ယူနတီဂျာနယ်အမှုတွင် တရားလိုပြသက်သေများ၏ ထွက်ချက်ကို အလေးမထားဘဲ အမိန့်ချမှတ်ခဲ့သည့်အတွက် မူလအမိန့်ကို ပယ်ဖျက်ပြီး တရားသေ လွှတ်ပေးရန် သြဂုတ်လ ၂၈ရက်ကမကွေး တိုင်းဒေသကြီး တရားလွှတ်တော်တွင် လျှောက်ထား ခဲ့သည်ဟု တရားခံများ၏ အကျိုးတော်ဆောင် တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
"တရားလိုပြ သက်သေများရဲ့ ထွက်ချက်များကို အလေးမထားဘဲ တစ်ဘက်သတ် အမိန့်ချမှတ်ထားတာ ဖြစ်တဲ့အတွက် မူလအမိန့်ကို ပယ်ဖျက်ပေးပြီး ကျွန်တော့်သတင်းထောက်များကိုတရားသေလွှတ် ပေးစေလိုပါ တယ်၊ ၁-၈-၂၀၁၄ နေ့က နိုင်ငံတော်သမ္မတကြီးနဲ့ စာနယ်ကောင်စီတွေ့ဆုံပွဲမှာလည်း ပြစ်ဒဏ် ချမှတ်ထားတဲ့ စာနယ်ဇင်းသမားတွေကို ကူညီလို့ရမယ့် ဥပဒေအရဆောင်ရွက်ပေးသွားမယ် ပြောထားတဲ့အတွက်လည်း မကွေးတိုင်းဒေသကြီး တရား လွှတ်တော်မှ ကျွန်တော်၏ လျှောက်လဲချက်ကို ကူညီဆောင်ရွက်ပေး မယ်လို့မျှော်လင့်ပါတယ်" ဟု လျှောက်ထားခဲ့ကြောင်း ၎င်းက ပြောသည်။
မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် အယူခံလျှောက်ထားသော ယူနတီဂျာနယ်တရားခံသတင်း ထောက်များဖြစ်သည့် ကိုစည်သူစိုး၊ ကိုလူမော်နိုင်၊ ကိုရာဇာဦးနှင့် ကိုပိုင်သက်ကျော်တို့၏တရား လွှတ်တော် ရှေ့နေဦးရောဘတ်စန်းအောင်က ပထမအယူခံလျှောက် လဲ ချက်တင်သွင်းခဲ့ခြင်းဖြစ်သည်။
အမှုအမှတ် ၅၉/၂၀၁၄ ယူနတီဂျာနယ် အမှုဆောင်အရာရှိ ဦးတင်ဆန်း၏တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်း ကလည်း အယူခံလျှောက်လဲချက်ကိုတရား လွှတ်တော်ရုံးတွင် ဖတ်ကြားလျှောက်ထားခဲ့သည်ဟုကာယကံရှင်များ ထံမှသိရသည်။
ယူနတီဂျာနယ် အမှုဆောင်အရာရှိ ဦးတင်ဆန်း၏ တရားလွှတ်တော်ရှေ့နေ ဦးကျော်လင်းမှ ဤအမှုနှင့် ပတ်သက်၍ "ဥပဒေအရ ဆုံးဖြတ်ကူညီရဲရင်တော့ ဒီအမှုကို လုပ်ပေးလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအမှုကို စတင်ကထဲက အမှုစွဲပြီးမှ ခွင့်ပြုမိန့်တင်တယ်။သက်သေခံ ပစ္စည်းတွေ သိမ်းဆည်းစဉ်ကလဲ အထူးဥပဒေ ပုဒ်မ-၁၁ အရ ရှာဖွေဝရမ်း မပါဘဲသိမ်းပြီးမှလက်မှတ်ထိုးခိုင်းတယ်ဗျာ" ဟု အမှုကြားနာစစ်ပြီး ချိန်တွင် ရှေ့နေဦးကျော်လင်းက မဇ္စျိမ ကိုပြော သည်။
ဤ အယူခံအမှုကို နောက်နှစ်ပါတ်လောက်ကြာမှ အမိန့်ချမည်ဟု ရှေ့နေဦးရောဘတ်စန်းအောင်က ခန့်မှန်း၍ ရှေ့နေ ဦးကျော်လင်းကမူ တစ်လကျော်ခန့်မှာ အမိန်ချမှတ်လိမ့်မည်ဟု ခန့် မှန်းကြောင်းဆိုသည်။
မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၌ သြဂုတ် ၂၈ ရက်၊ နံနက် ၉နာရီခွဲတွင် ဦးတင်ဆန်း၏ တရားလွှတ် တော်ရှေ့နေ ဦးကျော်လင်း၊ ချိန်ပါရှေ့နေကိုလူ လှိုင်မင်းအောင်၊ ဦးတင်ဆန်း၏ တူကိုအောင်ဝင်းထွန်း နှင့် ကိုရာဇာဦး၏ မိခင်ဒေါ်ချို၊ ၎င်း၏ အဒေါ် ဒေါ်သန်းအေး၊ ကိုစည်သူ၏ မိခင် ဒေါ်အုန်းနွဲ့၊ ကိုလူမော်နိုင်၏ ဇနီး မလွင်လွင်မြင့် နှင့် သမီးမိသားစုသုံးဦးနှင့် သတင်းများ၏ အကျိုးတော်ဆောင် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်တို့ တရားရုံးသို့ တက်ရောက်ခဲ့ကြသည်။