မူးယစ်ဆေးဝါးမှုဖြင့် ချင်းလူမျိုးတစ်ဦး မီဇိုရမ်တွင် ထောင်ဒဏ် (၄) နှစ် ချမှတ်ခံရ

မူးယစ်ဆေးဝါးမှုဖြင့် ချင်းလူမျိုးတစ်ဦး မီဇိုရမ်တွင် ထောင်ဒဏ် (၄) နှစ် ချမှတ်ခံရ
by -
ခိုနူမ်းထုန်

ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့က လူကို မူးယစ်စေတတ်သော Methamphetamine ခေါ် စိတ်ကြွ ဆေးပြား ကြောင့် အဖမ်းခံရသော မြန်မာနိုင်ငံသားတစ်ဦးကို မီဇိုရမ်တရားရုံးက ဒဏ်ငွေ ရူပီး ၅၀၀၀ နှင့် ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်။

တရားခံမှာ စစ်ကိုင်းတိုင်း ကလေးမြို ့၊ တာဟန်း (F) ရပ်ကွက်နေ U Ramhleia ၏ သား Pu Khen Thawng (၄၇) ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း  ဘိန်းဖြူ ၁၃၃ ဂရမ် နှင့် Methamphetamine မြောက်များစွာကို မြန်မာနိုင်ငံမှတဆင့် မီဇိုရမ်ပြည်နယ် ကို သယ်ဆောင်လာပြီး စျေးကွက် စုံစမ်းရှာဖွေစဉ် မီဇိုရမ် Excise & Narcotics Anti-Narcotics Squad အဖွဲ့က မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းအမှုကို မီဇိုရမ်တရားရုံးမှ တစ်နှစ်ကျော် စစ်ဆေးခဲ့ပြီးနောက် အဆိုပါဆေးပြားသည် မူးယစ်ဆေးဝါးအဖြစ် အတည်ပြုပြီး ယခုနှစ် ဇူလိုင် ၂၄ ရက်နေ့က အမိန့် ချခံခဲ့ခြင်းဖြစ် ကြောင်း ယခုလို Methamphetamine ဆေးဝါးကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ပြီး  အပြစ်ပေးခြင်းသည်မှာ မီဇိုရမ်ပြည်နယ်တွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဒေသထုတ် သတင်းစာတွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ကလည်း Mizoram Excise & Narcotics Department (END) အဖွဲ့မှ ဘိန်းဖြူ ၄၁ ဂရမ် နှင့်အတူ ဘိန်းဖြူပိုင်ရှင်ဟု မသင်္ကာသူ ချင်းပြည်နယ် တီးတိန်မြို့နယ် လမ်ဇားကျေးရွာနေ Nangsianvungi (45) နှင့် Niangtawiluni (35) တို့အား ဖမ်းဆီးခဲ့ကြသည်။

၂၀၁၃ ခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC) ၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဘိန်းဖြူအပြင် စိတ်ကြွဆေး သုံးစွဲမှုများပြားလာကြောင်း၊ ယခင်က နယ်စပ်ဒေသရှိ ကျေးလက် ဒေသများ တွင်သာ သုံးစွဲရာမှ ယခုမြို ့ပြများအထိ သုံးစွဲ မှု ပြန် ့ကျဲလာကြောင်း ဖေါ်ပြထားသည်။

ထို ့အပြင် မြန်မာနိုင်ငံမှ ၀င်လာသော Methamphetamine စိတ်ကြွဆေးပြားများကြောင့် အိမ်နီးချင်း တိုင်းပြည်များမှာ ယခင်နှစ်များကထက် ဖမ်းဆီးမှု ပိုမိုများပြားလာကြောင်း UNODC က ထုတ်ပြန်ထားသည်။