သံတွဲပဋိပက္ခနှင့် ဆက်စပ်ဖမ်းဆီးခံထားရသူအား ထောင်တစ်သက်တစ်ကျွန်းချခြင်းမှာ တရားမျှတမှု မရှိဟုဆို

သံတွဲပဋိပက္ခနှင့် ဆက်စပ်ဖမ်းဆီးခံထားရသူအား ထောင်တစ်သက်တစ်ကျွန်းချခြင်းမှာ တရားမျှတမှု မရှိဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက် မူအတွင်း ပါ၀င်သည်ဟု သံသယဖြင့် ဖမ်းဆီးခံရသူ ကိုဇော်ဇော်ထွန်းအား ထောင်တစ်သက် တစ်ကျွန်းချမှတ်လိုက်ခြင်းမှာ တရားမျှတမူ မရှိဟု သံတွဲဒေသခံများက ဝေဖန် ပြောကြားသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက သံတွဲမြို့နယ် သဗြုချိုင်နှင့် ဆင်ခေါင်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ဆူပူမူများနှင့် ပတ်သက်ပြီး ဆက်စပ် ဖမ်းဆီးခံထားရသူများအထဲမှ ဆင်ခေါင်း ကျေးရွာသား ကိုဇော်ဇော်ထွန်း (၃၀) နှစ်အား သံတွဲခရိုင် တရားရုံးမှ ယခုလ ၂၄ ရက်နေ့က ထောင်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သည်။

justice-1

“ ဒီထက်မက ရက်ရက်စက်စက် သတ်ဖြတ်မူတွေ ပြုလုပ်တဲ့ ဘင်္ဂလီကိုကျတော့ ထောင် ၁၀ နှစ် ၁၅ နှစ်နဲ့ ပိုင်းဖြတ်သွားတယ်။ ဒီမှာကျတော့ တစ်သက်တစ်ကျွန်း ခေါင်းစဉ်နဲ့ဝင်လာတော့ ဒါဟာ မမျှတဘူးလို့ ထင်တယ်” ဟု သံတွဲခရိုင်၊ ငပလီမြို့ရှိ အရပ်ဘက် လူမူ အဖွဲ့အစည်းမှ ဦးလှမော်ဦးက ဆိုသည်။

သံတွဲမြို့နယ်တွင် အောက်တိုဘာလ အရေးအခင်းမတိုင်မီ သြဂုတ်လအတွင်းက ရခိုင်အမျိုးသား တစ်ဦးအား ဘင်္ဂလီ တစ်ဦးက ခေါင်းဖြတ်သတ်ခဲ့သည်ဟု ဆိုသည်။ ယင်းအမူတွင် ကျူးလွန်သူအား ထောင် (၁၀) နှစ်သာ ချမှတ်ခဲ့သဖြင့် ယခု ကိုဇော်ဇော်ထွန်းအား ထောင်တစ်သက်တစ်ကျွန်း ချမှတ်ခြင်းမှာ မျှတမူ မရှိဟု သူက နိုင်းယှဉ် သုံးသပ်ပြောဆိုခြင်းဖြစ်သည်။

ယခု ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ် ခံလိုက်ရသူ ကိုဇော်ဇော်ထွန်းမှာ ဆင်ခေါင်းကျေးရွာတွင် ဖခင်အိုကို လုပ်ကျွေးနေသူ ဖြစ်ပြီး ယခု ဖြစ်စဉ်တွင် ပါ၀င်ပတ်သက်မူ မရှိဘဲ ဖိအားပေးခံရသည့် အတွက် မြေနိမ့်ရာ လှံစိုက်သည့် သဘောဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရသည်ဟု ဒေသခံများက ပြောဆိုသည်။

သံတွဲမြိ့နယ် သဗြုချိုင်နှင့် ဆင်ခေါင်ကျေးရွာတို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူအတွင်း လူ ၅ ဦးသေဆုံးခဲ့ပြီး အိမ် ၅၁ လုံး မီးရှို့ခံခဲ့ရကာ လူပေါင်း ၁၀၀ ကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်။

ယင်းအမူနှင့် ဆက်စပ်ပြီး လူပေါင်း ၂၃ ဦးကို ဖမ်းဆီးခဲ့ကာ ၁၃ ဦးကို ပါ၀င်ပတ်သက်မူ မရှိသဖြင့် အမူမှ ကင်းလုံးကျွတ် ပြန်လွတ်ပေးခဲ့ပြီး ၁၀ ဦးအား ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်။

ထိုအထဲတွင် ကိုဇော်ဇော်ထွန်းအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် နောက်ထပ် (၉) ဦးအား ထောင် (၅) နှစ်စီ အသီးသီး ချမှတ်ခဲ့သည်။

RFA သတင်းတွင် ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်နွဲ့နွဲ့ငြိမ်းက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် အထက်တရားရုံးအဆင့်ဆင့်ကို အယူခံဝင်သွားမည်ဟု ပြောဆိုကြောင်း ဖေါ်ပြသည်။

Most read this week