စတုတ္ထမြောက် ကုန်သွယ်ရေးနှင့် စစ်ဆေးရေးစခန်းအဖြစ် အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ အစိုးရက နယ်စပ်ကုန်သွယ်ရေး စခန်း နှင့် ကုန်ပစ္စည်း စစ်ဆေးရေးစခန်းကို ချင်းပြည်နယ်၊ ပလက်ဝမြို ့ နှင့် မြိတ်ဝတို ့တွင် ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိသည် ဟု သိရသည်။
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းကို စစ်ကိုင်းတိုင်းအတွင်း တမူး၊ ချင်းပြည်နယ် အတွင်း ရိဒ်ခေါ်ဒါရ် နှင့် ထန် တလန်မြို ့ များတွင်ဖွင့်လှစ်ထားပြီး ယခု စတုတ္ထမြောက် စခန်းကို ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို ့နယ်တွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားခြင်းဖြစ် ကြောင်း ယနေ ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖေါ်ပြထားသည်။
ပလက်ဝမြို ့မှ ၁၂၂ မိုင်ခန် ့ကွာဝေးသော နယ်စပ် မြိတ်ဝကျေးရွာ ကုန်သွယ်ရေးစခန်းဖွင့်လှစ်ရေးကို ကုန်သွယ်ရေး ညွှန် ကြားမှုဦးစီးဌာန ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ၊ အကောက်ခွန်ဦးစီးဌာန ၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ် ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်တို့ ပါ၀င်သော ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ One Stop Service (OSS) က လုပ်ငန်းများဆောင်ရွက်ရှိကြောင်း သိရသည်။
ပလက်ဝမြို ့နှင့် မြိတ်ဝ ကားလမ်း တည်ဆောက်ရေးလုပ်ငန်းကို မက်စ်မြန်မာ ကုမ္ပဏီလီမိတက်နှင့် အိန္ဒိယနိုင်ငံ မှ IRCON ကုမ္ပဏီ၊ Indian Railway Construction Company Limited တို ့ပူးပေါင်းကာ အကြို အင်ဂျင်နီယာ လုပ်ငန်းများ အကောင် အထည်ဖေါ်နေပြီဖြစ်ကြောင်းလည်း သိရှိရသည်။
ယင်းလုပ်ငန်းများပြီးဆုံးပါက စီမံခန် ့ခွဲမှုနှင့် ထိန်းသိမ်းအုပ်ချုပ်ရေးလုပ်ငန်းကို မြန်မာ အစိုးရက တာဝန်ယူ ဆောက်ရွက်မည်ဖြစ်ပြီး အိန္ဒိယအစိုးရက ကုန်စည်ဖြတ်သန်း ပို ့ ဆောင်ခကို ပို ့ကုန်တန်ဖိုး၏ ၂ ဒသမ ၅ ရာခိုင် နှုန်း ပေးဆောင်ရန် သတ်မှတ်ထားကြောင်း အဆိုပါသတင်းစာက ဖေါ်ပြထားသည်။
ကုန်သွယ်ရေးစခန်းများကို ချင်းပြည်နယ် အတွင်း တည်ဆောက်ရန်စီစဉ်ထားပြီး မြိတ်ဝနှင့် မီဇိုရမ်ပြည်နယ် Zochachhuah ဒေသတွင် Zorinpui Land Custom Station တစ်ခုတည်ဆောက်ရန် ဆောက်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
ယင်းလုပ်ငန်းအတွက် အိန္ဒိယ ရူပီးငွေ ကုဠေပေါင်း ၅၇ ကုန်ကျခံ တည်ဆောက်မည်ဖြစ်ပြီး မြေယာ စတုရန်း ကီလိုမီတာ တစ်သိန်းခန် ့လျာထားကြောင်း သိရသည်။
လက်ရှိ ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ် နယ်စပ်တွင် ကုန်သွယ်ရေးစခန်းနှစ်ခု ဖွင့်လှစ်ထားရှိရာ အမှတ် (၂) အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရိဒ် စခန်း ကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ ့တွင်၄င်း၊ ထန်တလန်မြို ့ (ယာယီ) နယ်စပ်ကုန်သွယရေးစခန်းကို ၂၀၁၄ ခုနှစ် ဧပြီလ (၁) ရက်နေ ့တွင်၄င်း အသီးသီး ဖွင့်လှစ် ခဲ့သည်။