လေးလခန့်အတွင်း အကြမ်းဖက်ပြစ်မှုဖြင့် နိုင်ငံသား ၃၁ ဦးကို အရေးယူထား

လေးလခန့်အတွင်း အကြမ်းဖက်ပြစ်မှုဖြင့် နိုင်ငံသား ၃၁ ဦးကို အရေးယူထား
by -
မဇ္စျိမ

၂၀၁၄ ခုနှစ် ဇူလိုင်လမှ စ၍ အောက်တိုဘာလအထိ လေးလခန့်အတွင်း အကြမ်းဖက် ပြစ်မှုဖြင့် အရေးယူထားသော မြန်မာနိုင်ငံသား ၃၁ ဦး ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၎င်းတို့ကို  အကြမ်းဖက်မှု ဥပဒေများဖြစ်သည့် အရေးပေါ် စီမံချက်အက်ဥပဒေ၊ ပေါက်ကွဲစေတတ်သော လက်နက်နှင့် အခြားသူများကို ဖျားယောင်းသွေးဆောင်စေခြင်း အက်ဥပဒေတို့ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။

အရေးယူထားမှုများမှာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်တွင် နေပြည်တော်မှ  ငါးဦး၊ စက်တင်ဘာတွင် သုံးဦးနှင့် သြဂုတ်တွင် ရှမ်းပြည်နယ်မှ ၂၀ ဦးနှင့် ရခိုင်ပြည်နယ်မှ RSO   သုံးဦးတို့ကို အရေးပေါ် စီမံချက်ဥပဒေ အပြင် အကြမ်းဖက်ပြစ်မှုများဖြင့် အရေးယူထားခြင်းဖြစ်သည်။

အဆိုပါ အရေးယူမှုများသည် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပြဌာန်းပြီး ငါးလအတွင်းတွင် ဖမ်းဆီးအရေး ယူခဲ့ခြင်း ဖြစ်သည်။ အကြမ်းဖက်မှုများဖြင့် အရေးယူထားသော်လည်း ၎င်းတို့အနေဖြင့် အကြမ်းဖက်အဖွဲ့များနှင့် အမှန်တကယ် ဆက်စပ်မှုရှိမရှိကို အတည်မပြုနိုင်ဟုလည်း ရဲမှုးချုပ် စိုးမြိုင်က မဇ္ဈိမကို ပြောဆိုထားသည်။

ကုလသမဂ္ဂ လုံခြံုရေးကောင်စီကလည်း နိုင်ငံတကာတွင် အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့ (IS) နှင့် ဆက်နွယ်သူ ရ၈၁ ဦးထိ ရှိနေပြီး မြန်မာနိုင်ငံသားများက ဆက်နွယ်မှုများလည်း ရှိနေပြီး အရေအတွက်ကိုမူ အတည်မပြုနိုင်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က  သိရသည်။

မြန်မာနိုင်ငံသည်  အိုင်ကိုင်ဒါ၏ အိန္ဒိယတိုက်ငယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရေး အစီအစဉ် သစ်အတွင်း ပစ်မှတ်ထားသည့် နိုင်ငံလည်း ဖြစ်သည်။