ဒေသခံများအားညှင်းပမ်းနှိပ်စက်သော ခလရ (၃၄၄)တပ်ရင်းမှူးအား အရေးယူပေးရန် ချင်း ၀န်ကြီးချုပ်ထံ တိုင်ကြား

ဒေသခံများအားညှင်းပမ်းနှိပ်စက်သော ခလရ (၃၄၄)တပ်ရင်းမှူးအား အရေးယူပေးရန် ချင်း ၀န်ကြီးချုပ်ထံ တိုင်ကြား
by -
ခိုနူမ်းထုန်

၂၀၁၄ ခုနှစ် သြဂုတ်လ နောက်ဆုံးပတ်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို ့ နယ်တွင် ခလရ (၃၄၄) တပ်ရင်းမှူး အဖွဲ ့မှ ဒေသခံပြည်သူများအား ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ရိုက်နှက်ခြင်း၊ သေနတ် ပစ်ဖောက် ကာခြိမ်းခြောက်ခဲ့သည့်ကိစ္စကို အရေးယူဆောင်ရွက်ပေး ရန် ချင်းပြည်နယ်ဝန်ကြီးချုပ် ထံ ဒေသခံများက တိုင်ကြား ထားသည်ဟုသိရသည်။

ပလက်ဝမြို ့နယ်၊ ကုန်ပြင်ကျေးရွာနေ ဦးလှအေးသည် ၂၀၁၄ ခုနှစ် သြဂုတ်လ (၂၄)ရက်နေ ့ ကတောင်ယာ တွင် မိမိ ဖာသာ ကောက်သစ်စားပွဲပြုလုပ်နေစဉ် လက်နက်ကိုယ်စီဖြင့် ချင်းအမျိုး သားတပ်မတော် (CNA) တပ်သား (၃) ဦး ရောက်ရှိလာပြီး အတူတကွထမင်းစားသောက်ကြကာ ညနေ ၄ နာရီတွင် ပြန်လည်ထွက် သွားကြသည်ကို ခလရ (၃၄၄) တပ်ရင်းမှူး ဗိုလ်မှူး တင်ထွဋ်ဦးက CNA တပ်သားများအား လက်ခံခြင်း၊ အဆက် အသွယ်လုပ်သတင်းပေးမှု ကြောင့်ဟု ဆိုကာ ဒေ သခံ ၆ ဦးကို ဖမ်းဆီးချူပ်နှောင် ရိုက်နှက်ခဲ့သည်ဟု စက်တင်ဘာလ ၉ ရက်နေ့စွဲ တိုင်ကြားစာအရ သိရသည်။

ချင်းပြည်နယ် ၀န်ကြီးချူပ်ထံ ပေးပို့သော ရွာသား ၆ ဦး၏ တိုင်ကြားစာတွင်  သြဂုတ်လ (၂၈) ရက်နေ့ က တောင်ယာတွင် ရှိနေသော ဦးမောင်စိန်အား တပ်ရင်းမှူးနှင့် အဖွဲ ့က ၀ုိင်းကာ သေနတ် (၂) ချက် ပစ်ဖောက် ခြိမ်းခြောက်ခဲ့ကြောင်း၊ ဦး မောင်စိန်အား ကုလားတန်မြစ်တဘက်ကမ်းတွင်ရှိ သည့် ဦးကျော်အောင် တောင်ယာ တွင်ခေါ်ဆောင်ပြီး ညှင်းပမ်းနှိပ် စက်ခဲ့ရာ တစ်နာရီခန် ့ သတိမေ့ ခဲ့ကြောင်း သိရသည်။

အလားတူ သြဂုတ်လ (၂၉) ရက်နေ့ကလည်း တောင်ယာတွင်ရှိနေသော ဦးကျော်အောင်အား ထပ်မံ ဖမ်းဆီး ကာ လက်ကိုနောက်ပြန် တုတ်ချီနှောင်ပြီး ထိုးကြိတ်ခဲ့သည်ဟု သိရသည်။

