မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်လာစေရေးအတွက် ကြားဝင် ကူညီဆောင် ရွက်ပေးရန် မီဇိုရမ် ပြည်နယ် ၀န်ကြီးချုပ်ဟောင်း၊ လက်ရှိ Mizo National Front (MNF) ဥက္ကဌ Pu Zoramthanga ကို အင်္ဂလန် အခြေစိုက် Inter Mediate (Imo1 Ltd) အဖွဲ့က ဖိတ်ခေါ် လိုက်သည်။
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကူညီဆောင်ရွက်ပေးနေသောအဖွဲ့တစ်ခုဖြစ်သည့် အင်္ဂလန် အခြေစိုက် Inter Mediate မှ စီမံကိန်း ဒါရိုက်တာ Dessislava Roussanova နှင့် Pu Zoramthanga တို့သည် ယခုလ ၃ ရက်နေ့က အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီတွင် တွေ့ဆုံ ခဲ့ကြ ပြီး မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပေါ်ထွန်း လာစေရေးအတွက် မည် သို့ပါ၀င်ဆောင်ရွက်ကြမည် ကို ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် the Zozam Times သတင်းစာတွင် ဖော်ပြ ထားသည်။
ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် အတိုက်အခံပါတီအဖြစ် ရပ်တည်လျက်ရှိသော MNF သည် ၁၉၆၆ မှ ၁၉၈၆ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကြာ မီဇိုရမ်ပြည်နယ်လွတ်လပ်ရေးအတွက် အိန္ဒိယအစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သည့် မီဇိုလူမျိုးစုလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
Pu Laldenga ဦးဆောင်သော MNF နှင့် ရာဂျစ်ဂန္ဒီဦးဆောင်သော အိန္ဒိယဗဟိုအစိုးရတို့သည် ၁၉၈၆ ခုနှစ်တွင် ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြပြီး ယနေ့ချိန်ထိ မီဇိုရမ်ပြည်နယ်သည် အိန္ဒိယနိုင်ငံတွင် အငြိမ်းချမ်း ဆုံးပြည်နယ် တစ်ခုအဖြစ် သတ်မှတ်ခဲ့ ကြသည်။
Inter Mediate အဖွဲ့မှ စီမံကိန်း ဒါရိုက်တာ Dessislava Roussanova က MNF နှင့် အိန္ဒိယ အစိုးရတို့ ငြိမ်းချမ်း ရေး အတွက် စတင်ဆွေးနွေးခဲ့သည့်အချိန်က ယခုကဲ့သို့ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိနိုင်လိမ့်မည်ဟု မျှော်လင့်မ ထားခဲ့ကြောင်း Pu Zoramthanga နှင့်တွေ့ဆုံစဉ် တွင် ပြောဆိုခဲ့သည်ဟု အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ အိန္ဒိယအစိုးရနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့သည့် MNF ပါတီ အနေဖြင့် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အတူတကွပါ၀င်ကူညီပေးရန် Dessislava Roussanova ကဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ပဟရိတအဖွဲ့အစည်းဖြစ်သည့် Inter Mediate သည် အင်္ဂလန် ၀န်ကြီးချုပ်ဟောင်း Tony Blair ၏ ကိုယ်ရေး အရာရှိချုပ် တာဝန်ယူခဲ့ ဘူးသူ Jonathan Powell မှ တည်ထောင်ထားခြင်းဖြစ်ပြီး ငြိမ်းချမ်းမှုမရှိသေးသည့် ဒေသများ တွင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် ပါ၀င်ကူညီဆောင် ရွက်ပေးနေသည့်အဖွဲ့ဖြစ်သည်။