ကရင်လွှတ်တော်ကိုယ်စားလှယ်များနှင့် KNU တို့ တွေ့မည်

ကရင်လွှတ်တော်ကိုယ်စားလှယ်များနှင့် KNU တို့ တွေ့မည်
by -
မဇ္စျိမ

ကရင် အမျိုးသားအစည်းအရုံး (KNU) နှင့် လွှတ်တော်ရှိ ကရင်တိုင်းရင်းသား အမတ်များအပြင် ငြိမ်းချမ်းရေးအတွက် ပြင်ပမှ ဆောင်ရွက်နေသော အဖွဲ့ အစည်းအချို့ ပါဝင်သည့် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို လာမည့်ရက်သတ္တအတွင်း ကျင်းပမည်ဟု ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောအောင်ကျော်နိုင်က အတည်ပြုပြောသည်။

ဦးစောအောင်ကျော်နိုင်က “ လာမယ့်အပတ်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေးကို ပြင်ပကနေ ဆောင်ရွက်နေတဲ့ အဖွဲ့တွေရယ်၊ KNU က ကိုယ်စားလှယ်တွေနဲ့ တွေဆုံပြီး ညှိနှိုင်းကြမယ်” ဟု မီဒီယာများကို ပြောသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု ရုတ်တရက် ဆိုင်းငံ့ခဲ့သော်လည်း အပြီးနုတ်ထွက်ခြင်း ရှိ မရှိကိုမူ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ညှိနှိုင်းမှုများလုပ်ဆောင်မည့်အပြင် ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြင်ပအဖွဲ့အစည်းများနှင့်ပါ ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်သည်။

တွေ့ဆုံမည့်ရက်ကိုမူ အတိအကျမသိရသေးသော်လည်း အစည်းအဝေးလုပ်မည့်နေရာအား နေပြည်တော် သို့မဟုတ် တောင်ငူ သို့မဟုတ် ကရင်ပြည်နယ်တွင် တွေ့ဆုံနိုင်ရန် ရည်ရွယ်ထားသည်။