အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာကို လေးရက်မြောက်နေ့ အဖြစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကိုယ်စားလှယ်ပေါင်း ၂၄ ဦး ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးခဲ့ရာ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ မပြင်ရန် တပ်မတော်က သဘောထားရှိသည်မှာ ငြိမ်းချမ်းရေးမရသေး သည့် အခြေအနေများကြောင့်ဟု တပ်မတော်သားအမတ် ဗိုလ်မှူးကြီးခင်မြင့်က ဆွေးနွေးခဲ့သည်။
“လက်ရှိမှာ လက်နက်ကိုင်တိုက်ပွဲတချို့ ဆက်လက်ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး မရသေးပါဘူး။ ခေါင်းစဉ် အမျိုးမျိုးနဲ့ ဆန္ဒပြတာတွေလည်း ရှိနေသေးတဲ့ အချိန်မှာ ၄၃၆ ပြင်ဖို့ မသင့်သေးပါဘူး” ဟု ပြောကြားသည်။
သို့သော် တပ်မတော်သည် အဆိုပါ သဘောထားကို ဆက်လက်ကိုင်စွဲထားသော်လည်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ကြား အာဏာခွဲဝေရေးလုပ်ငန်းစဉ် အချို့ကိုမူ ထောက်ခံဆွေးနွေးခဲ့သည်။
အချို့သောသူများက ၄၃၆(က)ကို ပြင်ဆင်ပြီးနောက် အခြားအရေးကြီးသည့်ပုဒ်မ အချို့ဖြစ်သည့် ပုဒ်မ ၁၀ ပုဒ်မ ၄၁ ပုဒ်မ ၄၂(က)များကို ပြင်ဆင်သွားမည်ကို မလိုလားဟု ဗိုလ်မှူးကြီးခင်မြင့်က ဆိုသည်။
ပုဒ်မ(၁၀)တွင် ပြည်နယ်၊ တိုင်းဒေသကြီးများ ပြည်ထောင်စုမှ မခွဲထွက်ရေး၊ ပုဒ်မ ၄၁ တွင် နိုင်ငံတော် သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်၊ ပုဒ်မ ၄၂(ခ)တွင် နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဟု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး ခင်မြင့်၏ ဆွေးနွေးမှုကို အင်န်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်ကမူ “ဘယ်သူကမှတောင် စိတ်ကူးမိမှာ မဟုတ်ဘူး၊ ဒါဟာ စိုးရိမ်စိတ်လွန်ကဲပြီး လိုရာဆွဲတွေးတာပါ” ဟု တုံ့ပြန် ပြောဆိုသည်။
ဒီမိုကရေစီစံနှုန်းနှင့် မညီသည့် ၄၃၆ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ တပ်မတော်၏ ကဏ္ဍနှင့် ပတ်သက်၍ ဒီမိုကရေစီစံနှုန်းများနှင့် ပိုပြီးကိုက်ညီစေရန် ပြင်ဆင်လိုခြင်းဟု ယနေ့တွင် မီဒီယာအချို့အား ပြောကြားခဲ့သည်။
“တပ်မတော်ရဲ့ကဏ္ဍနဲ့ပတ်သက်လို့ အန်တီတို့ သဘောမတူတာက ဒီမိုကရေစီစံနှုန်း၊ စံထားတွေနဲ့ ပိုပြီးတော့ ကိုက်ညီစေချင်လို့ ဒါကို တပ်မတော်ကိုမှ ဘယ်လိုခေါ်မလဲ ဦးတည်ပြီးတော့ တပ်မတော်ကို အပြစ် ရှာပြီးတော့ ဒီလိုပုံစံမဟုတ်ဘူး” ဟု ပြောသည်။
၇၅ ရာခိုင်နှုန်းနဲ့ ပြင်လို့ရ မရ
လဲချားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်ကလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၆၆၄ ဦး၏ ရ၅ ရာခိုင်နှုန်း ထောက်ခံရန်မှာ များစွာခက်ခဲသည်ဟု ပြောသည်။
