မန်းပဋိပက္ခ တရားစွဲဆိုခံထားရသူများ လူ့အခွင့်အရေးဆုံးရှုံးသည်မှာ မဟုတ်မှန်ဟု ပြည်ထဲရေးက ကာကွယ်ပြောကြား

မန်းပဋိပက္ခ တရားစွဲဆိုခံထားရသူများ လူ့အခွင့်အရေးဆုံးရှုံးသည်မှာ မဟုတ်မှန်ဟု ပြည်ထဲရေးက ကာကွယ်ပြောကြား
by -
မဇ္စျိမ

မန္တလေးမြို့ပဋိပက္ခတွင် ဖြစ်စဉ်အရင်းအမြစ် တရားခံဟု ယူဆရသူလေးဦးအား ပျဉ်းမနားမြို့နယ်တရားရုံး၌ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းတရားခံများ လူ့အခွင့်အရေး ဆုံးရှုံးလျက်ရှိကြောင်း ထွက်ပေါ်နေသည့် သတင်းများမှားယွင်းသည်ဟု အမည်မဖော်လိုသူ ရဲ အရာရှိကြီးတစ်ဦးက ကာကွယ်ပြောဆိုလိုက်သည်။

“ရဲထွဋ်က နံနက်စာကို အစ္စလာမ်ဘာသာ ရောင်းတဲ့ဆိုင်က ဘာစားချင်တယ်လို့ ပြောတာနဲ့ ၀ယ်ပေးရတယ်။ နုနုမြတ်က ဖိနပ်ဝယ်ပေးဆိုလို့ ၀ယ်ပေးတယ်၊ ဒါတောင် ရေချိုးရင်စီးဖို့ တစ်ရံ၊ ရိုးရိုးစီးဖို့ တစ်ရံ ၀ယ်ပေးရ တယ်”ဟု ယင်းအရာရှိက မဇ္ဈိမကို ပြောသည်။

Mandalay-unrest-Myanmar-trial

သြဂုတ်လ ၄ ရက်က ရုံးထုတ်လာစဉ် ဦးရဲထွဋ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၅၄ ပါ အခွင့်အရေးကို ခံစားခွင့်မရ ကြောင်း အခွင့်အရေးများ ဆုံးရှုံးကြောင်း အချုပ်ကား မှန်တံခါးမှတစ်ဆင့် အော်ဟစ် ပြောကြားခဲ့သည်ကို သတင်းများတွင် ဖော်ပြမှုအပေါ် ရည်ရွယ်၍ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရဲထွဋ်(ခ) သူရရဲထွဋ်၏ ဇနီးအား အစာမစားခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ “သူဘာကြောင့် မစားတာလဲဆိုတာ ကျွန်မလဲ မသိဘူး။ ကျွန်မကိုလည်း မပြောဘူး”ဟု မီဒီယာများကို ဖြေကြားသည်။

တရားခွင်တွင် စစ်ဆေးမေးမြန်းချိန်၌ပင် မသင့်လျော်သော အနေအထိုင်များကြောင့် “သူတို့နှစ်ယောက်က ချွေးသုပ် ပေးတာကတစ်မျိုး၊ ပခုံးတွေ နှိပ်ပေးတာ၊ တရားခွင်မှာ ကွမ်းသွေးတွေ တဗျစ်ဗျစ်နဲ့ ထွေးပြီး စကားတွေ တွတ်ထိုးနေတာတွေကြောင့် တရားသူကြီးအနေနဲ့ ကြားနာ စစ်ဆေးမှု အနှောင့်အယှက်ဖြစ်ရတဲ့အထိ ရှိတယ်”ဟု ရဲအရာရှိက ဆိုသည်။

သို့ရာတွင် လီဆယ်တိုင်တန်းမှုအား ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသူ ဦးတင်ဝင်းအောင်ကမူ “သူတို့က လည်း ရုံးကို မထီလေးစားလုပ်တဲ့အထိ မရှိပါဘူး၊ ဦးရဲထွဋ်က ကျန်းမာရေးမကောင်းပါဘူး၊ ဒေါ်နုနုမြတ်လည်း ဒီလိုပါပဲ။ တရားရုံးကလည်း သူတို့ရဲ့အခြေအနေအရ လွတ်လပ်ခွင့်ပေးတယ်၊ လွတ်လပ်ခွင့်ဆိုတာကလည်း အရမ်းကြီး စည်းလွတ် ဘောင်လွတ်မဟုတ်ဘူးလေ၊ အတိုင်းအတာတစ်ခုထိ ရှိပါတယ်” ဟုပြန်လည်ဖြေကြား ခဲ့သည်။

Most read this week