ချင်းပြည်နယ် နေ ့စားလပေး ကျောင်းဆရာ/မ (၃၀) ကျော်နေရာအတွက် အလုပ်ပြန်ခေါ်မည်

ချင်းပြည်နယ် နေ ့စားလပေး ကျောင်းဆရာ/မ (၃၀) ကျော်နေရာအတွက် အလုပ်ပြန်ခေါ်မည်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်မည့် နေ ့စားလပေး ကျောင်းဆရာ/မ (၃၀) ကျော်သည် ယနေ ့ချိန်အထိ ၎င်းတို ့ တာဝန်ကျသည့် ဒေသ သို ့ရောက်ရှိ နိုင်ခြင်းမရှိသောကြောင့် လာမည့် စက်တင်ဘာလအတွင်း ယင်းနေရာများအတွက် အလုပ်ပြန်လည် ခေါ် ယူမည်ဖြစ်သည်။

ချင်းပြည်နယ်၌ သက်ဆိုင်ရာကျောင်းများအတွက် ၂၀၁၄ခုနှစ် သြဂုတ်လ (၁) ရက်နေ ့က နေ ့စား လပေး ကျောင်း ဆရာ/မ (၁၆၄၀) ကို အလုပ် ခန် ့ထားပြီး ဖြစ်သော်လည်း ယနေ ့အထိ သက်ဆိုင်ရာ တာဝန်ကျရာ ဒေသသို့အယောက် ၃၀ ကျော် ရောက် ရှိနိုင်ခြင်းမရှိကြောင်း ပြည်နယ် ပညာရေး ရုံးမှ အရာရှိ ဦးဗန်ရိုထန်း၏ ပြောဆိုချက်ကို ကိုးကားပြီး The Messenger Media တွင်ဖေါ်ပြ ထားသည်။

အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ချင်းပြည်နယ်တောင်းပိုင်း ကန်ပက်လက် နှင့် ပလက်ဝမြို ့ နယ်များတွင် တာဝန်ကျမည့် ကျောင်းဆရာ/မ များသည် ၎င်းတို့တာဝန်ကျရာဒေသ သို့ ရောက်မလာကြကြောင်း ပညာရေးရုံးအရာရှိက ပြောသည်။

မိမိတာဝန်ကျရာဒေသများသို ့ ရောက်ရှိခြင်းမရှိသည့် ပုဂ္ဂိုလ်များအတွက် မည်သည့် မှတ်ချက်ပေး ခြင်းရှိမည် မဟုတ်ကြောင်း၊ အလုပ်ပြန်လည်ခေါ်ယူရာတွင် ယခင်ခေါ်ယူခဲ့သည့် စာမေးပွဲ အမှတ်စဉ်အလိုက် ပြန်လည်ခေါ် ယူမည်ဖြစ်ကြောင်း သိရသည်။

အစိုးရက နေ့စား လပေး ဆရာ/မ ၀န်ထမ်းများကို တစ်နေ့လျှင်ကျပ်ငွေ ငါးထောင်နှုန်းဖြင့် ခန့်အပ် သွားမည်ဖြစ် ရာ တစ်လလျှင် ကျပ်ငွေ တစ်သိန်းကျော် ရရှိမည်ဖြစ်သည်။

ချင်းပြည်နယ် ကျေးလက်ဒေသများတွင် ကျောင်းဆရာ/မများ မလုံလောက်သောကြောင့် ဘွဲ ့ ရ သူများကို တစ်နှစ်လျင် စပါးတင်းပေါင်း (၁၀၀) အထိပေးကာ ဌားရမ်းနေရကြောင်း၊ ဆင်းရဲနွမ်း ပါးသည့် ဒေသများ ရှိ ပြည်သူများမှာ ထိုပမာဏအထိ ပေးရန် စပါးမထွက် ရှိသောကြောင်း ဌား ရမ်းခြင်းမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ၂၀၁၃-၁၄ ပညာသင်နှစ် တက္ကသိုလ် ၀င်တန်း စာပေးပွဲတွင် အောင်ချက်အနိမ့်ဆုံးဖြစ် သည့် ချင်းပြည်နယ်တွင် သက်ဆိုင်ရာ အစိုးရက ၂၀၁၄-၁၅ ပညာသင်နှစ်အတွက် နေ ့စား လပေး ကျောင်းဆရာ/မ များအား အလုပ်ခန့် ထောင်နဲ ့ချီ အလုပ်ခန် ့ ထားခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် မှတ်တမ်းများအရ ချင်းပြည်နယ်တွင် အထက်တန်းကျောင်း (၂၈)၊ အထက် တန်းကျောင်းခွဲ (၃၀)၊ အလယ်တန်း ကျောင်း (၈၂)၊ အလယ်တန်းကျောင်းခွဲ (၃၇)၊ မူလတန်း လွန်ကျောင်း (၃၆၀)၊ မူလတန်းကျောင်း (၁၀၆၅) စုစုပေါင်း (၁၆၀၂) ကျောင်းရှိကြောင်း သိရသည်။

ထို ့အပြင် အစိုးရက ချင်းပြည်နယ်၌ ၂၀၁၄-၁၅ ခုနှစ် ပညာသင်နှစ်အတွက် ၂၀၁၄ခုနှစ် ဇွန်လ (၁) ရက်နေ ့ တွင် အထက်တန်းကျောင်းခွဲ (၁၁) ကျောင်း အား ထပ်မံဖွင့်လှစ်ခွင့်ပြုခဲ့သည်။

Most read this week