အပစ်ရပ်ထားသော ရခိုင်လွတ်မြောက်ရေးပါတီ ALP နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ဇူလိုင် ၁၈ ရက်တွင် နေပြည်တော်၌ တွေ့ဆုံမည်ဟု ALP ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် က မဇ္စျိမကိုပြောသည်။
“ကျွန်တော်တို့က သီးခြားတွေ့ဖို့တောင်းဆိုထားတာပါ၊ ဘာအကြောင်းဆိုတာကိုတော့ တွေ့ပြီးမှပဲ ပြောပါမယ်”ဟု ဦးခိုင်စိုးနိုင်အောင်က ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ တပ်သားနှစ်ဦးကို ဇွန် ၁၆ ရက်က ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် ဖမ်းဆီးထား အစိုးရက ဖမ်းဆီးထားသည်။
ရခိုင်အမျိုးသားပါတီ ALP သည် ၂ဝ၁၂ ခုနှစ်က ဧပြီလ အတွင်းက အစိုးရ နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုထားပြီး ဖြစ်သည်။
လက်ရှိတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီး စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိရေး အစိုးရနှင့်ဆွေးနွေးလျှက်ရှိသည်။
ရခိုင် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရခိုင့်တပ်မတော် AA နှင့်ပူးပေါင်းရန် နှစ်ဖက်အဖွဲ့အစည်းမှ အဖွဲ့ဝင်များပါဝင်သော ကြားခံကော်မတီ ဖွဲ့စည်းထားပြီး ဖြစ်သည်။
ALP ပါတီသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဆတ်ကြေးများကောက်ခံလျှက်ရှိသည်ဟု ပလက်ဝ ဒေသခံတစ်ချို့က ပြောဆိုထားသော်လည်း ယင်းပါတီက ကောက်ယူခြင်း မရှိဟု ငြင်းဆိုထားသည်။