အုပ်ချုပ်ရေးမှူးနေအိမ်တိုက်ခိုက်ရာတွင် သင်္ကာမကင်း ဖြစ်ခံရသူ ဘင်္ဂလီလူမျိုးအနည်းဆုံး (၁၀) ကျော်ဖမ်းဆီး ခံရ

အုပ်ချုပ်ရေးမှူးနေအိမ်တိုက်ခိုက်ရာတွင် သင်္ကာမကင်း ဖြစ်ခံရသူ ဘင်္ဂလီလူမျိုးအနည်းဆုံး (၁၀) ကျော်ဖမ်းဆီး ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘောဒူဖဘင်္ဂလီကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်အား တုတ်ဓါး၊ ၀ါးချွန်၊ လေးဂွများ ဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ရာတွင် ပါ၀င်သူများဟု သင်္ကာမကင်းဖြစ်ခံရသူများကို လိုက်လံ ဖမ်းဆီးရှိနေရာ ယခုအခါ ဖမ်းဆီးခံရသူမှာ လူပေါင်း (၁၀) ကျော်သွားပြီဟု သိရသည်။

ဇူလိူင်လ (၂၂) ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က စစ်တွေမြို့နယ်၊ ဘောဒူဖဘင်္ဂါလီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်တင်၏ နေအိမ်အား ဘာဒူဖဒုက္ခသည်ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီ ၁၀၀၀ ခန့်တို့က တုတ်ဓါး၊ ၀ါးချွန်၊ လေးဂွများဖြင့် ၀ိုင်းဝန်း တိုက်ခိုက် ဖြိုဖျက်ခဲ့ကြသည်။

refugee-camp

ထိုသို့ ဖြိုဖျက်စဉ် ရဲတပ်ဖွဲ့မှ အင်အား ၂၀ ကျော်ခန့်ဖြင့် သေနတ်မိုးပေါ်ထောင်ပစ်ကာ လူစုခွဲခဲ့ရပြီး တိုက်ခိုုက်မူ ဖြစ်ပွားစဉ်အတွင်း လူပေါင်း လေးငါးရာကျော်က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ရဲတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“ လူအုပ်က လေးငါးရာကျော်ရှိတယ်။ အိမ်ပေါ်တက်လုတာ။ ဘယ်လိုမှ မတတ်နို်င်တော့့ မိုးပေါ်ကို သေနတ် သုံးချက်ထောင်ပစ်ပြီး လူစုခွဲရတယ်။ အခင်းဖြစ်တဲ့နေ့က ရှစ်ယောက်ဖမ်းတယ်။ မနေ့ကသုံးလေးယောက် ဖမ်းတော့ တစ်ဆယ်ကျော်သွားပြီ” ဟု သက်ဆိုင်ရာ ပြည်နယ် အဆင့် ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ ၀င်ရောက် တိုက်ခိုက်ဖျက်ဆီးရခြင်းကြောင့် အိမ်ခြံစည်းရိုး၊ ၀ရံတာနှင့် တီဗွီ၊စလောင်း ၊အောက်စက် ၊ ဆိုင်ကယ်နှင့် စက်ဘီးများပါ ပျက်စီးသွားကြောင်း ဘောဒူဖ ဘင်္ဂလီကျေးရွာ အရပ်လူကြီး တစ်ဦးက ပြောသည်။

“ ဦးမောင်မောင်တင်က ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်တဲ့ အပြင် ဒိန်းမတ်ကူညီစောင့်ရှောက်ရေအဖွဲ့ (DRC) က ထောက်ပံ့တဲ့ အစားအစာတွေနဲ့  ပစ္စည်းအချို့ကို တာဝန်ခံပြီး ဒုက္ခသည်စခန်းများသို့ လွှဲပြောင်းပေး နေတဲ့သူလည်း ဖြစ်ပါတယ်။ ၀င်ရောက်တိုက်ခိုက်ဖျက်ဆီးရတဲ့ အကြောင်းက သုံးခုလောက်ရှိတယ်လို့ သိရပါတယ်။ ဘာတွေလည်းဆိ်ုတာတော့ မပြောနိုင်ဘူး။ ဒဏ်ရာ ရတာတော့ မရှိပါ” ဟု ဆိုသည်။

