သဘာဝဘေး သုံးငွေ ကျပ်သန်း ရ၀၀ မလောက်ပါ ကသမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ သုံးရန် တင်ပြမည်

သဘာဝဘေး သုံးငွေ ကျပ်သန်း ရ၀၀ မလောက်ပါ ကသမ္မတ၏ အရေးပေါ် ရန်ပုံငွေမှ သုံးရန် တင်ပြမည်
by -
မဇ္စျိမ

သဘာဝဘေး အန္တရာယ်အတွက် သုံးစွဲရန်လျာ ထားသော ကျပ်ငွေသန်း ရ၀၀ နှင့် လုံလောက်မှုမ ရှိပါက သမ္မတအရေး ပေါ်ရန်ပုံငွေ ကျပ်ငွေသန်း တစ်ထောင်ကို သုံးစွဲရန်တင် ပြပေးသွားမည်ဖြစ် ကြောင်းလူမှုဝန် ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးစိုးအောင်က ပြောသည်။

“ခုလက်ရှိ သဘာဝဘေး အန္တရာယ်ကြုံ လာရင် သုံးစွဲဖို့လျာ ထားတဲ့ ရန်ပုံငွေကလည်း လောက်နိုင်ပါတယ်။ ကြီးမားတဲ့ အရေးပေါ် ကယ်ဆယ်ရေး တွေလိုအပ်တဲ့ အခြေအနေတွေ ဖြစ်လို့ သမ္မတရန်ပုံ ငွေနဲ့မှ လောက် မယ်ဆို ရင်တော့ မဖြစ်မနေတင် ပြပေးသွားမှာပါ။ လက်ရှိရေကြီး ရေလျှံမှုတွေ နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်း / ပြည်နယ်အလိုက်အ စိုးရတွေက လုပ်ဆောင်ပေး နေပါတယ်”ဟု ၎င်းကဆိုသည်။

mmm-4

၂၀၁၄ ခုနှစ်၊ ဧပြီ ၂ မှစပြီး ဇွန်လကုန်အ ထိမြန်မာနိုင်ငံ အတွင်းရှိ မုန်တိုင်းဘေး၊ ရေဘေး၊ လေဘေး၊ မီး ဘေး၊ မြေပြိုခြင်း အစရှိသော သဘာဝဘေးအန္တရာယ်များ အတွက် ငွေကျပ် သန်း ၆၀ ခန့်ကုန်ကျပြီး ကယ် ဆယ်ရေး ထောက်ပံ့ပစ်္စည်းများလည်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ဦးစိုးအောင်က ဆက်လက်ပြောသည်။

ဇူလိုင်လနှင့် သြဂုတ်လ ပထမပတ်အ တွင်း မိုးသည်း ထန်စွာရွာသွန်းမှုများ ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား၍ ရေ ဘေးဒုက္ခသည်များ အခက်အ ခဲတွေ့နေရကြောင်း သိရသည်။

ရေကြီးရေ လျှံဖြစ်သော မြို့နယ်များတွင် ရေဘေး ဒုက္ခသည်များ အတွက် ခေါက်ဆွဲခြောက်၊ ရေသန့်ဘူးနှင့် တစ်နေ့လျှင် လူကြီးတစ်ယောက်အ တွက်ဆန်နို့ ဆီဘူးသုံးဘူး၊ ကလေးတစ်ဦးလျှင် ဆန်နို့ဆီဘူး တစ်ဘူးခွဲ ကိုသုံးရက်စာဖြစ်စေ၊ တစ်ပတ်စာဖြစ် စေထောက်ပ့ံပေးသည်ဟု လူမှုဝန်ထမ်း ဦးစီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး (နေပြည်တော်ရုံးမှ)ဆိုသည်။

“အခု ရေကြီးတာ တွေနဲ့ပတ်သက်ပြီး တော့သက်ဆိုင်ရာ မြို့နယ်အလိုက် အစိုးရအဖွဲ့တွေ အနေနဲ့ ဆောင် ရွက်လို့ နိုင်နင်း တယ်လို့ သိရပါတယ်”ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ် ထွေးကြည်က ပြောသည်။ဦးစီးဌာနက ကရင်ပြည်နယ်လှိုင်းဘွဲ့တွင် ရေကြီးသဖြင့် အိမ်ထောင်စုပေါင်း ၈၆ ခုမှ လူဦးရေ ၄၀၀ ကျော် တွင်ဆေးဝါးအခက်အခဲများရှိနေသဖြင့် ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီးဆေးဝါးများ ပို့ဆောင်ပေး ခဲ့ကြောင်း သိရ သည်။

“မိုး ကနေ့တိုင်း ရွာနေတော့တစ်ရွာလုံးလိုလို ရေဘေးသင့်နေကြပြီ။ ကလေး တွေဆိုရင်လည်း ကျောင်းမ သွားနိုင်ဘူး။ စားရေးသောက်ရေး နေရေးထိုင်ရေးအခက် အခဲဖြစ်ရတယ်။ သက်ဆိုင်ရာမြို့ နယ်အုပ်ချုပ်ရေး ပိုင်းဆိုင်ရာတွေကတော့ ဘာမှထောက်ပံ့ တာ တွေ မရှိသေးဘူး”ဟု လှည်းကူးမြို့နယ်၊ ငွေနံ့သာ စံပြကျေးရွာ မှ ဦးအောင်ကိုက ပြောသည်။

ပဲခူးမြို့ တွင်လည်း ရေကြီးမှုများ ဖြစ်နေသဖြင့် ရေဘေး ဒုက္ခသည်များ အတွက် အကူအညီလို နေကြောင်း လည်းဒေသခံဖြစ်သည့် ဒေါ်ကျင်မြက ပြောသည်။

Most read this week