ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကို လေးကြိမ်မြောက်ရောက်ရှိခြင်းဖြစ်ပါတယ်။ ဆိုင်ကလုန်း နာဂစ်တိုက်ခတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ မြန်မာပြည်သူတွေ လိုအပ်မှုတွေကို ဖြစ်နေတဲ့ အချိန်မှာ ကုလသမဂ္ဂအနေနဲ့ သူတို့ဘက်က ရှိနေတယ်ဆို တာ ဖော်ပြဖို့ ရောက်ရှိလာခဲ့ပါတယ်။
မြန်မာမီဒီယာသမားတွေနဲ့ အခုလို စကားပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကို လေးကြိမ်မြောက်ရောက်ရှိခြင်းဖြစ်ပါတယ်။ ဆိုင်ကလုန်း နာဂစ်တိုက်ခတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ မြန်မာပြည်သူတွေ လိုအပ်မှုတွေကို ဖြစ်နေတဲ့ အချိန်မှာ ကုလသမဂ္ဂအနေနဲ့ သူတို့ဘက်က ရှိနေတယ်ဆို တာ ဖော်ပြဖို့ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေအပေါ် ကျွန်တော့် အနေနဲ့ထောက်ခံမှုတွေ ပြသဖို့ နှစ်ကြိမ်ထပ်ပြီး လာခဲ့ပါတယ်။ အခု လေးကြိမ်မြောက်လာတာဟာလည်း ဒီလိုထောက်ခံမှုတွေ အပြင် မြန်မာနိုင်ငံအနေနဲ့ အလွန်အရေးကြီး အာဆီယံရဲ့ ဥက္ကဋ္ဌ နေရာကို တာဝန်ယူထားချိန်မှာ ရောက်ရှိလာခြင်းဖြစ်ပါတယ်။
ကျွန်တော် မကြာသေးမီ အချိန်ကမှ သမ္မတ ဦးသိန်းစိန်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ အားလုံးပါဝင်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် ဖြစ်ပေါ်လာဖို့ အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ဆွေးနွေးခဲ့ပါတယ်။ အမျိုးသားပြန် လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့သလို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြောင်း အရာတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
အာဆီယံထိပ်သီးဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ကျွန်တော်သူ့ကို ချီးကျူးခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နယ်ပယ်အတော်များများမှာ တိုးတက်မှုတွေ ဖြစ်ထွန်းနေပါတယ်။ လူမှုစီးပွားဖွံ့ဖြိုးရေး အစီအစဉ်တွေမှာလည်း တိုးတက်မှုတွေ ဖြစ်ထွန်းနေပါတယ်။ ပါလီမန်အနေနဲ့ လူအခွင့်အရေးတွေကို အာမခံပေးနိုင်မယ့် ဥပဒေသစ်တွေကို ပြဌာန်းနိုင်ခဲ့ ပါတယ်။ နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးနိုင်ခဲ့ပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာ့အဆင့် ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း တိုးချဲ့နိုင်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်တွေ အောင်မြင်မှုရရှိခဲ့ပါတယ်။ ရလာဒ်တွေက ပြည်သူတွေရဲ့ဘဝအတွက် ခိုင်မာတဲ့ တိုးတက်မှုတွေ ရရှိစေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ လာမည့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီမှာ အရေးကြီးတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြန်လည်သင့်မြတ်ရေးဟာ အဓိက အရေးကြီးနေတဲ့ အကြောင်းအရာ တစ်ရပ်ဖြစ်နေသလို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ အကြောင်းအရာ တစ်ရပ်ဖြစ်နေပါတယ်။ အပေးအယူနဲ့ ညှှိနှိုင်းဆောင်ရွက်မှုဟာ အရေးကြီးပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တစ်နိုင်ငံလုံး အပြစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတစ်ရပ်အတွက် နောက်ဆုံး အဆင့်ကို ရောက်နေပါပြီ။ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပေါ်နေတယ်ဆိုတာဟာ အတိတ်ကာလက သဘောထား ရပ်တည်ချက်တွေကို အပြန်အလှန်ယုံကြည်မှုတွေနဲ့ ကျော်လွှားနိုင်ဖို့ လိုအပ်တယ်ဆို တာ ပြသနေတာပါပဲ။
