လာမည့် ဆယ်စုနှစ် အတွင်း အာဆီယံနိုငံ များ၏ အင်ဂျင်နီယာ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး အတွက် အာဆီယံ ၁၀ နိုင်ငံ ပူးပေါင်းရန် သဘောတူညီမှုရရှိခဲ့ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်က မဇ္ဈိမကို ပြောသည်။
နှစ်ရက်ကြာ ကျင်းပခဲ့သည့် Conference of ASEAN Federation of Engineering Organizations CAFEO 32 ပွဲမှ ဆွေးနွေးချက်များကို အခြေခံ၍ အင် ဂျင်နီ ယာလုပ်ငန်းနှင့် ပတ်သက်သောပညာရေး စနစ်များ အင်ဂျင်နီယာများ၏ အရည်အ သွေးအင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ နိုင်ငံ တကာအဆင့်မီ မှတ်ပုံတင် ဌာနများစသည်တို့တွင် အာဆီယံနိုင်ငံများမှ အင်ဂျင်နီယာများ တစ်ပြေးညီ အခွင့်အရေးများရရှိ စေ ရေးပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေး ထိုး ပွဲကို နို၀င်ဘာ ၁၂ ရက် ညနေပိုင်းက ဆီဒိုးနား ဟိုတယ်တွင်ကျင်းပခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံများမှ အင်ဂျင်နီယာ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုး ခဲ့ကြခြင်း ဖြစ်သည်။
“အာဆီယံနဲ့အရှေ့အာရှမှာရှိတဲ့ အင်ဂျင်နီယာ သန်း ၂၀ ရဲ့ အတွေ့အကြံုတွေကို ဖလှယ်ခွင့်ရမယ်။ ပြည် သူလူထုရဲ့ ဘဝ နေထိုင်မှု၊ သွားလာရေးကို မြှင့် တင်ပေးနိုင်ဖို့က အင်ဂျင်နီယာတွေရဲ့ လုပ်ငန်းဖြစ်ပါ တယ်” ဟု ဦးဝင်းခိုင်က ရှင်းလင်းသည်။
လက်ရှိသဘောတူညီချက်များအရ မြန်မာလူငယ်အင်ဂျင်နီယာများသည် အာဆီ ယံအင်ဂျင်နီယာ အလုပ် သင်မှတ်ပုံ တင်ခွင့် ASEAN Engineer Register မ ရရှိခဲ့သော်လည်း ပရော်ဖက်ရှင်နယ်အဆင့် Asean charter pro Enginee သို့ရောက်ရှိရန် ဆက်လက်ကြိုးစားသွားရမည်ဟု မြန်မာနိုင်ငံအင်ဂျင်နီ ယာအသင်း ဒု-ဥက္ကဋ္ဌ ဒေါ်စီသန်း က မဇ္ဈိမကို ပြောသည်။
“ ASEAN Charter Pro Engineer အဲဒါဆိုရင် ကိုယ့်ဘာသာ ရပ်တည်နိုင်ပါပြီ။ မြန်မာအင်ဂျင်နီ ယာ ကောင်စီက ပရိုလက် မှတ်ရထားပြီးမှ အာဆီယံ ပရိုအ ဆင့်ကို လျှောက်ထားနိုင်မှာပါ။ အဲဒါရပြီဆိုရင် ကိုယ့် ဘာသာကိုယ့် လုပ်ငန်းခွင်မှာ ခေါင်း ဆောင်အဖြစ်နဲ့ ရပ်တည်နိုင်မှာဖြစ်ပါ တယ်” ဟု ဒေါ်စီသန်းက ဆို သည်။
မြန်မာနိုင်ငံတွင် မြန်မာအင်ဂျင်နီယာ ကောင်စီအသိအမှတ်ပြု ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာ၁၂၀ ကျော်ရှိပြီး အာဆီယံအဆင့် မြန်မာအင်ဂျင်နီယာ၃၀ကျော် သာ ရှိသေးကြောင်း ဒေါ်စီသန်းကပြော ကြား သည်။