ကမ်းပါးပြိုကျမှု ထိန်းသိမ်းမည့် ဝန်ထမ်းသုံးဦး ကမ်းပါးပြိုကျ၍ ရေထဲမျှောပါသွား

ကမ်းပါးပြိုကျမှု ထိန်းသိမ်းမည့် ဝန်ထမ်းသုံးဦး ကမ်းပါးပြိုကျ၍ ရေထဲမျှောပါသွား
by -
မဇ္စျိမ

ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျနေမှုကို ထိန်းသိမ်းမည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဝန်ထမ်းသုံးဦးမှာ နိုဝင်ဘာ ရ ရက် နံနက်က စစ်ကိုင်းတိုင်း မော်လိုက် ခရိုင် ဖောင်းပြင်မြို့နယ် ကြို့ကုန်းကျေးရွာ အနီးတွင် တိုင်းတာမှုလုပ်ငန်းများလုပ်ရင်း မြစ်ကမ်းပါးပြိုကျ ၍ ရေထဲ မျောပါသွားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဦးမြတ်မင်းထွန်း( AE ) နှင့် တိုင်းတာရေး ၀န်ထမ်းနှစ်ဦးတို့သည် MGRG  ရေယာဉ်အသင်းမှ ကျော်ဇင်ဝင်း အမြန်ရေယာဉ်ဖြင့် တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကမ်းပါးပေါ်သို့ တက်ရောက်စဉ် ကမ်းပါးပြိုကျခဲ့ရာ ၎င်းဝန်ထမ်းသုံးဦးနှင့်အတူ တိုင်းတာရေး ပစ္စည်းများဖြစ်သော Level (၁)ခု၊ GTSအထိုင်စက်(၁)လုံး၊  Trantucer Mornitor GSM နှင့် စာရွက်စာတမ်းများ၊ ခရီးဆောင်အိတ်များ ရေထဲ၌ မျောပါသွားခဲ့သည်။

ရေယာဉ်လုပ်သားများက ကယ်ဆယ်ခဲ့ရာ တိုင်းတာရေးဝန်ထမ်းသုံးဦး၏ အသက်ကို ကယ်ဆယ်ခဲ့သော်လည်း အခြားပစ္စည်းများကိုမူ ဆယ်ယူနိုင်ခဲ့ခြင်းဘဲ ပစ္စည်းတန်ဖိုး ၄သိန်းခန့် ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

တိုင်းတာရေးပစ္စည်းများ ဆုံးရှုံးခဲ့ရသည့်အတွက် လုပ်ငန်းများ ယာယီရပ်ဆိုင်းထားရသော်လည်း ကလေးဝမြို့ နယ် ရေအရင်းအမြစ်ဌာနမှ တိုင်းတာရေး ပစ္စည်းများ ရောက်ရှိလာပါက တိုင်းတာရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။