မြန်မာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန နှင့် ရုရှနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနပူပေါင်းပြီး စစ်ဘက်ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် သတင်းအချက် အလက်ဖလှယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ရန် နိုင်ငံသဘောတူ လက်မှတ်ရေးထိုး နိုင်ရေးကို ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်အတည်ပြုလိုက်သည်။
“ပြည်ထောင်စုသမ္မတနိုင်ငံနှင့် ရုရှနိုင်ငံတို့အကြား စစ်ဘက်ထောင်လှမ်းရေးဆိုင်ရာများ ပူးပေါင်းဆောင် ရွက်ရာမှာ နှစ်နိုင်ငံရှိ စစ်ဘက်ထောက်လှမ်းရေး၏ စွမ်းရည်မြှင့်တင်ခြင်း နှစ်နိုင်ငံသတင်း ဖလှယ်ခြင်းနှင့် ကာကွယ်ရေးဆိုင်ရာလုံခြံု ရေးနှင့် နိုင်ငံတော်လုံခြံုရေးတို့အတွက် အကျိုးဖြစ်ထွန်းမှု များစွာရရှိနိုင် မှာဖြစ် သလို စစ်ဘက်ထောက်လှမ်းရေးကိစ္စများ ပူးပေါင်းဆောက်ရွက်ရေး တရားဝင်အခြေခံ စနစ်တစ်ခု သတ် မှတ်နိုင်ရေးအတွက် လိုအပ်ချက်နှင့် နိုင်ငံတော် လုံခြံုရေးတွင် စစ်ဘက်ထောက်လှမ်းရေး၏ အခန်းကဏ္ဍကို သိရှိနားလည်းခြင်းစတဲ့ အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဗိုလ်ချုပ်ကျော်လွင်က ပြောသည်။
အဆိုပါနှစ်နိုင်ငံ စစ်ဘက်ထောက်လှမ်းရေးဆိုင်ရာ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေးသဘောတူ ညီချက် စုစုပေါင်း အပိုဒ်ရှစ်ပိုဒ်ပါရှိသည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။
ပြည်ထောင်စုသမ္မတ နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ရုရှ နှစ်နိုင်ငံကြား စစ်ဘက်ထောင်လှမ်းရေး သတင်းအချက်အလက်များ ဖလှယ်နိုင်ရေး အီလက်ထရောနစ် ထောက်လှမ်းရေး နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ မြန်မာတပ်မတော်မှ စစ်ဘက်ထောက်လှမ်းရေး အမှုထမ်းများအား လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးနိုင်ရေး ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်တွင် ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ပြည်ထောင်စု လွှတ်တော်က အတည် ပြုချက်ရယူနိုင်ရန်ပေးပို့လာခြင်းဖြစ်သည်။ အဆိုပါသဘောတူ ညီချက်များကို မြန်မာဘာသာ၊ ရုရှဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်နိုင်ငံကာကွယ်ရေး ၀န်ကြီးဌာန၏ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးကြမည် ဖြစ်သည်။