နိုင်ငံတကာ မျက်နှာစာတွင် ဝေဖန်ခံနေရခြင်းကို ပြန်လည်ဖြေရှင်းရန် ရခိုင်ပြည်သူလူထုက လက်မခံသော အကူအညီပေးရေးအဖွဲ့ဖြစ်သည့် MSF ကို လက်ခံရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန် လိုက်သည်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့ ကို အစိုးရက ပြန်လည်ဖိတ်ခေါ်ခြင်းကြောင့် ရခိုင်ပြည်နယ်မြို့မိမြို့ဖအ ဖွဲ့၊ ရခိုင်လူမှုကွန်ရက်အဖွဲ့တို့က ပြည်နယ်အစိုးရထံသို့ ကန့်ကွက်စာပေးပို့ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
“လက်ရှိနိုင်ငံတကာမျက်နှာစာတွင် လွန်ကဲစွာ ဝေဖန်သုံးသပ်ခံနေရခြင်းများနှင့် အတူဆိုးရွားသောမကောင်း သော ပုံရိပ်များ ဖော်ဆောင်နေမှုတို့ကို ထင်သာမြင်သာရှိအောင် မဖြစ်မနေ အရေးကြီးအချိန် အခါဖြစ်ပါသဖြင့် ယခုကဲ့သို့ ဖိတ်ခေါ်ရခြင်း ဖြစ်သည်”ဟု ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ချုပ်ကထုတ်ပြန်ထား သည်။
ပြည်နယ်ဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရေးဆွဲထားသော ဖွံ့ဖြိုးရေးစီမံကိန်း တွင် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းပါ၀င်ရန် လိုအပ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါ၀င်သည်။
MSF ပြန်လည်ဝင်ရောက်ရေးကို ကန့်ကွက်ခဲ့သော စစ်တွေ မြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းထွန်းက “ကျွန်တော်တို့က ကန့်ကွက်ထားတယ်၊ ဒါကို ပြည်နယ်အစိုးရက ဆက်လုပ်တယ်ဆိုရင် နောက်ဖြစ်လာမယ့် ပြဿနာအားလုံးဟာ အစိုးရမှာပဲ တာဝန်ရှိတယ်”ဟု မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်တွင် UN, INGO များ၏ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူသည်ဟုလည်း ထုတ်ပြန်ထားသည်။ ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့က MSF အပါအဝင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ ပူးပေါင်း ပါ၀င်ကြရန် ဇူလိုင်လ ၂၄ ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ထားသည်။
ရခိုင်ဒေသခံတို့၏ ကန့်ကွက်မှုကြောင့် အကူအညီပေးရေးလုပ်ငန်းများ ရပ်နားထားရသော MSF အဖွဲ့ကမူ အစိုးရ၏ ကမ်းလှမ်းမှုကို သတိကြီးစွာကြိုဆိုသည်ဟု ထုတ်ပြန်ထားသည်။