မီဒီယာနှင့် ကရင်လွှတ်တော် ထိတွေ့မှုမရှိဟု ပြည်နယ်လွှတ်တော် ဥက္ကဌ ပြော

မီဒီယာနှင့် ကရင်လွှတ်တော် ထိတွေ့မှုမရှိဟု ပြည်နယ်လွှတ်တော် ဥက္ကဌ ပြော
by -
ကေအိုင်စီ

ကရင်ပြည်နယ်တွင် အစိုးရသစ်လက်ထက် ပြည်နယ်လွှတ်တော်ကျင်းပလာခဲ့ရာ ၃ နှစ်ကျော်အတွင်း သတင်းမီဒီယာနှင့် ပြည်နယ်လွှတ်တော် ထိတွေ့မှုမရှိဟု ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဖြစ်သူ စောအောင်ကျော်မင်းက စက်တင်ဘာ ၂ရက်နေ့၌ ကေအိုင်စီသို့ ပြောဆိုလိုက်သည်။

“ကရင်ပြည်နယ်လွှတ်တော်မှာ သတင်းထောက်တွေ သတင်းတက်ရောက်ယူနိုင်ဖို့ဆိုရင် ပြည်နယ် လွှတ်တော်မကျင်းပမှီ ၁၀ ရက်အတွင်း မိမိသတင်းတိုက်၊ ဓါတ်ပုံ၊ အယ်ဒီတာအမည် စတာတွေ သက်ဆိုင်ရာ လွှတ်တော်ဌာနအသီးသီးကို လျှောက်လွှာ ကြိုတင် တင်ရပါတယ်။ မီဒီယာတွေ သတင်းလာယူတာတော့ မတွေ့ရဘူး”ဟု စောအောင်ကျော်မင်းက ပြောဆိုသည်။

DSC042666

ထိုသို့ လျှောက်လွှာကြိုတင် တင်ပြီးနောက် သတင်းယူမည့် မီဒီယာများအနေဖြင့် လွှတ်တော်ကျင်းပရာနေရာ အဆောက်အဦးအတွင်းသို့ ၀င်ရောက်သတင်းရယူခွင့် မရှိသလို လွှတ်တော်ဆွေးနွေးမှုပြီးဆုံးသည့်အခါ၌ လည်း လွှတ်တော်ကိုယ်စားလှယ်များကို အဆောက်အဦး၏ အပြင်ဘက်မှာသာ တွေ့ဆုံမေးမြန်းခွင့်ပြုထား ကြောင်းလည်း သိရသည်။

စောအောင်ကျော်မင်းက “ပြည်နယ်လွှတ်တော်သက်တမ်းတလျှောက် အခုထိ သတင်းသမားတွေတော့ မလာဘူး။ ကရင်ပြည်နယ် အစိုးရလက်အောက် ပြန်ဆက်(သတင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန)တစ်ခုပဲ သတင်းလာမေးတာ ရှိတယ်”ဟု ဆက်ပြောသည်။

ပြည်နယ်လွှတ်တော်အတွင်း သတင်းရယူခွင့် ခက်ခဲမှုနှင့် ပတ်သက်၍ Hot News မှ ဖားအံမြို့ ဒေသခံ သတင်းထောက် ကိုပွင့်စန်း့(ပုပ္ပါး)က “ပြည်နယ်လွှတ်တော်ကျင်းပတာ ၁၀ ကြိမ်ကျော်ရှိပါပြီ။ သတင်းသမား တွေကို ဖိတ်ကြားတာလည်း မရှိဘူး။ ပြည်နယ်အစိုးရက မီဒီယာသမားတွေကို လိုလိုလားလားရှိတာ မတွေ့ ရဘူး။ သတင်းသမားတွေက ပြည်နယ်လွှတ်တော်သတင်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ သတင်းယူနေ ရပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လူထုအကျိုးအတွက် ရှေးရှု၍ ကရင်ပြည်နယ်အစိုးရအနေဖြင့် ကရင်ပြည်နယ်လွှတ်တော်တွင် မီဒီယာ များကို လွတ်လွတ်လပ်လပ် နေရာတစ်ခု ဖွင့်ထားပေးသင့်သည်ဟုလည်း ကိုပွင့်စန်း(ပုပ္ပါး)က ဆိုသည်။

ကရင်ပြည်နယ်တွင် သတင်းမီဒီယာသမားများနှင့်သက်၍ လွတ်လပ်စွာ သတင်းရယူခွင့် အားနည်းနေသေး သည့်အတွက် ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်တို့၏ လုပ်ဆောင်ချက် ဖြစ်ရပ်မှန်များကို သိရှိရန် အလွန်ခက်ခဲကြောင်း ပြည်နယ်အတွင်းရှိ လူထုများက ပြောဆိုနေသြသည်။

ကရင်ပြည်နယ်လွှတ်တော်ကို ပြီးခဲ့သည့် ၂၀၁၁ခုနှစ်က စတင်ခဲ့ပြီး လက်ရှိ လွှတ်တော်အဆောက်အဦးကို ဖားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ သီရိကွင်းအနီးတွင် တည်ရှိသည်ဟုသိရသည်။

၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ကရင်ပြည်နယ်လွှတ်တော်၌ လွှတ်တော်အမတ် ၂၃ ဦးရှိသည့်အနက် ၁၃ ဦးသည် အစိုးရဝန်ကြီးဌာနများတွင် ၀င်ရောက်တာဝန်ထမ်းရသည့်အတွက် လက်ရှိ ပြည်နယ်လွှတ်တော် တွင် ဥက္ကဌနှင့် ဒုတိယ ဥက္ကဌ၊ တပ်မတော် သားအမတ် ၄ ဦးအပါအဝင် ၁၀ဦးရှိသော်လည်း တစ်ဦး ကွယ်လွန်သွားသဖြင့် လက်ရှိ ၉ ဦးသာ ရှိကြောင်း သိရသည်။

Most read this week