ချင်းအမျိုးသား တရပ်လုံးကိုယ်စားပြု မည့်နိုင်ငံရေး ပါတီသစ် ဖွဲ့စည်း

ချင်းအမျိုးသား တရပ်လုံးကိုယ်စားပြု မည့်နိုင်ငံရေး ပါတီသစ် ဖွဲ့စည်း
by -
မဇ္စျိမ

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်မည့်ချင်းဒီမိုကရေစီ အဖွဲ့ချုပ် (CLD) ပါတီခေါ် ချင်းအမျိုးသားနိုင်ငံရေးပါတီသစ် တစ်ခု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ပြီးခဲ့သောလတွင် ပါတီမှတ်ပုံတင် လိုက်ကြောင်း သိရသည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD)သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် အပြင်၊ ချင်းလူမျိုးများနေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ကလေး – ကဘော်ဒေသ၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းဒေသများတွင် ၀င်ရောက်
ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားကြောင်း ပါတီခေါင်းဆောင် ဆလိုင်း ငိုင်ဆာခ့် ကခိုနုမ်းထုန်ကို ပြောသည်။

” မှတ်ပုံတင်ထားတာ မကျသေးတော့ တရားဝင်ပြောဖို့က နည်းနည်း ခက်နေသေးတယ်ပေါ့၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းလူမျိုးတွေ နေထိုင်တဲ့ မြန်မာတစ်ပြည်လုံးအတိုင်းအတာနဲ့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်၊ ဒီလကုန်ရင် ပါတီကိစ္စနဲ့ ကျွန်တော် ချင်းတောင်ကို တက်ပြီး ဒေသခံမိဘပြည်သူတွေနဲ့ သွားရောက်ဆွေးနွေးဖို့ စီစဉ်ထား ပါတယ်၊ ” ဟု ပြောသည်။ သက်ဆိုင်ရာမှ တရားဝင် ရပ်တည်ခွင့် မပြုသေးသော်လည်း ၎င်းတို့ပါတီ ဦးဆောင်အဖွဲ့ကို ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့က ချင်းပြည်နယ်ဒေသ အသီးသီးမှအောက်ပါ ခေတ်ပညာတတ်ချင်း လူငယ်၊ လူလတ်များဖြင့် ရန်ကုန်မြို့၌ ရွေးချယ်ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။

၎င်းတို့မှာ - ပူး ငိုင်ဆာခ့် (ဥက္ကဌ)၊ ပူး အောမ်ယော (ဥက္ကဌ - ၁)၊ ပီး ဆုန်ဇီးမန် (ဥက္ကဌ - ၂)၊ ဂျိမ်း(စ)ဒါရ်ရှိထန်း (ဥက္ကဌ - ၃)၊ ဆလိုင်းဝုန်ဇာပျန် ပီပီ (အထွေထွေ အတွင်းရေးမှူး)၊ ဆလိုင်း အောင်လိန်း
(အတွင်းရေးမှူး - ၁)၊ ဆလိုင်း ဂျင်မီရီဇာဘွေး (အတွင်းရေးမှူး - ၂)၊ ပူး ဂျင်ဆွန်မုန် (အတွင်းရေးမှူး - ၃)၊ ပူး အောမ်ခိုထန်း (ဘဏ္ဍာထိန်း) နှင့် အဖွဲ့ဝင် (၁၀) ဦး တို့ဖြစ်ကြသည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD) ဥက္ကဌ ဆလိုင်းငိုင်ဆာခ့်သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီဖြစ်သည့် ချင်းအမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆလိုင်ရမ်းလိန်မှုန်း(ကွယ်လွန်) ၊ ဒေါက်တာလျန်မှုန်းဆာခေါင်း ( NCCT) တို့နှင့် အတူ ဖွဲ့စည်းတည်ထောင်ခဲ့သူ ဥပဒေ ပညာရှင် တစ်ဦးဖြစ်သည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားဒေသ နိုင်ငံရေးပါတီများဖြစ်သည့် ယခု ချင်းဒီမိုကရေစီ ဖွဲ့ချုပ် အပါအဝင် ချင်းတိုး တက်ရေးပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အရှို ချင်းအမျိုးသားပါတီ၊ ဇိုမီးဒီ မို ကရက်တစ်ကွန်ကရက်၊ ခူမီးအမျိုးသား ပါတီတို့ ၀င်ရောက် ယှဉ်ပြိုင်သွားဖွယ် ရှိသည်။

Most read this week