အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာနိုင်ငံဘက်မှ ဆန်များကို ၀ယ်ယူ ရန် စီစဉ်နေ သည်ဟု သိရသည်။
ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်၏ ပြည်တွင်းလိုအပ်ချက် စားသုံး ကုန်များကို အိန္ဒိယ ပြည်မဘက်မှ မီးရထားဖြင့် အဓိကသယ်ယူလေ့ရှိပြီး လာမည့် အောက်တိုဘာ လ ၁ ရက်နေ့မှ ၂၀၁၅ ခုနှစ် မတ်လ အထိ Lumding နှင့် Badalpur အကြား ရထားလမ်း တိုးချဲ့ပြုပြင်မည်ဖြစ်သောကြောင့် ဒေသ တွင်း စားသုံး ကုန်တင်သွင်းရန် အခက်အခဲများ ရင်ဆိုင်ရ ဖွယ်ရှိနေသည်။
အိန္ဒိယပြည်မ နှင့် မီဇိုရမ်အကြားဆက်သွယ်ပေးသော ရထားလမ်းတိုးချဲ့ပြုပြင်သည့် စပ်ကြား ကာလ တွင် မြန်မာနိုင်ငံဘက်မှ ဆန်ကို ၀ယ်ယူရန် ပြည်နယ်အစိုးရက စီစဉ်နေခြင်းဖြစ်သည်။
ယင်းအတွက် အိန္ဒိယဗဟိုအစိုးရလက်အောက်ရှိ Metals and Minerals Trading Corporation of India Ltd က အပြည်ပြည်ဆိုင်ရာ တင်ဒါကို စက်တင်ဘာလ ၈ ရက်နေ့က ခေါ် ယူထားပြီဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစားတွင်ဖော်ပြထားသည်။
အစကနဦးတွင် မြန်မာ့ဆန်ကို တစ်လလျင် quintal တစ်သိန်း အစမ်းဝယ်ယူမည်ဖြစ်ပြီး အဆင်ပြေ လာပါက လစဉ် quintal တစ်သိန်းနှုန်းဖြင့် ၅ လဆက်တိုက်ဝယ်ယူ သွားမည်ဟု သိရသည်။
မြန်မာ့ဆန်ကို အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိဒ်-ဇိုခွါထာရ် လမ်းကြောင်းမှ တဆင့် သယ် ယူမည်ဖြစ်ပြီး ဇိုခွါထာရ်မှ မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီး သို ့ ဖြန့်ဝေရန် စီစဉ်ထား သည်ဟု သိရသည်။