ကိုပါကြီးအလောင်းတူးဖော်ရန် ဇနီးဖြစ်သူကို ရဲတပ်ဖွဲ့ ဆင့်ခေါ်ပြီ

ကိုပါကြီးအလောင်းတူးဖော်ရန် ဇနီးဖြစ်သူကို ရဲတပ်ဖွဲ့ ဆင့်ခေါ်ပြီ
by -
မဇ္စျိမ

 အစိုးရတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး၏ အလောင်း ကို ယခုလ ၅ရက်တွင် ပြန် လည်တူးဖော်မည်   ဖြစ်သောကြောင့် မတူးဖော်မီတစ်ရက်အလိုတွင် ကျိုက်မရောမြို့မ ရဲစခန်းသို့ လာရောက်ရန် သေဆုံးသူ ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာကို နိုဝင်ဘာ၂ရက်နေ့ ရက်စွဲဖြင့် ရဲစခန်း က ဆင့်ခေါ်လိုက်သည်။

ကိုပါကြီး၏ အလောင်းအား မြေမြုပ်ထားသည့် ရွှေဝါချောင်းကျေးရွာသို့ နိုဝင်ဘာ ၅ရက်တွင် သွားရောက်တူးဖော်မည်ဖြစ်သည့်အတွက် လိုအပ်ချက်များ၊ ဖြည့် စွက်စစ်ဆေးမှုများ စစ်ဆေးနိုင်ရေးအတွက် စခန်းသို့ လာရောက် ရန် အကြောင်းကြားစာတွင် ရေးသားထားသည်။

ကိုပါကြီးသည် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် DKBA အဖွဲ့၏ ကလို့ ထူးဘော ကရင်အစည်းအရုံး (KKO) စောဆန်း အောင်အဖွဲ့မှ ဗိုလ်ကြီးအဆင့် ပြန် ကြားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး တပ်မတော်က ဖမ်းဆီးထားစဉ် ကင်းစောင့်စစ်သားထံမှ လက်နက်လုယူ ထွက်ပြေးသောကြောင့် ကင်းစောင့်စစ်သားက ပစ် ခတ်ဖမ်းဆီးရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ကာကွယ်ရေးဌာနမှ အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကိုပါကြီးသေဆုံးမှုကို အမျိုးသားလူ့အခွင့် အရေးကော်မရှင်က စတင်စစ်ဆေးနေပြီး မွန်ပြည်နယ်သို့ သွားရောက် စစ်ဆေးမှုများ ပြုလုပ်နေပြီဟု ကော်မရှင် ဒုတိယ ဥက္ကဌ ဦးစစ်မြိုင်က နိုဝင်ဘာ ၂ ရက် တွင် မဇ္စျိမကိုပြောသည်။