၄၃၆ ပြင်နိုင်ရေးက သမ္မတနှင့် ကာ/ချုပ်အပေါ် မူတည်ဟု သူရဦးရွှေမန်း ပြော

၄၃၆ ပြင်နိုင်ရေးက သမ္မတနှင့် ကာ/ချုပ်အပေါ် မူတည်ဟု သူရဦးရွှေမန်း ပြော
by -
မဇ္စျိမ

၂၀၀၈ ဖွဲ ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးတွင် အဓိကအကျဆုံးဖြစ်သည့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေး မှာ နိုင်ငံတော် သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို ့အပေါ်မူတည်နေသည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မဇ္စျိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြား သည်။

“၄၃၆ ကို တပ်မတော်သားတွေက မပြင်လိုဘူးလို ့ပြောတယ်၊ ဒါက သူတို ့အပိုင်းပါ၊ မိမိတို ့သဘောကတော့ ဖွဲ ့စည်းပုံအခြေခံ ဥပဒေကို ပြင်ရာမှာ ၄၃၆ ကို အဓိကထား စဉ်းစားဖို ့လိုတဲ့အတွက် အောင်မြင်အောင် ကြိုးစားသွားမှာဖြစ်တယ်။ အောင်မြင်ဖို ့အတွက် ကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဦးဆောင်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရှိတယ်၊ နောက်ပြီး အစိုးရအဖွဲ ့ကို ဦးဆောင်တဲ့ နိုင်ငံတော်သမ္မတ ရှိတယ်၊ သမ္မတအနေနဲ ့ တကယ်တမ်းကျတော့ တပ်မတော်အပေါ်မှာ ထိုက်သင့်တဲ့ သြဇာရှိသူဖြစ်တဲ့ အတွက် အောင်မြင်ရေးဟာ သူတို့အပေါ် မူတည်နေပါတယ်” ဟု သူက ပြောသည်။

Thuar-U-Shwe-Man

ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတတို ့၏ နိုင်ငံနှင့် နိုင်ငံသားတို ့အပေါ်ထားရှိသည့် စေတနာပေါ်တွင် မူတည်နေသည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် တပ်မတော်သားကိုယ်စားလှယ်များ သဘောတူ ထောက်ခံလာရေးအတွက် သမ္မတက ကာ/ချပ်နှင့်တွေ ့ဆုံညှိနှိုင်း လိုက်မည်ဆိုလျှင် အဆင်ပြေသွားမည်ဟု ပြောလိုပါသလားဟု ထပ်ဆင့်မေး သည့်အခါ  “ ဒါပဲလေ- ဒါပဲလေ သူတို ့ စေတနာပါရင် ပါတဲ့အလျောက် သူတို ့ခွင့်ပြုပေးရင် ပေးသလို ဖြစ် လာနိုင်ပါတယ်” ဟု လွှတ်တော်ဥက္ကဌက ဖြေကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံခြေခံဥပဒေပါ အရေးကြီး ပုဒ်မများအတွက် အစည်းအဝေးတက်ရောက်သော လွှတ်တော် ကိုယ်စားလှယ် ဦးရေ၏ ရ၅ ရာနှုန်းနှင့်အထက်၊ တစ်နည်းအားဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးနှင့် တပ်မတော်သားကိုယ်စားလှယ် အနည်းဆုံး နှစ်ဦးက ထောက်ခံမှ သာ ပြင်ဆင်ခွင့်ရမည်ဖြစ်သည်။

ထို ့ကြောင့် ၄၃၆ ကိုပြင်ဆင်လိုသည်ဆိုသော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် လွှတ်တော်တွင် ပြည်ခိုင်ဖြိုးအမတ် အားလုံးတို ့ထောက်ခံလာရန် ပါတီတွင်း စည်းရုံးမှုလုပ်မည်လား၊ သို့မဟုတ် ပြည်ခိုင်ဖြိုးအမတ်အားလုံးက ၄၃၆ ပြင်ဆင်ရေးကို မလွဲမသွေ ထောက်ခံလိမ့်မည် ဟု ပြည်သူများက မျှော်လင့်နိုင်ပါသလားဟု မဇ္စျိမက ထပ်ဆင့်မေးရာ “ပါတီဘက်က ၄၃၆ ပြင်ဆင်ရေးမှာ အပြည့်အဝ မဲထည့်ပေးဖို ့ ပြည်သူတွေ မျှော်လင့်ထားဖို ့လိုပါတယ်၊ ဖြစ်ခြင်း မဖြစ်ခြင်း (၄၃၆ ပြင်နိုင်ခြင်း မပြင်နိုင်ခြင်း)ကို ပြောရရင်တော့ ပါတီတွေက ထောက်ခံရုံနဲ ့တော့ မလုံလောက်ပါဘူး” ဟု သူရဦးရွှေမန်းက ဖြေကြားခဲ့သည်။

၇၅ ရာနှုန်းနှင့် အထက် ထောက်ခံမှသာ အတည်ပြုနိုင်မည်ဖြစ်၍ တပ်မတော်သား ကိုယ်စားလှယ် တို ့ပါဝင်ထောက်ခံမှု လိုအပ်သည်ကို သူက ရည်ရွယ်ပြောဆိုလိုက် ခြင်းဖြစ်သည်။