သယံဇာတ ထုတ်ယူခြင်း၊ မြေသိမ်းခြင်းတို့က ဒေသခံများ၏ နေထိုင်ရေးကို ခြိမ်းခြောက်နေ

သယံဇာတ ထုတ်ယူခြင်း၊ မြေသိမ်းခြင်းတို့က ဒေသခံများ၏ နေထိုင်ရေးကို ခြိမ်းခြောက်နေ
by -
မဇ္စျိမ

တနင်္သာရီတိုင်းအတွင်းရှိ သဘာဝ သယံဇာတများ ထုတ်ယူသုံးစွဲခြင်းနှင့် မြေသိမ်းယူခြင်းတို့ကြောင့် ဒေသနေသူ တို့၏ နေထိုင်ရေးကို ခြိမ်းခြောက်နေသည်ဆိုကာ တိုင်းဝန်ကြီးချုပ်နှင့် ကရင်အမျိုးသား အစည်းအရုံးတို့ထံ စာရေးသား တင်ပြသွားမည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တစ်ဖွဲ့က ဆိုသည်။

ထားဝယ်အခြေစိုက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော သာကပေါအဖွဲ့က ပေးပို့ရန် စီစဉ်ခြင်းဟု အဖွဲ့ဝင်ဒေါ်နော်ပီသလောက ပြောသည်။

ထားဝယ်ဒေသရှိ ကျေးရွာ ၄၈ ရွာမှ ခရစ်ယာန် အသင်းအုပ် ၁၂၅ ဦး၏ လက်မှတ်များနှင့်အတူ အောက်တိုဘာ ၁၃ ရက်တွင်ပေးပို့မည်ဖြစ်သည်။

လက်ပံတောင်းတောင်အနီးရှိ စံပါယ်တောင်ကြေးနီစီမံကိန်း ကြေးနီးတူးဖော်နေသည့် စက်ယန္ဒယားများအား ၂၀၁၄ ခုနှစ် ဇွန်လ ၂၃ ရက်က တွေ့ရစဉ်။

“ရာဘာစိုက်ဖို့ ဆီအုန်းစိုက်ဖို့ မြေဧကတွေ သောင်းချီပြီးပေးတာ၊ မိုင်း နင်းပါမစ်တွေ ချပေးတာ ပိုများလာတယ်။ မြေပုံမှာကြည့်လိုက်တော့ ရွာမရှိဘူးဆိုပြီး ပေးလိုက်တာ အောက်မှာ ရွာတွေ ဖြစ်နေတယ်”ဟု ဒေါ်နော်ပီသလောက ဆိုသည်။

စီမံကိန်းတစ်ခု အကောင်အထည် ဖေါ်မည်ဆိုပါက ဆိုးကျိုး၊ ကောင်းကွက်တို့ကို စနစ်တကျ ဆန်းစစ်ပြီးမှ လုပ်ဆောင်သင့်သည် ဟုလည်းသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ကော်မတီ၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံမရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိရေး  စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးမင်းသူကလည်း ထောက်ပြ ပြောဆိုသည်။
 
အပစ်အခတ်ရပ်စဲရေးကာလ၊ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်တွင် သဘာဝ သယံဇာတ ထုတ်ယူသုံးစွဲမှုနှင့် မြေသိမ်းယာသိမ်းမှုတို့ ရပ်ဆိုင်းထားရန်လည်း သာကပေါအဖွဲ့က အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ထား သည်။

အပစ်အခတ်ရပ်စဲ ထားသော်လည်း လူထုထံ အပြည့်အဝအရောက် အပစ်ရပ်ပြီးနောက်ပိုင်း လူထုသည် သယံဇာတ ခေါင်းပုံဖြတ် ထုတ်ယူသုံးစွဲမှု၊ မြေယာသိမ်းဆည်းမှုနှင့် စီးပွားရေးစီမံကိန်းဒဏ်ကြောင့် ဝန်ထုတ်ဝန်ပိုးဖြစ်နေရပြီး စိုးရိမ်သောကများစွာဖြင့် ဘဝရပ်တည်ရန် ရုန်းကန်နေရဆဲဖြစ်ဟု ထုတ်ပြန်ချက်က ဆိုထားသည်။