“လွှတ်တော်အစည်းအဝေးသို့ ၅၃၄ ဦးပဲရှိပြီး ခွင့်ယူသူပေါင်း ၁၀၂ ဦးရှိပါတယ်။ ရ၅ ရာခိုင်းနှုန်းဆိုတဲ့ ကိန်း ဂဏန်းကို အရင်ဆုံးပြင်ဆင်ရ မှာ ဖြစ်ပါတယ်။ ဒီ ရ၅ ရာခိုင် နှုန်းကျော်ဆိုတဲ့ ဟာကြီးက မပြင်နိုင်သရွေ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ဘယ်တော့မှ ပြင်ဆင်၍ မရပါဘူးခင်ဗျာ” ဟု ပြောသည်။
ဒု-သမ္မတတစ်ဦးဖြုတ်ရန် အင်န်အယ်လ်ဒီပါတီ၊ မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာမေဝင်းမြင့်က အင်အားကြီးမားသည့် အမေရိကန်နိုင်ငံပင်လျှင် ဒုတိယ သမ္မတ တစ်ဦးတည်းသာ ရှိသည့်အတွက် မြန်မာနိုင်ငံတွင်လည်း ဒုတိယ သမ္မတ တစ်ဦးသာ ထားသင့်သည်ဟု ဆွေးနွေးသည်။
“ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဒုတိယ သမ္မတ တစ်ဦးစီကို ရွေးပြီး တစ်ဦးက သမ္မတ၊ ကျန်တစ်ဦးက ဒုတိယ သမ္မတ ဖြစ်သင့်ပါတယ်” ဟု ပြောသည်။
ယခုလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တပ်မတော်သား အစုအဖွဲ့တို့မှ ဒုတိယ သမ္မတ တစ်ဦး စီရွေးချယ်ကာ သမ္မတ တစ်ဦး၊ ဒုတိယ သမ္မတ နှစ်ဦးရွေးချယ် ရခြင်း ဖြစ်သည်။ ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဇုန်လှယ်ထန်းက အမျိုးသားလွှတ်တော် က ရွေးချယ်သည့် ဒုတိယ သမ္မတ တစ်ဦးကို တိုင်းရင်းသားများထဲမှ အလှည့်ကျလုပ်ရန်လည်း ပြောဆိုခဲ့သည်။
နောက်ကြောင်းပြန် လက်စားချေမှု
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃ ပြဋ္ဌာန်းချက်မည်သည့်ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန်အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ ဆိုသည့်အချက်ကို ပယ်ဖျက်လျှင် နောက်ကြောင်းပြန် အာဏာသက် ရောက်စေမည် ဥပဒေများ ကိုင်ဆွဲပြီး လက်စားချေ အရေးယူမှုများဖြစ်လာ နိုင်သည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီး ဖေကြိုင်က ဆွေးနွေးသည်။
“ပုဒ်မကို ပယ်ဖျက်လိုက်ရင် နောင်ကာလ ဥပဒေပြုအဖွဲ့အစည်းဟာ နောက်ကြောင်းပြန်အာဏာ သက် ရောက်စေမယ့် ဥပဒေကို ပြဋ္ဌာန်း လာနိုင်တော့မှာ ဖြစ်တယ်။ အဲဒီအခါကျရင် အာဃာတ တရားများနဲ့ရှင်း တဲ့ဥပဒေတွေ မပေါက်နိုင်ဘူးလို့ အာမမခံနိုင်တော့ပါဘူး။ ပုဂ်္ဂိုလ်ရေးအား ဖြင့်လည်းကောင်း၊ အဖွဲ့အစည်း အားဖြင့် လည်းကောင်း မကျေလည်ခဲ့တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်စဉ်ဖြစ်ရပ်တွေ ကို ပြန်လည် ဖော်ထုတ် ပြီး နောက်ကြောင်းပြန်အာဏာသက်ရောက်စေမယ့် ဥပဒများကို ကိုင်ဆွဲ ပြီးတော့မှ လက်စားချေ အရေးယူ မှုပွားများလာနိုင်ပါတယ်” ဟု ပြောသည်။
ခေတ်အဆက်ဆက် အစိုးရများက နိုင်ငံတိုးတက်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်က လည်း နောက်ကြောင်း ပြန်လှည့်ရန် သဘောထားမျိုး မရှိသည့်အတွက် ထိုပုဒ်မကို ပယ်ဖျက်ရန် မလိုအပ်ပါကြောင်း ဆွေးနွေးသည်။
