ပင်လယ် ထဲမျောပါသည့် ကျားဖောင် ၂၀၀ ဝန်းကျင်ပေါ်မှ ရေလုပ်သားများ ပျောက်ဆုံး

ပင်လယ် ထဲမျောပါသည့် ကျားဖောင် ၂၀၀ ဝန်းကျင်ပေါ်မှ ရေလုပ်သားများ ပျောက်ဆုံး
by -
မဇ္စျိမ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် ပင်လယ်ပြင်တွင် မျောပါခဲ့ရ သည့်  ဖျာပုံခရိုင် ကျေးရွာလေး အုပ်စုမှ ပျောက်ဆုံးနေဆဲ ကျားဖောင် ၂၀၀ ၀န်းကျင်နှင့် အတူ ပျောက်ဆုံးခဲ့ သည့် ရေလုပ်သားများထဲမှ ရေလုပ်သား ၄၅၀ကို မြန်မာ့တပ်မတော်(ရေ)မှ ကယ် ဆယ်ထားပြီးဖြစ်သည်ဟု လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ တိုင်းဦးစီးမှူးဦးကြည်သာ က ပြောသည်။

တပ်မတော်(ရေ)မှ နို၀င်ဘာ ၈ ရက်တွင် ရေလုပ်သား၂၅၂ဦးကိုလည်းကောင်း၊ နို၀င်ဘာ ၉ ရက်တွင် ရေလုပ် သား ၁၇၄ ဦးကို လည်းကောင်းနှင့် နိုဝင်ဘာ ၁၀ ရက်တွင် ရေလုပ်သား၂၀ကျော်ကို လည်းကောင်း ကယ် တင်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

Myawaddy

မြန်မာ့တပ်မတော်(ရေ)မှ ကယ်ဆယ်ခဲ့သည့် ကျားဖောင်ရေ လုပ်သား ၄၅၀ တွင် ၎င်းတို့ ကျားဖောင် များတွင် အလုပ်လုပ် ကိုင်သည့် ရေလုပ်သားများ ဟုတ်၊မ ဟုတ်ကိုမူ ကြည့်ရှု့ခွင့်မရသဖြင့် ရေလုပ်သား များ၏ မိသားစုများသို့ ရှင်းလင်းပြော ကြားရန် အခက်အခဲဖြစ်နေရသည်ဟု ဖျာပုံခရိုင်၊ ဒေးဒ လူကျေးရွာမှ ကျား   ဖောင်လုပ်ငန်းများအသင်း ဥက္ကဌ ဦးမိုးကျော်အောင်က ဆိုသည်။

"ရေလုပ်သားတွေပြန်တွေ့တယ်ကြားလို့ သွားတာရှာဖွေကြည့်ရှုခွင့်မရခဲ့ဘူး၊ လူမှုဝန်ထမ်းနဲ့ အစိုးရအဖွဲ့က တိုက်ရိုက်ပြန်ပို့တော့ ကျားဖောင်လုပ်ငန်းရှင်တွေက အကျိုးအကြောင်း သိခွင့်မရဘူး။ ရေလုပ်သားတွေ ရဲ့မိသားစု တွေကလည်း လုပ်ငန်းရှင်တွေ ဆီပဲလာမေးတော့ ဖြေပေးဖို့ခက် တယ်။ ဖြစ်နိုင်ရင်တော့ ရေလုပ် သားတွေပြန်တွေ့ရင် လုပ်ငန်းရှင်တွေနဲ့တိုက်ရိုက်ပေးတွေ့ပြီးမှ ပြန်လွှတ်ဖို့ ကောင်းတယ် "ဟု ၎င်းက ပြောသည်။

ပျောက်ဆုံရေလုပ်သားများ ပြန်လည်ရှာတွေ့ပါက ကျားဖောင် လုပ်ငန်း ရှင်များနှင့် တိုက်ရိုက် တွေ့ဆုံ ခွင့်ပြုရန် ကျားဖောင်လုပ် ငန်းရှင်များက တင်ပြမည်ဖြစ် သည်။

အဆိုပါ ကယ်ဆယ်ခဲ့သည့် ကျားဖောင်ရေလုပ်သားများကိုသက်ဆိုင်ရာ ကျားဖောင်လုပ်ငန်းရှင်များနှင့် တွေ့ ဆုံခွင့်ရရန်အတွက်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ဆက်လက်ဆောင်ရွက်သွားမည်ဟု တိုင်းဦးစီးမှူးဦးကြည်သာက ပြောသည်။

