ကချင်တောင်ပိုင်းနှင့် ရှမ်းမြောက်ပိုင်းတွင် စစ်ဘေးရှောင် ဒုက္ခသည် ၄,၀၀၀ ခန့်တိုးလာ

ကချင်တောင်ပိုင်းနှင့် ရှမ်းမြောက်ပိုင်းတွင် စစ်ဘေးရှောင် ဒုက္ခသည် ၄,၀၀၀ ခန့်တိုးလာ
by -
မဇ္စျိမ

ယခုနှစ်အတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့်၊ ကချင်ပြည်နယ် တောင်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၄,၀၀၀ ခန့် တိုးလာကြောင်း လူသားချင်း စာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂညှိနှိုင်းရေးမှူးရုံး UNOCHA (မြန်မာ) ၏ ပြန်ကြားရေးနှင့် လူမှုဆက်ဆံရေးအရာရှိ Mr Pierre Peron  က ပြောသည်။

၂၀၁၄ ခုနှစ် ဧပြီလမှစတင်ပြီး အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ တိုက်ပွဲများ ပြန်ဖြစ်နေခြင်း ကြောင့် ဒုက္ခသည်များ တိုးလာရခြင်းဖြစ်ပြီး အဆိုပါဒေသများတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင် ရာ အကူအညီများ လိုအပ်လာမည်ဟုလည်း ဆိုသည်။

Kachin-Battles-Victims

“နိုင်ငံရေးကိစ္စ တစ်ခုတည်းအခက်အခဲ မဟုတ်ပါဘူး။ သွားလာရေး ကိစ္စကလည်း အခက်အခဲတစ်ခုပါပဲ။ အခုအချိန် ထိကိုပဲ နေရပ်ရှောင် စစ်ပြေးဒုက္ခသည်တွေက တိုးပွားနေဆဲပါ” ဟုဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေချိန်တွင်၊တိုက် ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များ တိုးပွားလာခြင်းတို့သည် ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် နှောင့်နှေးစေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

“အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အဓိကဆွေးနွေးကြတာက တပ်ပိုင်း ဆိုင်ရာနေရာချမှုတွေ၊ စစ်အင်အားမတိုးချဲ့ ရေးကိစ္စတွေဆွေးနွေးနေကြတယ်။ ဒီအချိန်မှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ ငြိမ်း ချမ်းရေးရဖို့ ကြာဦးမယ်” ဟု ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆမ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များ နေရပ်ပြန် လိုသော်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းကြောင့် နေရပ်မပြန်နိုင်ဘဲ ဒုက္ခသည်စခန်းများ တွင် နေရေးထိုင်ရေး လိုအပ်ချက်များနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များရှိနေပြီး ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများလည်း လိုအပ်နေသေည်ဟု ရှမ်းမြောက်ပိုင်းရှိ နေဝန်းနီဒုက္ခသည်စခန်း စီမံခန့်ခွဲရေး တာဝန်ခံ ဦးလေးမောင်ကပြောသည်။

စစ်ဘေးကြောင့် ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသည့် ဒုက္ခသည်အရေအတွက် တစ်သိန်းကျော်ရှိ နေပြီး ဒုက္ခသည်များကို ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် ကုလသမဂ္ဂအဖွဲ့စည်းများက အကူ အညီပေးသော်လည်း လိုအပ်ချက်များရှိနေ သေးသည်။