သချုႋင်းမြေကို အုပ်ချုပ်ရေးမှူးက ရောင်း၍ လမ်းဘေးတွင် သဂြုႋဟ်နေရ

သချုႋင်းမြေကို အုပ်ချုပ်ရေးမှူးက ရောင်း၍ လမ်းဘေးတွင် သဂြုႋဟ်နေရ
by -
မဇ္စျိမ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် လက်ကောင်းကျေးရွာအသုံးပြုနေသော သချုႋင်းမြေကို မိဘပိုင်မြေဟုဆို၍ ဗိုလ်တက်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဌေးက ဧပြီလ ၅ ရက်တွင် ရောင်းချလိုက်သောကြောင့် သေဆုံးသူများ သင်္ဂြိုဟ်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိပြီး လမ်းဘေးတွင် မီးသင်္ဂြိုဟ််နေရသဖြင့် တိုင်းအစိုးရထံ တိုင်ကြားမည်ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။

“ဒီမြေရောင်းတာ သိသိချင်းပဲ ကျွန်တော်တို့ ရပ်မိရပ်ဖတွေရယ်၊ ကျေးရွာအထောက်အကူပြုအဖွဲ့တွေရယ် မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို အကြိမ်ကြိမ်သွားရောက် ညှိနှိုင်းမှုတွေ လုပ်တယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိ အဆင်မပြေဘူး။ အခုရွာကသေရင် ချစရာမရှိတော့ဘူး။ လမ်းဘေးမှာ မီးရှို့နေရတယ် ဘာမှလုပ်ပေးတာ မရှိဘူးဆိုရင် တိုင်းအစိုးရကို တိုင်ကြားသွားမယ်”ဟု လက်ကောင်းကျေးရွာမှ ဦးလှသောင်က မဇ္ဈိမကို ပြောကြားသည်။

လက်ရှိ သေဆုံးသူများကို လမ်းဘေးတွင် မီးရှို့နေရသည်မှာ ခုနစ်ဦးရှိပြီဟု ဒေသခံများက ဆိုသည်။ သချုႋင်းမြေ ပြန်လည်ရရှိရေးအတွက် အုပ်ချုပ်ရေးမှူးများနှင့် အကြိမ်ကြိမ်သွားရောက်တွေ့ဆုံဆွေးနွေးမှုများလုပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ပုံစံခုနစ်လက်ဝယ်ရှိနေသောကြောင့် ဆောင်ရွက်မပေးနိုင်ကြောင်း ဒေသခံများကို ပြောသည်ဟု ဆိုသည််။

ဘိုတက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဌေးက မိမိတို့၏ ဘိုးဘွားပိုင်မြေဖြစ်ပြီး သချုႋင်းမြေမဟုတ်ကြောင်း ၊ ထို့ကြောင့် ဇူလိုင်လတွင် ပုံစံ ရ လျှောက်ခဲ့ရာ ရရှိခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါမြေကို ခြံခတ်ပြီး ရောင်းချရန် လုပ်နေသော်လည်း သချုႋင်းမြေဖြစ်နေသောကြောင့် ၀ယ်မည့်သူမရှိသေးကြောင်း မဇ္ဈိမကို ပြန်လည် ဖြေကြားထားသည်။

ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် “ရောင်းတယ်၊ မရောင်းဘူးဆိုတာတော့ မသိပါဘူး။ သချုႋင်းမြေဟုတ်မဟုတ်လည်း မသိပါဘူး။ မြေစာရင်းရုံးမှာတော့ အဲဒီမြေနေရာဟာ ဦးချစ်ထွေးအမည်နဲ့ လယ်ယာမြေပုံစံခုနစ်ပေါက်ပါတယ်။ သချုႋင်းမြေကတော့ မပေါက်ဘူး။ သချုႋင်းမြေဆိုရင် ရောင်းလို့ မရဘူး”ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြန်လည်ဖြေကြားသည်။

လက်ကောင်းကျေးရွာသည် အိမ်ခြေ ၁၇၆ အိမ်ရှိပြီး လူဦးရေ ၈၀၀ ဦးကျော်နေထိုင်သည်။ ယခုအခါ သချုႋင်းမြေကို ခြံခတ်ထားပြီးဖြစ်သောကြောင့် ဒေသခံများကသင်္ဂြိုဟ်ခွင့် မရှိတော့ကြောင်း ဆိုသည်။