မြို့စွန် မြို့ပြင်များရှိ လယ်ယာမြေများကို ကြိုတင်ရင်းနှီးမြှုပ်နှံပြီး အခြားနည်းဖြင့် ပြောင်းလဲသုံးစွဲခွင့်ရရှိ အောင်လာဘ်ပေး လာဘ်ယူများပြုလုပ်ပြီး ဥပဒေနှင့်မညီသော လုပ်ရပ်များပြုလုပ်လျက်ရှိသည်ဟု နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်ကအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ တွင် ပြောကြားလိုက် သည်။
“လယ်ယာမြေတွေကို အခြားနည်းနဲ့ ပြောင်းလဲသုံးစွဲခွင့်ရအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ကြလို့ လာဘ်ပေးလာဘ်ယူနဲ့ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ ပါ၀င်လာတာကိုတွေ့ရှိရပါတယ်။ အရေး ကြီးဆုံးက တော့မြို့ပြစီမံကိန်းနဲ့ မညီညွတ်တာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။
မြေမဲ့ယာမဲ့များအတွက် မြေယာများ ပြန်လည်နေရာချထားရေးအတွက် သြဂုတ် ၁၅ ရက်က မြန်မာကွန် ဗင်းရှင်းစင်တာတွင် ၀န်ကြီးများပါ၀င်သည့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဇုန်များကို စနစ်တကျခင်းကျင်းစီမံမှသာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပြီး တစ်ယောက်တစ်မျိုး ဆောက်ချင် သည့်မြေ နေရာများဆောက်လုပ်ပါက နောင်အချိန်တွင် ပြန်ဖျက်ပြန်ပြင်ရသည့် အခြေအနေမျိုဆိုက် ရောက်မည်ကို ဂရုပြုကြမည်ဟု ၎င်းကဆက်ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင်စက်ရုံ၊ မြို့ပြ စီမံကိန်းများအတွက် စီးပွားရေးလုပ်ငန်းများ အပါအဝင် အသီးသီး အတွက် လယ်မြေ ဧက ၁၂ သိန်းကျော်ရှိပြီး လယ်မြေဧကရှစ်သိန်းသာလျှင် နိုင်ငံတော်တွင် တရားဝင် လုပ်ကိုင်လျက် ရှိကာ လေးသိန်းကျော်မှာ တရားမဝင်လုပ်ကိုင်လျက်ရှိသည်ဟု ဆွေးနွေးသည်။
“မြေစာရင်းပုံစံ ၁၀၅ အရ တရားဝင်အကွက်ကော တရားမဝင်အကွက်ကော တစ်ဆင့်ရောင်းချနေပါတယ်။ ၁၀၅ ရပြီးဆိုတာ တစ်ဆင့်ရောင်းတဲ့ကိစ္စမြေငှားဂရန် စာချုပ်နဲ့ အရပ်ကတိနဲ့ လုပ်တဲ့အခါ မြေ စာရင်းဌာန မှာစာရင်းမဝင်ဘူး”ဟု ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကျော် မြင့်က ဆွေးနွေးပွဲတွင် ပြောသည်။
လက်ရှိမြန်မာနိုင်ငံ၏ မြေစာရင်း မြေပုံ နှင့်ကိန်းဂဏန်းများသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ပြုလုပ် ထားသည့် စာရင်းများဖြစ်၍ လက်ရှိတွင်လွဲမှားမှုဖြစ် ပေါ်နေသည်ဟု ဆိုသည်။ ထိုလွဲမှားမှုများက လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ နိုင်ငံတော်အဆင့်ကဆောင် ရွက်မှသာ အောင်မြင်နိုင်မည်ဟု ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆွေးနွေးသည်။