အီတလီနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ယုံကြည်စွာဖြင့် လုပ်ငန်းများ လာရောက်ရင်းနှီးမြုပ်နှံကြရန် ဖိတ်ခေါ်လိုက်သည်ဟု အီတလီနိုင်ငံရောက် မြန်မာသမ္မတ ဦးသိန်းစိန် ၏ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
အီတလီနိုင်ငံ၊ တူရင်မြို့သို့ရောက်ရှိနေသည့် သမ္မတဦးသိန်းစိန်က Circolo Union Industriate ကွန်ဗင်းရှင်းစင် တာတွင် အီတလီနိုင်ငံ၏ ထိပ်သီးစီးပွားရေးလုပ်ငန်းများမှ အမှုဆောင် အရာရှိချုပ်များနှင့် တွေ့ ဆုံစဉ် အထက်ပါ အတိုင်း ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးခြင်းသည် မြန်မာနိုင်ငံ၏ အသွင်ကူးေ ပြာင်းရေးဖြစ်စဉ် အောင်မြင်အောင် ကူညီပေးခြင်းပင်ဖြစ်သည်ဟု သမ္မတ ဦးသိန်းစိန်က ပြော ဆိုခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြပါရှိသည်။
မြန်မာနို်င်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် စိန်ခေါ်မှုအချို့ရှိနေသည်ဟု အစိုးရသက်တမ်း တစ်နှစ်ကျော်သာ ကျန်တော့သည့် သမ္မတ ဦးသိန်းစိန်က အီတလီစီးပွားရေးလုပ်ငန်းရှင်များကို ထုတ်ဖော်ပြော ဆိုလိုက်သေးသည်။
မြန်မာ့စီးပွားရေး ကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းကောင်းများ ရှိသကဲ့သို့ ဖြေရှင်းရမည့် စိန်ခေါ်မှုများရှိနေသည်ဟု သမ္မတက ဆိုသည်။
နှစ်ပေါင်းများစွာ နိုင်ငံတစ်ကာ၏ စီးပွားရေးပိတ်ဆို့မှုခံခဲ့ရသည့် မြန်မာနိုင်ငံသည် သမ္မတဦးသိန်းစိန်အစိုး ရလက် ထက်တွင် စီးပွားရေးပိတ်ဆို့မှုများ ဖြေလျော့ပေးခဲ့သည်။ ပိတ်ဆို့မှုများ ဖြေလျော့ပေးခြင်း၏ အကျိုးဆက်အနေ ဖြင့် ကုန်သွယ်မှုအထူးအခွင့်အရေးများ ပြန်လည်ရရှိခဲ့သည်။
ကျန်ရှိတော့သည့် သက်တမ်းအတွင်း တတိယအဆင့်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြင့် လုပ်ဆောင်တော့မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုထားသလို နိုင်ငံလူဦးရေ၏ ရ၀ ရာခိုင်နှုန်းရှိသည့် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်မည်ဟုလည်း ကြွေးကြော်ထားသည်။