ပြည်တွင်းသုံးစွဲရန် ရရှိသည့် ရွှေသဘာဝဓာတ်ငွေ့ကို မြင်းခြံဂက်စ်တာဘိုင်နှင့် ဆားခါးသံမဏိစက်ရုံ ပို့မည်

ပြည်တွင်းသုံးစွဲရန် ရရှိသည့် ရွှေသဘာဝဓာတ်ငွေ့ကို မြင်းခြံဂက်စ်တာဘိုင်နှင့် ဆားခါးသံမဏိစက်ရုံ ပို့မည်
by -
မဇ္စျိမ

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ပြည်တွင်း သုံးစွဲရန် ရရှိသည့် ဓာတ်ငွေ့များကို မြင်းခြံသဘာဝ ဓာတ်ငွေ့ ထိန်းဖြန့်စက်ရုံ (Gas Turbine)နှင့် ဆားခါးသံမဏိ စက်ရုံတို့ကို ပို့လွှတ်သွားမည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသည့်ဓာတ်ငွေ့များကို အရှေ့တောင်အာရှ သဘာဝဓာတ် ငွေ့ပိုက်လိုင်း၏ တောင်သာ Off-Take မှ ထုတ်ယူ ပြီး မြင်းခြံသဘာဝဓာတ်ငွေ့ ထိန်းဖြန့်စခန်းအထိ၁၅ မိုင်ရှည်သော တောင်သာ-မြင်းခြံသဘာဝဓာတ်ငွေ့ပိုက်လိုင်းကိုပို့လွှတ်ရန်ဇွန်လ၁၇ရက်မှစတင် ဆောင် ရွက်နေခဲ့ခြင်း ဖြစ်သည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ပြည်တွင်းသုံးစွဲရန် ရရှိသည့်ဓာတ်ငွေ့များမှ နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၁-၁၂ သန်းအကြားကိုသုံးစွဲနေပြီး ရွှေသဘာ ၀ဓာတ်ငွေ့ တစ်ရက်ထုတ်လုပ်မှုမှ ဓာတ်ငွေ့ ကုဗေပေ သန်း ၁၀၀ ကို စာချုပ်ပါအရ သုံးစွဲခွင့်ရှိသော်လည်း လက်ရှိအချိန်တွင် ပြည်တွင်း၌ အသုံးပြုမည့် fh Turbine များ တည်ဆောက်မှု မပြီးစီးသေး သည့်အတွက် ဓာတ်ငွေ့ ကုဗပေ ၁၁-၁၂ သန်း အကြားသာ သုံးစွဲမှုရှိနေသေး သည်ဟု မြန်မာ့ရေ နံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြင်းခြံသို့ ဓာတ်ငွေ့ပို့လွှတ်နိုင်ရန် ပိုက်လိုင်းနှင့် ပတ်သက်သည့် ကြီးကြပ်ရေးကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းက တာဝန်ယူဆောင်ရွက် လျက်ရှိ ပြီး ပိုက်များပို့ဆောင်ခြင်း၊ စက်ယာဉ်ယန္တရားများ ပို့ ဆောင်ခြင်း၊ ပိုက်လိုင်းလမ်းအူကြောင်း ဖောက်လုပ်ရေးလုပ်ငန်းများနှင့် ပိုက်လိုင်း သွယ်တန်းရေးလုပ်ငန်း များကို ပြီးစီးအောင် ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှထွက်ရှိသည့်ဓာတ်ငွေ့ကို ကျောက်ဖြူတာဘိုင်၊မှန်စက်ရုံ၊ နေပြည်တော်ရှိ ဘိလပ်မြေစက်ရုံ၊ ကျောက်ဆည်လျှပ်စစ်ဓာတ်အား   ပေးရေးစက်ရုံများတွင် သုံးစွဲနေသည်။

ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းကို ဒေဝူးကုမ္ပဏီက ဦးစီးလုပ်ကိုင်နေပြီး မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း နှင့် အခြားနိုင်ငံခြားကုမ္ပဏီသုံးခု တို့က ရှယ်ယာပါ၀င်ထားပြီး၂၀၁၃ တွင် တရုတ်နိုင်ငံ သို့ စတင်တင်ပို့ရောင်းချခဲ့သည်။