သံတွဲ မြို့တွင် နေရာအများစုရေကြီး အိမ်ထောင်စု ၂၀၀ ကျော်ပြောင်းရွှေ့နေရ

သံတွဲ မြို့တွင် နေရာအများစုရေကြီး အိမ်ထောင်စု ၂၀၀ ကျော်ပြောင်းရွှေ့နေရ
by -
မဇ္စျိမ

သံတွဲမြို့ မြို့တွင်းတွင် ရေ ဆယ်ပေခန့် မြင့်တက် လျှက်ရှိပြီး ရေဘေးသင့် အိမ်ထောင်စု ၂၀၀ ခန့် လွတ်ကင်းရားသို့ ပြောင်းရွှေ့နေရကြောင်း သံတွဲခရိုင်ရဲတပ်မှူး ရဲမှူးဦးခင်ဇော်ကသြဂုတ် ၆ ရက်တွင် မဇ္စျိမကိုပြောသည်။

သံတွဲ မြို့ တောင်ကျချောင်းရေကြောင့် တစ်မြို့လုံးနီးပါး နစ်မြုပ်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ကျွန်တော်ကိုယ်တိုင် နစ်နေတာဗျာ အခု တစ်မြို့လုံး နစ်သလို နစ်နေတယ်၊ ကယ်ဆယ်ရေးတွေလည်း အခုလုပ်နေကြပါတယ်”ဟု သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးခင်ဇော် ကပြောသည်။

ရခိုင်ပြည်နယ် သံတွဲ မြို့နှင့် တောင်ကုတ်မြို့တို့တွင် တောင်ကျချောင်းရေကြောင့် ရေကြီးမှုများဖြစ်ပေါ်နေပြီး သံတွဲမြို့ပေါ်တွင် ၁၀ပေခန့် မြင့်တက်လျှက် ရှိသည်ဟုဆိုသည်။

သံတွဲ မြို့ ညောင်ပင်စျေးရပ်ကွက်၊ သမုတ်ချောင်းရပ်ကွက်နှင့် အံတော်ရပ်ကွက်၊ အမှတ် ၁ ၊၂ ၊၃၊ ၄၊ ၅၊ ၆ ၊ ရ ရပ်ကွက်များတွင် ရေနစ်မြုပ်မှုများ ဖြစ်ပေါ်လျှက်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်

ပြောင်းရွှေ့ထားရကာ ထပ်မံပြောင်းရွှေ့မှုများ ပြုလုပ်နေဆဲဖြစ်သည်ဟု သံတွဲမြို့အုပ်ချုပ်ရေးမှူးက ဆိုသည်။

ထို့ပြင် သံတွဲ မြို့နယ် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း အတွင်းရှိ ဆည်ကျိုးကာ လူ သုံးဦး ရခိုင်ရိုးမ တောင်ကျချောင်းရေ၏ ရေစီးနှင့်မျောပါကာ သံတွဲ မြို့နယ် တလင်းဆိပ်ကျေးရွာမှ

တစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံ များက ပြောကြားသည်။ ထိုသတင်းကိုမူ ရဲတပ်ဖွဲ့က အတည်မပြုသေးပေ။

“တလင်းဆိပ်ရွာက လူတစ်ယောက် ချောင်းရေနဲ့ ပါသွားတယ်၊ အလောင်းပဲပြန်တွေ့တယ်” ဟု သံတွဲဒေသခံ ကိုမင်းခန့်က မဇ္စျိမကို ပြောသည်။

သံတွဲ မြို့သည် ပြီးခဲ့သည် ဇူလိုင် ၁၇ ၊၁၈ရက် များကလည်း ရေကြီးမှုများဖြစ်ပေါ်ကာ ရန်ကုန် -သံတွဲ ကားလမ်းများ ပိတ်မှုကြောင့် နှစ်ရက်ကြာ ယဉ်လိုင်းခရီးစဉ်များရပ်နားခဲ့ရသည်။

သြဂုတ်လ ၅ ရက်နေ့ နာဆာဂြိုဟ်တု တိုင်းတာချက်အရ  ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တောင်ပိုင်း၊ ဧရာဝတီအရှေ့ပိုင်း၊ ရန်ကုန်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးကြီးနိုင်သည်ဟု သူက သုံးသပ်ထားသည်။

Most read this week