မုဒိမ်းကျင့်မှု ကန် ့ကွက်သူများအား ပြစ်ဒါဏ် မချမှတ်ရေး CHRO တောင်းဆို

မုဒိမ်းကျင့်မှု ကန် ့ကွက်သူများအား ပြစ်ဒါဏ် မချမှတ်ရေး CHRO တောင်းဆို
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်၊ ရေဇွာမြို ့ခွဲတွင် ခလရ (၂၆၉) မှ တပ်သား မျိုးသူရကျော်က အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ကို မုဒိမ်းကျင့်ရန် ကြံစည်မှုအပေါ် ရှုတ်ချကန့်ကွက်ခဲ့သည့် ရေဇွာမြို့ခံ အမျိုးသမီး ခေါင်းဆောင် (၄) ဦး နှင့် မတူပီ မြို့ခံ အမျိုး သမီးခေါင်းဆောင် (၄)ဦး တို့ တရားရုံး တင်ခံရသည်နှင့် ပါတ်သက်ပြီး ပြစ်ဒါဏ် တစုံတရာ မချမှတ်ရန် ချင်းလူ ့အခွင့်အရေး အဖွဲ့ချုပ် (CHRO) က  ကျေညာ ချက်ထုတ်ပြန်လိုက်သည်။

အသက် (၅၅)ရှိပြီဖြစ်သည့် အိမ်ထောင်သည် အမျိုးသမီးအပေါ် အကြမ်းဖက်သူအား တရား ဥပဒေ နည်းလမ်း အရ အရေးယူပေးရေး တောင်းဆိုခဲ့သည့် အမျိုးသမီးခေါင်ဆောင်များ အရေးယူမှု အပေါ် ရှုတ်ချကြောင်းနှင့် ယင်းအမှုကို ရုတ်သိမ်းရန် တောင်းဆိုကြောင်း ဇူလိုင်လ ၁၅ရက်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

2-300x168

ရေဇွာအမျိူးသမီးအဖွဲ့သည် ဆန္ဒပြခွင့်ကို ဇွန်လ ၁၅ ရက်နေ့က ရေဇွာရဲစခန်းသို့ လျှောက်ထားကြရာ ပယ်ချခံခဲ့ရပြီး၊ ဇွန်လ ၁၉ ရက်နေ့ တွင် မတူပီမြို့ရဲစခန်းသို့ ဆန္ဒပြခွင့်ပြုရန် ပြန်လည်လျှောက်ထားကြရာ ရဲစခန်းမှ ထပ်မံ ပယ်ချခဲ့သည်။

သို့သော်လည်း ရေဇွာ နှင့် မတူပီအမျိုးသမီးအဖွဲ့များသည် ဆန္ဒပြပွဲကို ရေဇွာမြို့တွင် ဇွန်လ ၂၃ ရက်နေ့ကလည်းကောင်း  မတူပီမြို့ တွင် ဇွန်လ ၂၄ ရက်နေ့တွင် လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြအပြီး နောက်တစ်နေ့ ဇွန်လ ၂၅ ရက်နေ့တွင် အာဏာပိုင်များက ခွင့်ပြုချက်မရှိဘဲ လမ်းမပေါ်ထွက် ဆန္ဒဖော် ထုတ်ခဲ့ခြင်းကြောင့်ဟုဆိုကာ ရေဇွာအမျိုးသမီးအဖွဲ့မှ ခေါင်းဆောင် ၄ ဦး ၊ မတူပီအမျိူးသမီးအဖွဲ့မှ ခေါင်းဆောင် ၂ ဦး နှင့် မတူပီ လူငယ်များအသင်း မှ ခေါင်းဆောင် ၂ ဦး စုစုပေါင်း ၈ ဦးကို ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့သည်။

ဇိုသုန်အမျိုးသမီးအဖွဲ ့မှ Ngun Chin Par, Sui Sui Kyi, Kaw Htwe, Khin Khin Zi တို ့အား ဇွန်လ ၂၂ ရက်တွင် ရုံးချိန်းထားပြီး ဆန္ဒပြမှုတွင် ဦးဆောင်ပါ၀င်သူ မတူပီအမျိုးသမီးအဖွဲ ့မှ Thang Zing, KhinThluai Par နှင့် လူငယ်အဖွဲ ့မှ Maung Han, Tei Mang တို ့သည် ယနေ့အထိ မတူပီတရားရုံးတွင် အမှုရင်ဆိုင်ရ ဆဲဖြစ်သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုကို  သက်ဆိုင်ရာ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပူး ဗန်ကျင်က အားပေး အားမြှောက်ပြုကြောင်း ရေဇွာမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး နှင့် နယ်မြေခံ စစ်တပ်အရာရှိက ပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင် ထံပြောဆိုခဲ့ ရာမှ ၎င်းအား ပြည်နယ်ဝန်ကြီးချုပ်က ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

” ဆန္ဒမပြခင် ရေဇွာအမျိုးသမီးအဖွဲ့တွေက ဆန္ဒပြဖို့ စီစဉ်ကြောင်း ကျွန်တော့်ဆီ လာပြောတာ မှန်တယ်၊ ကျွန်တော်က ဒါက ခင်ဗျားတို့မှာ အခွင့်အရေးတွေ လွတ်လွတ်လပ်လပ် တောင်းဆို ဆန္ဒဖော်ထုတ်ခွင့်ရှိတယ် လို့ ပြောတယ်၊ ဒီကိစ္စ အတွက် ပြည်နယ်ဝန်ကြီးချုပ်ကလည်း ခေါ်တယ်ပေါ့နော်” ဟု မတူပီမြို့နယ် မဲဆန္ဒနယ်မှ အရွေးခံ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်  ပူးဗန်ကျင်က ပြောသည်။

၀န်ကြီးချုပ် ဦးဟုန်းငိုင်က ပြစ်မှုကျူးလွန်သူကို အရေးယူမှုပြုလုပ်ပြီးပြီ၊ လူတစ်ဦး အမှားကြောင့် လူထု အထိ ဂယက် ရိုက်တာမျိုး မဖြစ်သင့်ကြောင်း ပြောသည်ကို ပူးဗန်ကျင်က သူတို့အခွင့်အရေးအတွက် တောင်းဆို ခွင့်ကို နိုင်ငံ တော်အစိုးရက ခွင့်ပြုပြီးသားပါ ဟု တုံ့ပြန်ခဲ့သည်ဟု သိရသည်။

Most read this week