ပြည်တွင်းငြိမ်းချမ်ရေးတည်ဆောက်မှုဖြစ်စဉ်မှာ ပြည်သူလူထုုပါ၀င်မှုရှိလာရန် ကရင်နီအမျိုးသား တိုးတတ်ရေးပါ တီ-KNPPမှ လူထုုနှင့်တွေ့ဆုံုပွဲပြုလုုပ်မည့် အစီအစဉ်သည် လူထုုဘက်က အမှန်တကယ်လိုုလားနေသည့် ဆန္ဒကိုုဖြည့်စည်းလိုုက်ခြင်းဖြစ်သည်ဟုု လူငယ်ငယ်များအဖွဲ့ကဆုုိသည်။
စက်တင်ဘာလ ၂၅ရက်နေ့က လွိုင်ကော်မြို့ ထေးတမရပ်ကွက် မော့ဒူဒီးဘိုုးဟိုု ခန်းမတွင်KNPP မှလူထုုတွေ့ ဆုံုပွဲ ပြင်ဆင်ရေး ဒုုတိယအကြိမ်ဆွေးနွေးပွဲအပြီး ကရင်နီပြည်လူငယ်များသမဂ္ဂအဖွဲ့ -UKSYမှ ကန္တာရဝတီတိုုင်း(မ်)သိုု့ယခုုလိုုပြောသည်။
“KNPP က ဒု-ဥက္ကဌ ကိုယ်တိုင်က ဒီ process (ငြိမ်းချမ်းရေးဖြစ်စဉ်) တွေ ကိုပြောဆိုသွားတာကော ကိုယ့်ဒေသ တွင်းမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့စည်းတွေနဲ့ သီးသန့်တွေ့ဆုံဖို့တွေကော ဒီလိုမြို့နယ်အဆင့် လူထုတွေနဲ့ တွေ့ဆုံမှု ပြုမှာတွေက တကယ့်လိုအပ်ချက်တွေ ဖြစ်တဲ့ အတွက်ကြောင့် ဒီလိုကြိုးပမ်းအားထုပ်မှုကိုတော့ လှိုက်လှိုက်လဲလဲ ကြိုဆိုပါတယ် ” ဟု UKSYဗဟိုုကော်မီတီဝင် ကိုုကျော်ထင်အောင် ကပြောသည်။
လူထုုနှင့်တွေ့ဆုံုပွဲပြင်ဆင်ရေးဆွေးနွေးပွဲတွင် KNPPမှ ကယားပြည်တွင်းရှိ နိုုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၊ ဒေသခံရပ်မိရပ်ဖိများနှင့်တွေ့ဆုံုပြီး လက်ရှိပြုလုုပ် နေသည့် တနိုုင်ငံလုံုးအပစ်ခတ်ရပ်စဲရေး ဆိုုင်ရာကိစ္စရပ်များ၊ ကိုုယ်ပိုုင်မူဘောင်ရေးဆွဲရေးကိစ္စများနှင့် နိုုင်ငံရေး ဆွေးနွေးပွဲများဖြစ် ပေါ်လာပါက လုုပ်ဆောင်ရမည့်ကိစ္စရပ်များဆွေးနွေးခဲ့သည်။
၎င်းဆွေးနွေးပွဲမှ ဖြစ်ပေါ်လာမည့်မြို့နယ်အဆင့် လူထုုတွေ့ဆုံုပွဲများတွင် အစုုအဖွဲ့များမှ မိမိတိုု့၏အမြင် သဘောထားများတင်ပြကြရန်နှင့် နိုုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များပါ၀င်သည့် အလုုပ်ရုံုဆွေးနွေးပွဲများအတွက် KNPPမှ ကမကထပြု၍စီစဉ်ဆောင်ရွက်ရန်ဆိုု သည့်ဆုံုးဖြတ်ချက်များချမှတ် ခဲ့သည်။
“ကျနော်တို့ ရည်ရွယ်တာကတော့ လာမယ့် လူထုတွေ့ဆုံ ဆွေးနွေးပွဲတွေမှာ အလားတူ ကျနော်တို့ တဖွဲ့တည်း ကစီစဉ်တာမျိုး မဟုတ်ဘဲ တစ်ခြားသေား နိုင်ငံရေးပါတီ ၊အရပ်ဖက်အဖွဲ့စည်း တွေကေား ဒီပူးပေါင်းပါဝင် လုပ်ဆောင် ပြီးတော့မှ နိုင်ငံရေးဆွေး နွေးပွဲ အတွက် ပြင်ဆင်တဲ့ပုံစံမျိုး သွားချင်တယ် ” ဟုKNPP အတွင်း ရေးမှူး(၁) ဦးရွှေမျိုးသန့်ကပြောသည်။
လူထုုတွေ့ဆုံုပွဲကိုု စက်တင်ဘာလ ၂၇ရက်နေ့တွင် ဒီးမော့ဆိုုမြို့နယ်၊ စက်တင်ဘာလ ၃၀ရက်နေ့တွင် လွိုင်ကော်မြို့နယ်တိုု့တွင် ပြုလုုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
KNPPသည် အစိုုးရနှင့် ပြီးခဲ့သည့် ၂၀၁၂ခုုနှစ် မတ်လ ရရက်နေ့ကစပြီး နှစ်ဦးနှစ်ဘက် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုုးခဲ့ပြီး တနိုုင်ငံလုံုးအပစ်ခတ်ရပ်စဲရေး ကိစ္စအတွက် KNPPဘက်မှ တိုုင်းရင်းသား လက်နက်ကိုုင်အင်အားစုုများပါ၀င်သည့် တနိုုင်ငံလုံုးအပစ်ခတ်ရပ်စဲရေးဆိုုင်ရာညှိနှိုင်းရေးအဖွဲ့ NCCTနှင့် သွားရန်ဆုံုးဖြတ်ထားသည်။