ကလေးမြို့ ၂၄ နာရီလျှပ်စစ်မီးရရှိရေး ဆန္ဒပြတောင်းဆိုမည်

ကလေးမြို့ ၂၄ နာရီလျှပ်စစ်မီးရရှိရေး ဆန္ဒပြတောင်းဆိုမည်
by -
ခိုနူမ်းထုန်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် အထက်ချင်းတွင်း လူငယ်များ ကွန်ယက်အဖွဲ့က ဦးဆောင်ပြီး ယခုလ ၂၇ ရက်နေ့တွင် ငြိမ်းချမ်းစွာစီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ကြမည် ဟုသိရသည်။

ဆန္ဒဖော်ထုတ်ပွဲကို တရားဝင်ခွင့်ပြုရန် ကလေးမြို့ရဲစခန်းမှူးထံ စက်တင်ဘာလ ၁၅ ရက်နေ့က ခွင့်ပြု မိန့်လျှောက်ထား ပြီး ဖြစ်ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင်ရောက်ရှိသော မဟာဓာတ်အားလိုင်းကို ကလေးမြို့သို့ အမြန်ဆုံး သွယ်တန်းပေးရန်နှင့် ကလေးဒေသအတွင်း ၂၄ နာရီ လျှပ်စစ်မီးရရှိရန်အတွက် ယခု ကဲ့သို့ ဆန္ဒပြရန် စီစဉ် ရခြင်းဖြစ်သည်ဟု အထက်ချင်း တွင်းလူငယ်များ ကွန်ယက်အဖွဲ့၏ ဆန္ဒပြ ခွင့်လျှောက်ထား ချက်တွင်ဖော်ပြ ထားသည်။

စက်တင်ဘာလ ၂၇ ရက် ညနေ ၄ နာရီခွဲတွင် ကလေးမြို့ စင်္ကြာလမ်းမှ စတင်စီတန်းလှည့်လည် မည်ဟုသိရပြီး ထိုမှတ ဆင့် ပင်လုံလမ်းမတော်-စံပြလမ်း-ဗိုလ်ချူပ်လမ်း-ဝေဇယန္တာလမ်း နှင့် လျှပ်စစ် ရုံးရှေ့တွင် စီတန်း လှည့်လည် ဆန္ဒပြမှုကို အဆုံးသတ်မည် ဟုသိရသည်။

လက်ရှိကလေးမြို့တွင် ၅၀၀ ကေဗွီအေစက်ကြီးတစ်လုံး၊ မြို့မီးလင်းရေးမှဝယ်ထားသော ၃၀၀ ကေဗွီအေ စက်ကြီး တစ်လုံး နှင့် ဇီးချောင်းရေအားလျှပ်စစ်တို့မှ တစ်ရက် ၃ နာရီနှုန်းဖြင့် ၄ ရက်ခြား လျှပ်စစ်မီးဖြန့်ဝေပေး လျက်ရှိသည်။

သို့သော်လည်း ယခုအခါ နိုင်ငံ တော်အစိုးရမှ ၁၂၅၀ ကေဗွီအေ စက်ကြီးတစ်လုံး နှင့် ၅၀၀ ကေ ဗွီအေစက်ကြီး တစ်လုံး ထပ်မံချပေးထားသည့်အတွက် စက်တင်ဘာလကုန်ပိုင်းတွင် တစ်ရက် ၅ နာရီနှုန်းဖြင့် နေ့စဉ် လျှပ်စစ် မီးဖြန့်ဝေပေး နိုင်တော့မည်ဟု စုံစမ်းသိရှိရသည်။

ကလေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ပုဂ္ဂလိကမှဖြန့်ဖြူးပေးသော လျှပ်စစ်မီးကိုသာ အဓိက အား ကိုးနေရဆဲ ဖြစ်ပြီး ပုဂ္ဂလိကပိုင် ထရန်စဖော်မာ ၅၇ လုံးခန် ့က မီးပေး လျက်ရှိရာ ည ၆ နာရီမှ ၁၁ နာရီ အထိ မီးပေးနိုင်ကာ နှစ်ပေ မီးချောင်း တစ်ချောင်းလျင် ကျပ်ငွေ- ၃၀၀၀၊ တီဗွီပါလျင် ၅၀၀၀ အထိ လစဉ်ပေးဆောင်နေ ကြကြောင်း သိရသည်။

Most read this week