ကမ္ဘာတစ်ဝန်းမှ နေရာအများအပြားမှာကဲ့သို့ မြန်မာနိုင်ငံသည်လည်း ရှုပ်ထွေးသော လူမှု-စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုများ ကို ဖြေရှင်းရာတွင် ကိုယ်တိုင်ကြိုးစားရုန်းကန်နေရသည်။ အထူးသဖြင့် ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ခြင်းနှင့် မတရားမှုများကိုနေ့စဉ်နှင့် အမျှရင်ဆိုင်နေရသော လူနည်းစုအသိုင်း အဝိုင်းများအပါအဝင် မြန်မာပြည်သူအားလုံး၏ ဘဝလူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန်အောင် ပြု လုပ်ရေး ပြသနာမှာ ကုလသမဂ္ဂ၏ အဓိကစိုးရိမ်မှု တစ်ခု ဖြစ်သည်။ ကုလက အားနည်းသူများ၏ အခွင့်အရေးကို ထောက်ခံပြီး ပို၍မျှတသော၊ ပို၍ဂုဏ်သိက္ခာရှိသောဘဝကိုပိုင်ဆိုင်စေရန်ကူညီသည်။ ရိုးရှင်းစွာဆိုရလျင် ကုလသည် ပြည်သူအားလုံး၏ သာယာဝပြောရေးနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိသည်။ ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးမှာ ဒုက္ခများ ခံစားနေသည်။
လူ့အသိုင်းအဝိုင်းနှစ်ခုစလုံးမှာ အခွင့်အရေးများ ချိုးဖောက်ခံနေရသည်။ နှစ်ပေါင်းများစွာ အထီးကျန်ထားရှိခံ ရမှုက ရခိုင်ပြည်နယ်ကို ဒုတိယမြောက် အဆင်းရဲဆုံးပြည်နယ်ဖြစ်စေခဲ့သည်။
ကျွန်တော် အဓိကထား ပြောချင်တာကတော့ ရခိုင်ပြည်နယ်က ပြည်သူတွေအားလုံးရဲ့ အခွင့်အရေးကို လေး စားခံရနိုင်တယ်လို့ ကုလကမျှော်လင့်ပါတယ်။ နောက်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ပြည်သူတွေအားလုံး ဆီဆောင်ကျဉ်းလာနိုင်တယ်။
ဒါ့ကြောင့် ပြည်တွင်းမှာ အိုးအိမ်ပစ်ထွက်ပြေးနေရတဲ့သူတွေကို လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပံ့ပိုးမှုတွေအပြင် ကုလအနေနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို တိုးမြင့်ပေးသွားမှာဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာဝေါဟာရအပေါ် အာရုံးစိုက်နေလို့ကတော့ ပြသနာကို ရှင်းလို့ရမှာမဟုတ်ပါဘူး။ ဒီပြသနာတွေကို နိုင်ငံရေးဖြေရှင်းနည်းတွေအပြင် လိုအပ်နေတဲ့သူတွေ၊ ဒုက္ခခံစားနေရတဲ့သူတွေဆီ လူသားချင်းစာနာမှုနဲ့ ဖွံ့ဖြိုးရေးအကူအညီတွေ ပေးခြင်းတွေကသာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
လူ့အသိုင်းအဝိုင်းနှစ်ခုရဲ့ စိုးရိမ်မှုတွေ ပြေပျောက်ဖို့ အချိန်ရောက်ပါပြီ။ ကျွန်တော်ဆိုလိုတာက ရခိုင်အသိုင်းအဝိုင်းနဲ့ ဘင်္ဂလီပဲခေါ် ရိုဟင်ဂျာပဲ ခေါ် အသိုင်းအဝိုင်းပါ။ ပြီးတော့ သူတို့ရဲ့ဒုက္ခတွေကို ကိုင်တယ်ဖြေရှင်းပြီး သူတို့ရဲ့လူ့အခွင့်ရေးကိုလည်း မြင့်တင်ဖို့ အချိန်ရောက်ပါပြီ။ အဲဒီလိုသာ မလုပ်နိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ တွေ့မြင်နေရတဲ့ ကမ္ဘာ့အစိတ်အပိုင်းတွေမှာလို ပြည်တွင်း လူ့အသိုင်းအဝိုင်းတင်းမားမှုဟာ ကြီးထွားလာပြီး အနာဂတ် မတည်ငြိမ်မှုအတွက် မျိုးစေ့တွေကြဲထားသလိုသာ ဖြစ်ပါလိမ့် မယ်။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာက အကူအညီတွေရဖို့ ကျွန်တော်တတ်နိုင်သမျှ ဆောင်ရွက်သွားမယ်ဆိုတာ ကတိပြုပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရနဲ့ပြည်သူတွေဟာ နောက်ကြောင်းမပြန်နိုင်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ပြုလုပ်ရမှာဖြစ်သလို ငြိမ်းချမ်းရေးနဲ့ ကျယ်ပြန့်တဲ့ဖွံ့ဖြိုးတက်မှုရဲ့ အသီးအပွင့်တွေကိုလည်း ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ အစိုးရဟာ အခုဆိုရင် ဒီပြသနာတွေ အားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကျယ်ပြန့်တဲ့ လုပ်ငန်းဆောင်မှု အစီအစဉ်တစ်ခုကို ချပြဖို့ အသင့်ဖြစ်နေပါပြီ။ ရခိုင်မှာ ရှုပ်ထွေးတဲ့ ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းရမှာ အောင်မြင်မှုရလိမ့်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါမှ လူ့အဖွဲ့အစည်းအားလုံးဟာ လုံခြံုတဲ့၊ ဂုဏ်သိက္ခာရှိတဲ့၊ မျှော်လင့်ချက်ရှိတဲ့ အနာဂတ်ကို မျှော်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကြိုးပမ်းအားထုတ်ရာမှာ ကူညီဖို့ ကုလက အသင့်ရှိနေပါတယ်။