၂၀၁၅ ကို မှန်မှန်ကန်ကန် ဖြတ်သန်းပါက ပြည်သူလိုချင်သည့် ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု ဒေါ်စုပြော

၂၀၁၅ ကို မှန်မှန်ကန်ကန် ဖြတ်သန်းပါက ပြည်သူလိုချင်သည့် ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု ဒေါ်စုပြော
by -
မဇ္စျိမ

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် ဖြတ်သန်းနိုင်ပါက ပြည်သူများ လိုချင်သည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး အထောက်အကူပြုနိုင်မည်ဟု အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

၎င်းက “၂၀၁၅ ကို မှန်မှန်ကန်ကန်နဲ့ သွားမယ်ဆိုရင် ကျွန်မတို့ပြည်သူတွေလိုချင်တဲ့ ပြည်ထောင်စုတစ် ခုတည် ဆောက်ရေးအတွက် အများကြီးအထောက်အကူ ဖြစ်ပါမယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါ တယ်” ဟု ပြောသည်

Aung-San-Su-Kyi

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် ကရင်ပြည်နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တိုင်း ရင်းသားများနှင့်တွေ့ဆုံရာတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့သည်။

ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံအတွက် မဖြစ်မနေဖြတ်သန်းရမည့်ဖြစ်စဉ် တစ်ခုဖြစ်သော်လည်း လွတ်လပ်ပြီး မျှတ သည့်ရွေးကောက်ပွဲမရှိဘဲ ဒီမိုကရေစီမရှိ နိုင်ဟုလည်း ၎င်းက ဆိုသည်။

၎င်းက “ဒါပေမဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေမရှိဘဲနဲ့တော့ ဒီမိုကရေစီဆိုတာလည်း မရှိဘူး၊ နောက်ရှိရုံနဲ့လည်းမပြီးဘူး၊ တခြားဟာတွေ အများကြီးလိုအပ်ပါတယ်” ဟု ဆိုသည်။

၎င်းက “ကျွန်မတို့အဖွဲ့ချုပ်က ဒီမိုကရေစီ အခွင့်အရေးတွေလိုချင်တာနဲ့အမျှ တာဝန်တွေကျေပွန်ဖို့လိုတယ် လို့ခဏခဏ ပဲပြောပါတယ်။ အဲ့ဒါ ပြည်သူတွေနားလည် အောင်ကိုယ်လိုချင်တဲ့ အခွင့်အရေးတွေ ထိန်းသိမ်းနိုင်ဖို့အတွက် ရယူနိုင်ဖို့ အတွက်က ကိုယ်က တာဝန်ကျေတဲ့ပုဂ်္ဂိုလ်တွေဖြစ် ဖို့လိုပါတယ်” ဟု ဖြည့်စွက်ပြောသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စဉ်မှ ယခုအချိန်အထိ ကိုင်စွဲထားသည့် အမျိုးသားပြန်လည်ရင် ကြားစေ့ရေးလမ်းစဉ်ကိုလည်း မမေ့ကြရန် ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များအား သတိပေးပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးရရှိမှသာ ပြည်ထောင်စု စနစ်ကို ထူထောင်နိုင်မည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်း သားများအားလုံးပါဝင်သည့် အဖွဲ့ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။