ကာကွယ်ရေးဝန်ကြီး ဌာနသည် မူလတင်ပြ တောင်းခံထားသော ဘတ်ဂျက်ငွေများအပြင် စစ်ရေးလေ့ကျင့်မှုနှင့် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခြင်းနှင့် အခြားသောပစ္စည်းများ ဝယ်ယူရခြင်းတို့ကြောင့် ထပ်တိုးငွေ တောင်းခံရခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် က ပြည်ထောင်စု လွှတ်တော်တွင် ရှင်းသည်။
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က “ဘာကြောင့် တိုးမြှင့်တောင်းသလဲ ဆိုတဲ့နေရာမှာ သာမန်အသုံးစရိတ် အပိုင်းမှာတော့ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့် ခန်းဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ စက်သုံးဆီ ၀ယ်ယူဖို့၊ အလားတူပဲ လျှပ်စစ်ဓာတ်အားခ စျေးနှုန်းတိုးမြှင့်တဲ့အတွက် မူလ BE မှာ မပါ၀င်ခဲ့ တဲ့ လျှပ်စစ်ဓာတ်အားခ ပေးချေဖို့ အတွက် စုစုပေါင်း ၃၁ ဘီလီယံ သုံးစွဲရပါတယ်” ဟု ဆိုသည်။
ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုတို့တွင် လိုအပ်သော စက်သုံးဆီ များအတွက် ၁၂ ဘီလီယံ၊ တိုးမြှင့်ကောက်ခံခဲ့သော လျှပ်စစ်ဓာတ်အားခအတွက် ၁၉ ဘီလီယံနှင့် ငွေလုံးငွေရင်း သုံးစွဲရာတွင်လည်း မမျှော်လင့်ဘဲ ယခုကာလမှ ကာကွယ်ရေးအတွက် ၀ယ်ယူရသည့် ပစ္စည်းများရှိခဲ့ခြင်းကြောင့် တောင်းခံ ခြင်းဖြစ်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက ဖြည့်စွက်ပြောသည်
၂၀၁၄-၂၀၁၅ BE ခွင့်ပြုငွေ ပြုပြင်ပြီးခန့်မှန်းခြေ တင်ပြသည့် ငွေတွင် ကာကွယ်ရေကြီးဌာန အပါအဝင် အချို့သော ဝန်ကြီးဌာနများလည်း သက်မှတ်ထားသည့် ရှစ်ရာခိုင်နှုန်းကျော်လွန်နေပြီး ကာကွယ်ရေး ၀န် ကြီးဌာန တင်ပြတောင်းခံငွေထဲတွင် စစ်ဆင်ရေးအသုံးစရိတ် ကျပ်သန်းတစ်ရာလည်း ပါဝင်သည်။
၎င်းက “စစ်ဆင်ရေး အသုံးစရိတ်သန်းတစ်ရာ တင်ပြခြင်းကလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ မှာရှိတဲ့ တပ်မတစ်ခုရဲ့ စစ်ဆင်ရေးနယ်မြေက စခန်းသုံးခုမှာ ကွန်ကရစ်ဘန်ကာ တည်ဆောက်မှုနဲ့ ကွန် ကရစ်တိုင်နဲ့ ခြံစည်းရိုး သုံးထပ်ကာတဲ့ လုပ်ငန်းအတွက်ကို တိုးမြှင့်ပြီးတော့ တင်ပြတောင်းခံခြင်း ဖြစ်ပါ တယ်” ဟု ရှင်း ပြသည်။
ယင်းစစ်ဆင်းရေးအသုံးစရိတ် တောင်းခံခြင်းနှင့် ပတ်သက်ပြီး ငြိမ်းချမ်ရေး လုပ်ငန်းစဉ်နဲ့ ထိခိုက်မှုမရှိနိုင် သည့်အပြင် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်က ရှင်းလင်းတင်ပြထားခဲ့ပြီး နိုင်ငံတော်အတွက် ကာ ကွယ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အပေါ်သုံးစွဲသင့် သုံးစွဲထိုက်သည်ကို မသုံးစွဲပါက နိုင်ငံတော် ကာ ကွယ်ရေး စောင့်ရှောက်ရန် ပျက်ကွက်သည့် အနေအထား ဖြစ်ခြင်းကြောင့် စဉ်းစားဆုံးဖြတ်ပေးရန် လည်း ၎င်းက လွှတ်တော်သို့ တောင်းဆို လိုက်သည်။
ကာကွယ်ရေးဝန်ကြီးဌာနက ထပ်တိုးတောင်းခံငွေသည် ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၄၉ ရာခိုင်နှုန်းရှိပြီး ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုသော ငွေကြေးပေါ်မူတည်ပြီး မှန်မှန်ကန်ကန် သုံးစွဲသွားမည်ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က လွှတ်တော်တွင် ကတိပြုခဲ့သည်။