို့ကို စစ်ဆေးရန် ဆင့်ခေါ်ထားသည်ဟုဆိုသည်။

ကိုပါကြီးသေဆုံးမှုကို စစ်ဆေးရာတွင် တပ်မတော်စစ်ခုံရုံးအပါအဝင် တပ်ပိုင်းဆိုင်ရာအရာရှိများ၊ ရဲအရာရှိများ၊ အခင်းဖြစ်ပွားရာဒေသခံများ၊ သတင်းထောက် အချို့ တို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီး လူဦးရေ ၅၀ ကျော်စစ်ဆေးမေး မြန်းခဲ့သည်။

ကိုပါကြီးသည် အောင်ကြီး အမည်ဖြင့် ပေးပို့ခဲ့သည့် သတင်း ၁၀ ပုဒ်ကျော်နှင့် သတင်းဆောင်းပါးတစ်ပုဒ် ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် ရပ်နားခဲ့သည့် ရန်ကုန် တိုင်းသတင်းစာတွင် ဖော်ပြခဲ့သည်ဟု ယင်းသတင်းစာတွင် အယ်ဒီတာချုပ်တာဝန်ယူခဲ့သူ လက်ရှိတွင် ဒီမိုကရေစီတူဒေးသတင်းစာမှ ဒုတိယ အယ်ဒီတာချုပ် ဦးလှိုင်ဘွားbက မဇ္စျိမကိုပြောကြားထားသည်။

သို့သော် ကိုပါကြီးကို ဖမ်းဆီး၍ စစ်ဆေးရာတွင် အလွတ်သတင်း ထောက်ဟု ပြောကြား ခဲ့ခြင်းမ ရှိကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က VOA သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ သည်။

ထို့ပြင် ကိုပါကြီး သေဆုံးမှု နှင့်ပတ်သက်၍ လူ့အခွင့် အရေးကော် မရှင်မှ နို်င်ငံတော် သမ္မတထံ သုံးသပ်ချက် အစီရင် ခံစာတင် မည်ဖြစ် သော်လည်း တပ်မတော် စစ်ခုံရုံး မှလည်း ၎င်းတို့၏ စစ်ဆေး တွေ့ရှိချက်ကို ထုတ်ပြန် မည်ဟု ဆိုသည်။

Most read this week