ထိုင်းတွင် ရခိုင်အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရ

ထိုင်းတွင် ရခိုင်အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရ
by -
နိရဥ္စရာ

ထိုင်းနိုင်ငံတွင် ရခိုင်အမျိုးသမီး တစ်ဦး နိုဝင်ဘာလ ၁၆ ရက်နေ့က သတ်ဖြတ်ခံခဲ့ရသည်။

သတ်ဖြတ်ခံရသူမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို ့နယ်၊ အပေါက်ဝကျေးရွာ ချောင်းဝရပ်ကွက်မှ ဦးကျော်လှဝင်း၏ ဇနီးဒေါ်မလှခိုင်အသက် (၄၄) နှစ် ဖြစ်ကြောင်း သိရသည်။

သူမသည် ထိုင်းနိုင်ငံ တောင်ပိုင်း နခေါ်စိန်ဌာမရ မြို ့ (ခေါ်) စိန်ချွန်တွင် ပန်းရံအလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုင်းလူမျိုးတစ်ဦးမှ သတ်ဖြတ်ခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

၎င်းလူသတ်သမားသည် ဆိုင်ကယ်စီးလာပြီး ရေတောင်းသောက်ဟန်ပြုကာ အိမ်ထဲသို့ ၀င်လာပြီးနောက် ဒေါ်မလှခိုင်၏ ဦးခေါင်းအားရိုက်ပြီး ဓါးဖြင့် လည်ပင်းကို လှီးကာ ရွှေထည်ပစ္စည် ငါးမူသားနှင့်  ဘတ်ငွေ (၅၀၀၀) သူဆောင်သွားခဲ့သည်ဟု ဆိုသည်။

ယင်းပြင် လူသတ်သမားသည် ဒေါ်မလှခိုင်၏ အသက် ၁၂ နှစ်အရွယ် သမီး မအေးမြသွယ်အား မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ကြောင်း၊ သို့သော်လည်း အနီးအနားရှိ ပန်းရံလုပ်သားများမှ အချိန်မီ ကယ်တင်ခဲ့ရကြောင်း သူတို့က ဆိုသည်။

ယင်းမြို့တွင် ပန်းရံ လုပ်နေသူ မြန်မာနိုင်ငံသား ၁၇ ဦးခန့်ရှိကြောင်း သိရသည်။

လူသတ်သမားမှာ အသက် ၂၀ ခန့်ရှိ်သော ထိုင်းလူမျိုး တစ်ဦးဖြစ်ပြီး ယခုအခါ ထိုင်းရဲက ဖမ်းဆီးထားကြောင်း၊ သို့သော်လည်း ရဲအဖွဲ့မှ လူသတ်သမားမှာ စိတ်မနှံ့သူ တစ်ဦးဖြစ်သည်ဟု ဆိုကာ အမှုကို ဖျောက်ဖျက်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။

အခင်းဖြစ်သည့်နေ့က ခင်ပွန်းသည်နှင့် သားကြီး ဖြစ်သူမှာ အလုပ်သွားနေကြောင်း၊  အခင်းဖြစ်ပွားချိန်က အိမ်တွင် သေဆုံးသူ အမျိူ းသမီးနှင့် အတူ  ၁၂ နှစ်အရွယ် သမီးနှင့် ၁နှစ်ခွဲအရွယ် သားတစ်ဦးသာ အိမ်တွင်ရှိနေခဲ့ကြောင်း သိရသည်။

ဒေါ်မလှခိုင်၏အသုဘအလောင်းကို စိန်ချွန်ဆေးရုံအနီး ဝတ်ဘိဝိဘုန်းကြီးကျောင်းတွင် ထားရှိ သည်ဟု သိရသည်။

Most read this week