‘နယ်မြေ တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့’ ဖွဲ့ရန် SSPP အား ဦးသိန်းဇော် ပြော

‘နယ်မြေ တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့’ ဖွဲ့ရန် SSPP အား ဦးသိန်းဇော် ပြော
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဉက္ကဌ (၂) ဦးသိန်းဇော် တို့ အောက်တိုဘာလ ၁၈ရက်နေ့ မွန်းလွဲပိုင်းက လားရှိုးမြို့ ရမခ စစ်တိုင်းရုံး ရွှေလီ ရိပ်သာ၌ တွေ့ဆုံ ကြသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် စစ်တိုင်းရုံး ရွှေလီခန်းမတွင် ဦးသိန်းဇော်ခေါင်းဆောင်သောအဖွဲ့က သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နယ်မြေအငြင်းပွားနေမှု ထိပ်တိုက်ဖြစ်ပွားမှုများအား ရှော့ချနိုင်ရန် ‘နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးရေးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့’ ဖွဲ့စည်းရန် တိုက်တွန်းဆွေးနွေးသည်ဟု ဆိုသည်။

U Thein Zaw

“အဲဒီကော်မတီမှာ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ ၊ သျှမ်းပြည်နယ် ရဲမှူးကြီး တွေ၊ တိုင်းမှူးတွေ စသဖြင့်ပါစေမယ်ပေါ့၊ နောက်ပြီး SSPP/SSA ဘက်ကလည်း ဗိုလ်မှူးကြီးအဆင့်တွေ ပါစေမယ်။ အဲဒီလိုဖွဲ့ရင်တိုက်ပွဲတွေရှော့ချနိုင်မယ်လို့ပြောတယ်။ ကျနော်တို့ ဘက်ကတော့ ဘာမှ ကတိပေးမ သွားဘူး” - ဟု SSPP အရာရှိတဦးကပြောသည်။

သီးခြားအတည်ပြုချက်မရသည့်သတင်းအရ ဦးသိန်းဇော်နှင့်အဖွဲ့က သျှမ်းပြည်တပ်မတော်အား တပ်များဖယ်ရှားပေးရန် ထပ်မံဖိအားပေး ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့မှုအပေါ် ကျောသပ်တောင်းပန် စကားပြောကြားခဲ့ သည်ဟုဆိုသည်။

သျှမ်းပြည်တပ်မတော် နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးလက်မှတ်ရေးထား ပြီးဖြစ်သည်။

Most read this week