ဦးမောင်မောင်တင်၏ နေအိမ်ကို ၀ိုင်းလုယက်ခဲ့ခြင်းမှာ ကယ်ဆယ်ရေးစခန်းတွင် DRC မှ ကယ်ဆယ်ရေး ပစ္စည်းများပေးမည်ပြောသည်ဟုဆိုကာ ဦးမောင်မောင်တင်မှ ငွေတောင်း သည်ဆိုဟာ တိုက်ခိုက်ခြင်းဖြစ် ကြောင်း ဒုက္ခသည်စခန်းမှ လာသော သတင်းများအရ သိရသည်။

၀င်ရောက်တိုက်ခိုက်သူများသည် ဦးမောင်မောင်တင် နေအိမ်အား ဖျက်ဆီးခဲ့သည့်အပြင် အိမ်တွင်းမှ သေတ္တာ ၃ လုံးကို ယူဆောင်သွားကြောင်း၊  ထိုသေတ္တာများထဲတွင် အဝတ်အထည်များနှင့်အတူ ငွေကျပ် (၁၅) သိန်း၊ ရွှေ (၁၀) ကျပ်လည်း ပါသွားကြောင်း သိရသည်။

အကြမ်းဖက် ဖျက်ဆီးရာတွင် ခေါင်းဆောင် ပါ၀င်သူများကို ရဲက လိုက်လံ ဖမ်းဆီးနေသဖြင့် ပါ၀င်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

ဖမ်းဆီးခံရသူ (၁၀) ကျော်ထဲတွင် ဘောဒူဖ အကွက်(၁) နှင့် (၂) မှ ဆွေယော့တူဆောင်း (၂၁) နှစ်၊ အီစ္စမိုင်(ခ) မောင်ချမ်းသာ (၂၀)  နှစ်၊ မာမောက်ဆူလ်တန် (ခ) ကျော်မြင့် (၂၁)နှစ်၊ မာမောက်ရော်ချီး (၃၃) နှစ်၊ အဒူရော်ချီး (၂၅) နှစ်၊ ဟာမိတ်တူဆောင်း(၃၈) နှစ်၊  အီလီယာစ် (၃၈) နှစ်နှင့် မူဟာမတ် တူဆောင်း (၃၇) နှစ် တို့ပါ၀င်ကြောင်း သိရသည်။

“ ကျွန်တော်တို့ဆီမှာ လာရောက်အမူဖွင့်တဲ့အတွက် ဒါက ရာဇဝတ်မူဖြစ်တဲ့ အတွက် ကျူးလွန်ရာမှာ ပါ၀င်သူတွေကို ဖမ်းဆီးရတာ ဖြစ်ပါတယ်။ ခေါင်းဆောင်ပါ၀င်သူတွေကိုတော့ ဆက်လက် ရှာဖွေ ဖမ်းဆီးနေတုန်း ဖြစ်ပါတယ်” ပြည်နယ် ရဲအရာရှိက ပြောကြားသည်။

ယင်းဘောဒူဖကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလီ အချို့သည် လွန်ခဲ့သောနှစ်ကလည်း ရဲကင်းတစ်ခုကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ရခိုင်တိုင်းရင်းသားများပိုင် မန်ဇီသင်္ချိုင်းကိုလည်း ဖျက်ဆီးခဲ့ရာတွင် ပါ၀င်ခဲ့ပြီး ယခုအခါ သူတို့အချင်းချင်း တိုက်ခိုက်လာကြသည်ဟု သိရသည်။

Most read this week