ရန်ကုန်မြို့သစ် စီမံကိန်း ဆိုင်းငံ့လိုက်ပြီ

ရန်ကုန်မြို့သစ် စီမံကိန်း ဆိုင်းငံ့လိုက်ပြီ
by -
မဇ္စျိမ

ဒေါ်လာသန်းချီကုန်ကျမည့် ရန်ကုန်မြို့သစ် စီမံကိန်းကို စိစစ်ရန်ရှိသည်ဟုဆိုကာ ဆိုင်းငံ့လိုက်ကြောင်း စက်တင်ဘာ ၂၆ရက် ရန်ကုန်တိုင်းလွှတ်တော်တွင် မြို့တော်ဝန် ဦးလှမြင့်က ပြောကြားလိုက်သည်။

ယင်းစီမံကိန်းအား အပြီးဖျက်သိမ်းခြင်းလား ခတ္တဆိုင်းငံ့ခြင်းလားဟု မီဒီယာများ၏ မေးမြန်းချက်ကို မြို့တော်ဝန်က "အဲဒါတော့ ကိုယ့်ဘာသာတွေးကြည့်ကြ ပေါ့"ဟုသာ ဖြေကြားခဲ့သည်။

New-Town-1

ယင်းအတွက်ကြောင့် စက်တင်ဘာ ၂၂ ရက်က အဆိုပါစီမံကိန်းအား လွှတ်တော်က အတည်ပြုပေးရန် အဆိုတင်သွင်းမှုကိုလည်း ရုတ်သိမ်းလိုက်သည်။

ယင်းသို့ဆုံးဖြတ်ရန် စက်တင်ဘာ ၂၅ ရက်က တိုင်းအစည်းဝေး၌ ဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်း ဖေါ်ဆောင်မည်ဖြစ်ကြောင်း သြဂုတ်လ ၂၂ ရက် ရန်ကုန်တိုင်း လွှတ်တော်တွင် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက သဝဏ်လွှာပေးပို့ပြီးနောက် ရုတ်တရက် ထွက်ပေါ်လာသည့် စီမံကိန်းအပေါ် ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝေဖန်မှုများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို မြေဧက ၃၀,၀၀၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ကာ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ သဝဏ်လွှာကို မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်တွင် ဖတ်ကြားရာ “ရင်းနှီးမြှပ်နှံမည့်ငွေ ကျပ်ဘီလီယံ ရ၀၀၀ နှင့် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ” ဟု ဖတ်ကြားသွားခဲ့သည်။

စီမံကိန်းကို ရန်ကုန်မြို့ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံ့တေးတူးမြောင်းအကြား လှိုင်မြစ်နှင့် လှိုင်သာယာ တွံတေး ကားလမ်းကြားရှိ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံ့တေးမြို့နယ်များကို အသုံးပြုမည် ဟုလည်း သဝဏ်လွှာတွင် ဖေါ်ပြခဲ့သည်။