တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ခရီးစဉ်စတင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ခရီးစဉ်စတင်
by -
မဇ္စျိမ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ်ဖြစ်သူ  ဗိုလ်ချုပ်ကြီး ရှင်ဂဲရုအီဝါဆာကီ ၏ ဖိတ်ကြားချက်အရ စက်တင်္ဘာလ ၂၂ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာသွားကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးသောင်းအေး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း၊ စစ်ဦးစီးအရာရှိချုပ်(လေ)ဗိုလ်ချုပ် လွင်ဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး၊ စစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်သူနှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြကြောင်း သတင်းရရှိသည်။

MAH
 
ဗိုလ်ချုပ်ကြီး ရှင်ဂဲရုအီဝါဆာကီသည် ယခုနှစ် မေလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နှစ်နိုင်ငံစစ်တပ် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို ဆွေးနွေးခဲ့သည်။

၁၉၅၄ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာနှင့် ဂျပန်သံတမန်ဆက်ဆံရေးသည် ၂၀၁၄ ခုနှစ်တွင် နှစ် ၆၀ ပြည့်ပြီဖြစ် သည်။

Most read this week