ပုဒ်မ၅၉ (စ) ပြင်ပါက၊ အကျိုးဆက်
ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်လိုက်လျှင် မြန်မာပြည်တွင် မွေးဖွားပြီး ရည်ရွယ်ချက် အမျိုးမျိုးကြောင့် အခြားနိုင်ငံများမှာ နိုင်ငံသားအဖြစ် ခံယူကာ နိုင်ငံခြား အထောက်အပံ့ဖြင့် အဆင်ပြေအောင်မြင် သည့်အချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး ဒီမိုကရေစီ လူ့အခွင့်အရေးများကို ဗန်းပြလျက် ရွေးကာက်ပွဲများ ပါဝင်ယှဉ်ပြိုင် အရွေးခံလာသူများ ရှိလာနိုင်သည့်အတွက် ပြင်ဆင်ခြင်းမပြုရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီး မျိုးထက်ဝင်းက ဆွေးနွေးသည်။
“တိုင်းပြည်နဲ့လူမျိုးအတွက် ရိုးသားသူများရှိသလို မရိုးသားသူများလည်းရှိနိုင်ပါတယ်။ မြန်မာနိုင်ငံသား အဖြစ်ခံယူထားတဲ့ ပြည်ပနဲ့ သွေးနှော သူများ မရိုးမဖြောင့် အကြံရှိသူများ နိုင်ငံရဲ့ထိပ်ပိုင်းနေရာ ရရှိပါက မိမိနိုင်ငံအနေနဲ့ ကျွန်ပြုမခံရဘဲ ရုပ်သေးအစိုးရအဖြစ် သြဇာခံဘဝ အလိုအလျောက်၊ ရောက်ရှိသွားနိုင်ပါတယ်” ဟု ဒုတိယ ဗိုလ်မှုးကြီး မျိုးထက်ဝင်းက ဆိုသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ၏ ဇနီးခင်ပွန်းသူ၏ တရားဝင်သားသမီးများနှင့် ဇနီးခင်ပွန်းများသည် နိုင်ငံခြား အစိုးရ လက်အောက်ခံဖြစ်သူများ၊ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားအခွင့်အရေးများ ကျေးဇူးခံစားခွင့် များ ရှိနေလျှင် နိုင်ငံတော်သည် တိုင်းတစ်ပါး၏ ကျေးဇူးခံ၊ ကျေးဇူးစား သဘောမျိုးဖြစ်နိုင်သည်ဟုလည်း ၊ထောက်ပြသည်။
ကာကွယ်ရေးအမြင်
နိုင်ငံတော်၏ အရေးအရာ ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာနိုင်ငံသားများ၏ အထွထ်အထိပ် နေ ရာရရှိသူသည် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြံုရေးအတွက် အဓိက တာဝန်ယူရသူဖြစ်သည့်အတွက် ပုဒ်မ ၅၉ (ဃ)အရ စစ်ရေးအမြင်ရှိသူဆိုသည့် စကားရပ်အစား ကာကွယ်ရေး အမြင်ရှိသူဟု ပြင်ဆင်လိုသည့်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း ကလည်း ဆွေးနွေးသည်။
“စစ်ရေးအမြင်ဆိုတဲ့ စကားရပ်ဟာ စစ်ရေးအတွေ့အကြံုရှိသူ စစ်ရေးအတွေ့ အကြံုရှိဖူးသူကို ဆိုလိုခြင်း မဟုတ်ဘဲ နိုင်ငံအကြီးအကဲ တစ်ယောက်ဟာ ရှိသင့်ရှိထိုက်တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြံုရေးအတွက် လိုအပ်တဲ့ စစ်ရေးအမြင်ကို ဆိုလိုခြင်းသားဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အချို့နဲ့ ပြည်သူအချို့ကနားလည်မှု လွဲနေတာဖြစ်တဲ့ အတွက်ကြောင့် စစ်ရေးအမြင်အစား ကာကွယ်ရေးအမြင်လို့ ပြင်ဆင် လိုပါတယ်” ဟု ဆွေးနွေးခဲ့သည်။