ချင်းပြည်နယ် ကျေးလက်ဒေသပြည်သူများ အစာရေစာ ပြတ်လပ်မှုဖြေရှင်းရေးအတွက် ဂျပန်နိုင်ငံမှ Nippon Foundation က ကျပ်သိန်းပေါင်း ၁၈၀၀ ကူညီမည်ဟု သိရှိရသည်။
ကျပ်သိန်းပေါင်း ၁၈၀၀ ကို Nippon Foundation က ကာလပေါက်စျေးအတိုင်း ၀ယ်ယူပြီး ချင်းပြည်နယ် (၉) မြို့နယ် တွင် ဖြန့်ဝေသွားမှာဖြစ်ကြောင်း နှင့် ကူညီမည့် ပမာဏကို ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းပြည်နယ်အစိုးရမှ အောက်ပါအတိုင်း ခွဲဝေခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့နယ်အတွင်း ကျပ်သိန်း ၂၀၀၊ ပလက်ဝမြို့နယ်အတွင်း ကျပ်သိန်း ၃၀၀၊ မတူပီမြို့နယ်အတွင်း ကျပ်သိန်း ၂၅၀၊ ထန်တလန်မြို့နယ်အတွင်း ကျပ် သိန်း ၃၀၀၊ ဟားခါးမြို့နယ်အတွင်း ကျပ်သိန်း ၂၀၀၊ မင်းတပ်မြို့နယ်အတွင်း ကျပ်သိန်း ၂၀၀၊ ကန်ပက်လက်မြို့နယ်အတွင်း ကျပ်သိန်း ရ၅ ( ကျပ် သိန်း ၁၅၀ ကူညီပြီး)၊ တွန်းဇံမြို့နယ်အတွင်း ကျပ်ငွေသိန်း ရ၅ ( ကျပ်သိန်းပေါင်း ၁၅၀ ကူညီပြီး)၊ တီးတိန်မြို့ နယ်အတွင်း ကျပ်သိန်း ၂၀၀ ဖြစ်သည်။
” နောက်လ စက်တင်ဘာလမှာ အပြီးအစီးဖြန့်ဝေနိုင်မယ်လို့ ခန့်မှန်းထားပါတယ်၊ သူတို့ (Nippon Foundation) တာဝန်ရှိတွေ ကိုယ်တိုင်က ဆန်အိတ်ဝယ်ယူမှာဖြစ် တယ် ” ထန်တလန်မြို့၊ CNF ဆက်ဆံရေးရုံး မှ တာဝန်ရှိဖြစ်သူ ဆ လိုင်း ဗျက်ပုမ်က ပြောသည်။
ဆန်အိတ် ခွဲဝေဖြန့်ချိရေးနှင့် ပါတ်သက်ပြီး အသေးစိပ် အချက်အလက်များကို CNF ထန်တလန်ဆက်ဆံရေးရုံး နှင့် ချင်းပြည်နယ် အစိုးရ မှ ကောက်ခံပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ကြောင်း ထပ်ဆိုသည်။
Nippon Foundation (Japan) သည် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် အတွင်း ချင်းပြည်နယ် တီးတိန်၊ ထန်တလန်၊ မတူပီ၊ ပ လက်ဝ မြို့နယ် ကျေးလက်ဒေသတချို့တွင် ဆန်အိတ် များ ဖြန့်ဝေပေးခဲ့သည်။
၂၀၀၆ ခုနှစ်ကတည်းက ၀ါးသုဉ်းမှုဒါဏ်ကြောင့် အစာရေစာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော ချင်းပြည်သူ များသည် ယခုနှစ်တွင်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် အစာရေစာ ပြတ်လပ်မှုနှင့် ဆက်လက်ရင်ဆိုင် နေရကြောင်း သတင်းများအရ သိရသည်။