"ရေလုပ် သားတွေကို ခရီးစရိတ် အသုံးအ ဆောင်တွေပေးပြီး နေရပ်ကိုပြန် လွှတ်မှာပါ။ လုပ်ငန်းရှင် နဲ့တွေ့ဆုံတာကို သက်ဆိုင်ရာ ၀န်ကြီးဌာနက ဆက်လက် လုပ်ဆောင်မှာပါ  "ဟု ၎င်းက ပြောသည်။

မုန်တိုင်းကြောင့် ကျားဖောင်များ ပျက်စီးပျောက်ဆုံးခြင်း၊ ရေလုပ်သားများ ပြန်လည်ရောက်ရှိ မလာခြင်းတို့နှင့် ပတ်သက်၍ ကျားဖောင်လုပ်ငန်းရှင်များစုပေါင်း ကာ ဒေသဆိုင်ရာအာဏာပိုင်များ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးလုပ်ငန်းဦးစီးဌာနသို့ တင်ပြမည်ဖြစ်သည်။

ကျားဖောင်တစ်ခုလျှင် ရေလုပ်သား လေးဦး(သို့မဟုတ်)နှင့် လှေဦးစီးတစ်ဦးတို့လိုက်ပါလေ့ရှိပြီးမုန် ၏တိုင်းကြောင့်ပင်လယ်ပြင်တွင် မျောပါသည်မှာခါးပြတ်ကျေး ရွာအုပ်စုမှ ကျားဖောင်ပေါင်း ၃၀၀ ၀န်းကျင်ရှိခဲ့သော်လည်း ပြန်လည်ရောက်ရှိလာသည့် ရေလုပ်သားများနှင့် ပြန်လည်ရရှိသည့်ကျားဖောင်များကြောင့်လက်ရှိ တွင်  ပျောက်ဆုံးကျားဖောင် ၁၄၀ ခန့်သာရှိပြီး ခန့်မှန်းအားဖြင့် ရေလုပ်သား ၄၀၀ ကျော် ပျောက်ဆုံးနေသည်ဟု ခါးပြတ်ကျေးရွာအုပ်စုမှ ကျားဖောင်လုပ်ငန်း ရှင်ဦးကျော်ဝင်းက ဆိုသည်။

 ဦးကျော်ဝင်းက "ရေလုပ်သားအားလုံး ပျောက်ဆုံးနေတယ်လို့လည်း ပြောလို့မရဘူး။တစ်ချို့ကခရီးစရိတ် ယူပြီး ပြန်သွားကြတာမျိုးလည်းရှိတတ်တော့ဘယ်နှစ် ဦးလောက်ပျောက်တယ်ဆိုတာမျိုး ပြောဖို့ခက်တယ် "ဟုပြောသည်။

မုန်တိုင်းကြောင့် ဒေးဒလူကျေးရွာအုပ်စုမှ ကျားဖောင် ၂၅ဖောင် ပျောက်ဆုံးခဲ့သည်ဟု ဒေးဒလူကျေး ရွာမှ ကျားဖောင်လုပ်ငန်းများအသင်း ဥက္ကဌ ဦးမိုးကျော်   အောင်က ဆိုသည်။

အခြားကျေးရွာအုပ်စုများဖြစ်သည့် ဖျာပုံမြစ်ကမ်းကျေးရွာ အုပ်စု၊နောက်မီးကျေးရွာအုပ်စုမှ စာရင်း အတိအကျကိုမူ အဆိုပါ ကျေးရွာအုပ်စုနှစ်ခုမှ လုပ်ငန်းရှင် များအသင်းနှင့် ဆက်သွယ်၍ မရသည့်အတွက် မသိရပေ။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းကြောင့် မုန်တိုင်း ငယ်ကြောင့် ရန်ကုန်မြစ်ဝနှင့် ဒဂုံမီးပြကြားတွင် ရှိသော ပင်လယ်ပြင်တွင် ဗဟိုပြု၍ငါးဖမ်းလုပ်ငန်းဆောင် ရွက်နေသည့်ကျားဖောင်ရေလုပ်သားများ လေပြင်းမုန်တိုင်းအရှိန်ကြောင့် နိုဝင်ဘာလ၆ရက်တွင်ပင်လယ်ပြင် တွင် မျှောပါခဲ့ခြင်းဖြစ်သည်။

ထိုသို့မျောပါခဲ့သည့် ရေလုပ်သားများထဲမှ ၄၅၀ကို  သုံးရက်အတွင်း တပ်မတော်(ရေ)မှ ကယ် ဆယ်နိုင်ခဲ့ပြီး ဆက်လက်ရှာဖွေ မှုများ ပြုလုပ်နေသည် ဟုလည်း   နိုင်ငံပိုင်သတင်းများတွင် ဖော်ပြထား သည်။