CNF အခြေစိုက်နယ်မြေအတွင်း မြန်မာ့တပ်မတော် သွားရောက်မည်

CNF အခြေစိုက်နယ်မြေအတွင်း မြန်မာ့တပ်မတော် သွားရောက်မည်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်အတွင်း ချင်းလက်နက်ကိုင် CNF အဖွဲ့၏ ယာယီအခြေချနေထိုင်မှု နှင့် နှစ်ဖက်တပ်များ ခင်မင် ရင်းနှီးမှု ရရှိစေရန်အတွက် ချင်းအမျိုးသားတပ်မတော် အခြေစိုက်ရာ နယ်မြေသို့ မြန်မာ့တပ်မတော် သွားရောက် မည်ဟု သိရ သည်။

ဟားခါးမြို့အခြေစိုက် ခလရ(၂၇၄) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်ဦးလှိုင် ဦးစီးပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ ချင်းအမျိုးသား တပ်မတော် ယာယီအခြေစိုက်ရာ ထန်တလန် မြို့နယ်၊ ဗန်ဇန် တောင် ကြောသို့ စစ်ကြောင်းဖြင့် လှည့်လည်ကြမည်ဖြစ်သည်ဟု သိရသည်။

” နိုဝင်ဘာလ ၉ ရက်နေ့က ချင်းပြည်နယ် နယ်စပ်ရေးရာလုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးမှ တဆင့် အကြောင်းကြား စာပေးပို့လာတယ်၊ ဒီကိစ္စကို ကျတော်တို့ ဖက်က အကြောင်း မပြန်သေးပါ ” ဟု CNF ခေါင်းဆောင် တစ်ဦးကပြောသည်။

မြန်မာ့တပ်မတော်စစ်ကြောင်းသည် ထန်တလန်မြို့နယ် လုံလဲရ် တပ်စခန်းမှ ချင်းအမျိုးသားတပ်ဦး၊ တပ်မတော် အခြေစိုက်ခွင့်ပြုရာ ဗန်ဇန် တောင်ကြောရှိ လုံဒိန်း၊ တလန်ပီး၊ တလန်လို၊ ဖာရောန်၊ ဗန်ဇန်း၊ ဆိုပုမ်း၊ ဆိမှု ကျေးရွာ အသီးသီးသို့ ရ ရက်ကြာ လှုပ်ရှားကြမည်ဖြစ်ပြီး နှစ်ဖက်တပ်များ ခင်မင်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ် သည်ဟု သိရ သည်။

CNF နဲ့ အစိုးရ အကြား ပထမအကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးသ ဘောတူညီချက် ၂ (ဃ) တွင် CNF/A ယာယီအခြေပြုနေထိုင်သည့် နယ်မြေ အတွင်း မြန်မာ့ တပ်မတော် နှင့် ရဲတပ်ဖွဲ့ဝင်များသည်၊ အဆိုပါသတ်မှတ် နယ်မြေအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကို အထောက်အကူ ပြုမည့် လုပ်ငန်းများ လုပ်ဆောင်ရန် ဝင် ရောက်ဖြတ် သန်းလိုပါက၊ အနဲဆုံး (၅) ရက်ကြိုတင် အကြောင်း ကြားခြင်း ပြုလုပ်ရမည်ဖြစ်ပြီး၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိပြီးမှသာ ဝင်ရောက်ဖြတ်သန်း သွားလာခြင်းပြုလုပ်ရမည်။

ထိုသို့ ဖြတ်သန်း သွားလာရာတွင် (၂၄) နာရီ ထက်ပိုပြီး နေထိုင်ခြင်းမပြုလုပ်ရ၊ ထိုသို့ဖြတ်သန်းသွားလာရာတွင် သတ်မှတ်လမ်းကြောင်း ကိုသာ အသုံးပြုရန်နှင့် သတ်မှတ် နယ်မြေ အတွင်းသို့ လက်နက်များယူဆောင်ခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ခြင်း၊ (Surveillance) ပြုလုပ်ခြင်း များ မပြုလုပ်ရန် သဘောတူထားကြသည်။

မြန်မာ့တပ်မတော်သားများသည် CNF နဲ့ ငြိမ်းချမ်းရေး ရယူပြီးနောက်ပိုင်း CNF အခြေချခွင့်ပြု ရာ နယ်မြေသို့ နှစ်ကြိမ် ၀င်ရောက်ခဲ့ပြီးဖြစ်သည်။

CNF သည် သမ္မတ ဦးသိန်းစိန်ဦးဆောင်သော မြန်မာအစိုးရ နှင့် ၂၀၁၂ ခုနှစ်က အပစ်အ ခတ်ရပ်စဲရေး သဘော တူညီချက် လက်မှတ်ရေး ထိုးပြီးနောက် နှစ်ဖက်သဘော တူစာချုပ်အ တိုင်း ချင်းပြည်နယ် ထန်တလန်မြို့နယ် နှင့် တီး တိန်မြို့နယ်တို့တွင် ယာယီအခြေ ချနေထိုင်ခဲ့ကြ သည်။