ထို ့အပြင် တပ်ရင်းမှူးသည် စက်တင်ဘာလ (၁) ရက်နေ့ကလည်း ဦးအောင်ကျော်လှ၏ နားရွက် ကိုကပ်၍ သေနတ် ပစ်ဖေါက် သည့်အပြင် တုတ်နှင့်ရိုက်နှက်သဖြင့် (၄) နာရီခန် ့သတိလစ် သွားကြောင်း၊ သတိပြန်ရ လာသည့်အခါတွင် ဦးအောင်ကျော်လှကို ဦးမောင်စိန်နှင့်အတူ နေပူထဲ ထားရှိပြီး ညလုံးပေါက်ချုပ်နှောင်ကာ နောက်နေ့မနက် (၉) နာရီကျမှ  ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းတို့၏ တိုင်ကြားစာတွင်ဖော်ပြထားသည်။

စက်တင်ဘာ (၁)ရက်နေ့ကလည်း ဦးကျော်အောင်၊ ဦးအေးလှ၊ ဦးကျော်မြင့်ဦးနှင့် ဦးအောင်ဆို တို ့ကိုလည်း ဦးကျော် အောင်၏ ယာတဲ တွင် တညလုံး ကြိုးတုတ် ချဉ်နှောင်ကာ စက်တင်ဘာ (၂) ရက်နေ ့ မနက် (၈) နာရီ တွင် ပြန်လည် လွှတ်ပေးခဲ့သည် ဟုသိရသည်။

တပ်ရင်းမှူး ဗိုလ်မှူး တင်ထွဋ်ဦး၏ မတရားဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရသော ဦးကျော်မြင့်ဦး၊ ဦး အောင်ကျော်လှ၊ ဦးအေးလှ၊ ဦးမောင်စိန်၊ ဦးကျော်အောင်၊ ဦးအောင်ဆို တို့သည် ပလက်ဝမြို့ နယ် ကုန်ပြင်ကျေးရွာ သားများ ဖြစ်ကြပြီး တောင်ယာ လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းပြုနေရ သူများဖြစ်ကြသည်။

၎င်းတို့ ၆ ဦးသည် ချင်းအမျိူးသားတပ်မတော်အဖွဲ့ နှင့် အဆက်အသွယ်လုပ် သတင်းပေးခဲ့ကြောင်း ၊ နောင်တွင် ဤကဲ့သို့ မပြုလုပ်တော့ ပါကြောင်း တပ်ရင်းမှူး တင်ထွဋ် ဦး မှ ကြိုတင်ပြင်ဆင်ရေး ထားသော ၀န်ခံဂတိပြု စာရွက်ပေါ်တွင် စက်တင်ဘာ ၄ ရက်နေ့က အတင်း အကြပ် လက်မှတ်ရေး ထိုးခိုင်းခဲ့သည် သိရသည်။

ထို ့အပြင် ကုန်ပြင်ကျေးရွာ၏ ဆယ်အိမ်မှူး တာဝန်ထမ်းဆောင်သူ ဦးရွှေစိန်အား ပလက်ဝမြို ့နယ် ရှင်းလက်ဝ စစ်တပ်စခန်း သို ့ ခေါ်ဆောင်သွားရာ ယနေ ့အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ယခုအချိန်သည် တောင်ယာ စပါးရိတ်သိမ်းချိန်ဖြစ်သောကြောင့် မိမိတို ့အတွက် အလွန်အရေး ကြီးနေသော အချိန်ဖြစ် သော်လည်း တပ်ရင်းမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မိမိတို ့အပေါ် အသက်အန္တာရာယ်ပေး မည်ကိုစိုးရိမ်နေ သောကြောင့် နေရပ် မပြန်ရဲဘဲ ဖြစ်နေကြကြောင်း၊ သို ့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများ က မိမိတို ့၏ အခက်အခဲကို အရေးယူဆောင်ရွက်ပေးရန် တင်ပြရခြင်းဖြစ်သည်ဟု ၎င်းတို ့၏ တိုင်တန်းချက် တွင် ဖေါ်ပြထားသည်။

ခလရ ၃၄၄ သည် ရခိုင်ပြည်နယ် ၊  ရသေ့တောင် အခြေစိုက် တပ်ရင်းဖြစ်ကြောင်း သိရှိရသည်။

k-1

k-2