မိကျောင်းကန်သပိတ်စခန်း ရက်၂၀၀ပြည့်အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၉ ရက် နံနက် ၆နာရီမှ ညနေ ၆နာရီအထိ ဆန္ဒပြသူ၄၀ ကျော်က အစာငတ်ခံ ဆန္ဒပြသွားမည်ဟု အစာငတ်ခံဆန္ဒဖော်ထုတ်နေ သူဦးမောင် မောင်က မဇ္စျိမကို ပြောသည်။
အစာငတ်ခံဆန္ဒြုပသူများသည် မူလသပိတ်စခန်း၏ အမိုးအကာအပြင်ဘက်တွင်ဆန္ဒဖော်ထုတ်နေကြခြင်းဖြစ်ပြီး မိကျောင်းကန်မြေ ပြန်လည်ရရှိရေး၊မိကျောင်း ကန်သပိတခေါင်းဆောင် ပြန်လည်လွတ်မြောက်ရေး နှင့် ရက် ၂၀၀ပြည့်အထိမ်းအမှတ်အဖြစ် အစာငတ်ဆန္ဒဖော်ထုတ် ခြင်းတို့ဖြစ်သည်ဟုအစာငတ်ခံဆန္ဒပြ သူများက ဆိုသည်။
မိကျောင်းကန် အပိုင်း၁ မှ မြေသိမ်းခံရသူ ကိုမောင်မောင်က “အခုအစာငတ်ခံဆန္ဒဖော်ထုတ်တာ ပထမအကြိမ် ဖြစ်တယ်။အစမ်းပဲရှိသေးတယ်။ နောက်ဒီထက် လည်း ရက်တိုးပြီး လုပ်ချင်လုပ်မယ်။ အစာငတ်ခံသူတွေကို ဓာတ်ဆားရည်တွေတိုက်ပေးတယ်” ဟုပြောသည်။
အဆိုပါ မိကျောင်းကန်သပိတ်စခန်းမှာ အောက်တိုဘာ ၃ရက်တွင်နောက်ဆုံးထား ဖျက်သိမ်း ပြောင်းရွှေ့ပေးရန် စည်ပင်မှ အကြောင်းကြားစာပေးပို့ခဲ့သည်။ သို့သော် အောက်တိုဘာ၉ရက်အထိ သပိတ်စခန်းဖွင့်ဆန္ဒပြနေ ဆဲဖြစ်သည်။
သင်္ဃန်ကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊၂၊၃မှ မြေသိမ်းခံရသူများသည်ကျောက်တံတား မြို့နယ်မဟာဗန္ဓုလပန်းခြံဘေးနှင့်ရန်ကုန်တိုင်းတရားလွှတ်တော် ရုံးရှေ့တွင် မတ်လ ၂၃ရက်မှ စတင်ဆန္ဒ ဖော်ထုတ်လျှက်ရှိပြီး အောက်တိုဘာလ ၉ရက်တွင်ရက်ပေါင်း၂၀၀ပြည့်မြောက်ပြီဖြစ်သည်။ မိကျောင်းကန် အပိုင်း၂ မှမြေသိမ်း ခံရသူ အသက် ရ၈နှစ် ဒေါ်လှရင်က “နေပူထဲမှာ မူးတာတို့ဖြစ် လာနိုင်ပေမယ့်အဘွားတို့ မြေကို ပြန်ရဖို့ အစာငတ်ခံဆန္ဒဖော် ထုတ်ပြီးတောင်းတာ” ဟု ပြော သည်။
မိကျောင်းကန်မြေနှင့် ပြန်လည်ရရှိရေးနှင့်ပတ်သက်ပြီး တိကျသည့်အဖြေမထွက်မချင်း ဆက်လက်ဆန္ဒဖော် ထုတ် သွားမည်ဟုလည်း ကိုမောင်မောင် ကပြော သည်။
မိကျောင်းကန်သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းသည် ငြိမ်း၊စု၊စီပုဒ်မ-၁၈ဖြင့် မြို့နယ် ၅ခုမှ တရားစွဲဆိုခဲ့ရာ ထောင်ဒဏ်လေး လစီဖြင့်ပြစ်ဒဏ်ကျခံ ထားရ သူဖြစ်သည်။ ထို့ပြင် စည်ပင်သာယာ ရေးဥပဒေပုဒ်မ-၆၈ဖြင့်လည်း ထောင်ဒဏ်လေးလပြစ်ဒဏ်ချ ခံထားရသည်။