အစိုးရကို အယုံအကြည် မရှိကြောင်း ဆန္ဒပြ

အစိုးရကို အယုံအကြည် မရှိကြောင်း ဆန္ဒပြ
by -
မဇ္စျိမ

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကို အယုံအကြည်မရှိဟုဆိုကာဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှား မှု အင်အားစု (MDCF) အဖွဲ့ ၀င် ၁၀ ဦးက အောက်တိုဘာ ၁၀ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ ဆူးလေပန်းခြံ မျက်နှာစာတွင် ဆန္ဒပြခဲ့သည်။

၂၀၁၃ ခုနှစ် ဧပြီလတွင် ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံရေးအကျဉ်းသားခေါင်းစဉ်ဖြင့် သေဒဏ်နှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနေရသူ ဘိန်းကုန်သည် ၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသားများကိုမူ လစ်လျူရှုထားသဖြင့် ယင်းသည် စီမံခန့်ခွဲမှုညံဖျင်းခြင်း၊ အဂတိလိုက်စားမှု ဖြစ်ခြင်းတို့ ကြောင့် ဆန္ဒပြရသည်ဟု MDCF အဖွဲ့ မှ မစိန်ထွေးက ပြောသည်။

MDCF

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြဿနာများကို အစိုးရက ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း မရှိဟု ၎င်းကဆိုသည်။

အဆိုပါ အဖွဲ့မှ ခေါင်းဆောင် ကိုထင်ကျော်သည်လည်း  ပြည်ထောင်စုအစိုးရကို အယုံအကြည် မရှိကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေမှုကြောင့် ဧပြီ ၃၀ ရက်က ဖမ်းဆီးခံထားရသည်။

ထို့နောက် စာဖြန့်ဝေရာ မြို့နယ်များဖြစ်သည့် သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ ကျောက်တံတားစသည့် မြို့နယ် ၁၁ မြို့ နယ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲထားသည်။

ယင်းတို့အနက် မြို့နယ် တရားရုံး ခြောက်ရုံးက အမိန့်ချမှတ်ပြီးဖြစ်ကာ စုစုပေါင်း ထောင်ဒဏ် ၅ နှစ်ခွဲ ကျခံနေရပြီး ကျန်ရှိ တရားရုံးများတွင် အမှုရင်ဆိုင်နေရသေးသည်။