ပထမဆုံး အကြိမ် ဘာသာပေါင်းစုံ ယုံကြည်မှု ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ကျင်းပ

ပထမဆုံး အကြိမ် ဘာသာပေါင်းစုံ ယုံကြည်မှု ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ကျင်းပ
by -
သျှမ်းသံတော်ဆင့်

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ ဘာသာပေါင်းစုံ ယုံကြည်မှု ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ အား မြန်မာပြည် တွင် ပထမဆုံး အကြိမ်အဖြစ် တောင်ကြီးမြို့ ရှိစိန့်ဂျိုးဇက် အောက်မေ့ ဘွယ်ဓမ္မာ ရုံတွင်  ကျင်းပခဲ့သည်။

စက်တင်ဘာလ ရ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ကြီးမြို့ရှိဘာသာရေးနှင့် လူမှုဖွံ့ဖြိုးရေး အသင်းအဖွဲ့များ၊ ဘာသာရေးအကြီးအကဲ များနှင့်လေ့လာသူ  ရာကျော်တက် ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ဘာသာရေးဆိုင်ရာ ငြိမ်းချမ်းရေး၊ ချစ်ကြည်မှုများရရှိလာစေရန်ရည်ရွယ်ကာ ရန်ကုန်မြို့ ရှိဘာသာ ရေးခေါင်း ဆောင်များအားဖိတ်ကြား၍ လူငယ်များနှင့်တွေ့ဆုံစေပြီး အမေးအဖြေများ ပြုလုပ်ကာ တစ်ဘာသာနှင့် တစ်ဘာသာကြားသိသင့်သိထိုက်သော ယဉ်ကျေးမှုများအကြောင်း ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

 “ဒီလိုပွဲမျိုးကို ဘာသာရေးပဋိပက္ခ တွေဖြစ်ပွားမှ ပြုလုပ်တာထက် မဖြစ်ခင်ကလုပ်တာပို ကောင်းတာပေါ့ ဒါမြန်မာပြည်မှာပထမဆုံး လုပ်တဲ့ဘာသာပေါင်းစုံနှီးနှောဖလှယ် ပွဲကြီးဖြစ်တယ် ။တစ်ခြားမြို့တွေမှာလို ကျနော်တို့တောင်ကြီးမြို့ကို ဘာသာရေး ပဋိပက္ခ အဖြစ်မခံနိုင်ပါဘူး ” ဟု ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့၏ ဗုဒ္ဓဘာသာတာဝန်ခံ ကော်မတီအဖွဲ့ဝင်  ဦးနေမျိုးက ပြောသည်။

ယင်းကဲ့သို့နှီးနှောဖလှယ်ပွဲ ပြုလုပ်ခြင်းအားဖြင့်ဘာသာတစ်ခုနှင့်တစ်ခုကြား ယဉ်ကျေးမှု၊ နားလည်မှု၊ အယူအဆ များပွင့်လင်းမြင်သာမှုရှိလာကြောင်း၊ အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်သူ ကိုလတ် ကပြောသည်။

 “အရင်ကသီးသီး သန့်သန့် ပုံစံမျိုးလေးတွေရှိခဲ့တယ် အခုလိုမျိုးနွေးနွေးထွေးထွေးနဲ့ ဘာသာရေးမှာ ပူးပေါင်းတဲ့အတွက် ကြောင့်ချစ်ကြည် ရင်းနှီးမှုတွေရသွားတယ် အဓိက ကတော့ ငြိမ်းချမ်းဖို့ အတွက်ပေါ့ ” ဟု လေ့လာသူတဦးကလည်း သုံးသပ်သည်။

ဘာသာပေါင်းစုံငြိမ်းချမ်းရေးအလုပ်အမှုဆောင်အဖွဲ့ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်စတင်ဖွဲ့ စည်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် သျှမ်းပြည်နယ်အစိုရအဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဌာနများအားဖိတ်ကြား ထားသော်လည်းတစ်ဦးတစ် ယောက်မှ တက်ရောက်ခြင်းမရှိကြောင်းသိရှိရသည်။