မူလ လမ်းတိုးချဲ့ငွေ သန်းပေါင်း ၆၆၀ အား နယ်စပ် ကုန်သွယ်ရေးလမ်းအတွက် သုံးစွဲ

မူလ လမ်းတိုးချဲ့ငွေ သန်းပေါင်း ၆၆၀ အား နယ်စပ် ကုန်သွယ်ရေးလမ်းအတွက် သုံးစွဲ
by -
ခိုနူမ်းထုန်

စစ်ကိုင်းတိုင်း ကလေး- နတ်ချောင်း မှ ချင်းပြည်နယ် ဖလမ်း ကားလမ်းတိုးချဲ ့ရေး အတွက် လျာထားသည့် မူလရံပုံငွေ ကျပ် သန်းပေါင်း ၆၆၀ ကို အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ဟားခါး- ထန်ထလန်- ဆာဆီ ချောက်ကား လမ်း ၂၄ပေ တိုးချဲ ့ရေးအ တွက် သုံးစွဲကြောင်း သိရသည်။

ချင်းပြည်နယ် ဖလမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လိန်း၏ ပြည်နယ် ဖွံ ့ဖြိုးတိုးတက်ရေးအတွက် မူလဘတ် ဂျက်ငွေ ကို ပြည်နယ် ၀န်ကြီးချုပ် အနေဖြင့် ပြောင်းရွှေ ့ချမှတ်ရန် လုပ်ပိုင်ခွင့်ရှိမရှိ ဆိုသည့်မေးခွန်းအပေါ် ၂၀၁၄ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ ့ကျင်းပသည့် ဒသမပုံမှန် ပြည်သူ ့လွှတ်တော် အစည်းအဝေးတွင် သမ္မတရုံး ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိမ်း က အောက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့သည်။

” ကလေး- နတ်ချောင်း- ဖလမ်း ကားလမ်းတိုးချဲ ့ရေးအတွက် လျာထားသည့် မူလရံပုံငွေကို ကလေး- နတ်ချောင်း – ဖလမ်းကားလမ်း တွင် ကားသွားလာမှုနည်းပါးခြင်း၊ လက်ရှိတွင် ကလေး- ဖလမ်း- ဟားခါး ကားလမ်းအတိုင်း ကောင်းမွန် စွာသွားလာနိုင်ခြင်းတို ့ကြောင်း ယခုကဲ့သို ့ ပြောင်းလဲသုံးစွဲခြင်းဖြစ်ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ပြည်နယ်ဘတ် ဂျက်ငွေများကို ပြည်နယ်အစိုးရ ဆုံးဖြတ် ချက် အရ လိုအပ်သည့် နေရာတွင် ပြောင်းလဲသုံးစွဲခွင့်ရှိကြောင်း နိုင်ငံပိုင် သတင်းစာတွင်ဖော်ပြထားသည်။

ယင်းဘတ်ဂျက်ငွေကို ဟားခါး- ထန်တလန် အကြား ကတ္တရာလမ်းခင်းရန်နှင့် ယခင် ထန်တလန်- ဆာဆီချောက် ကား လမ်း ၁၂ ပေ လမ်းအား ၂၄ ပေကားလမ်းအဖြစ် တိုးချဲ ့ရန် သုံးစွဲခြင်းဖြစ်ပြီး ထိုသို ့ပြောင်းလဲ သုံးစွဲခွင့်ပြုရန် ပြည်နယ် ဆောက်လုပ်ရေးက ချင်းပြည် နယ်အစိုးရထံ တင်ပြ အတည်ပြုချက် ရယူပြီး သက်ဆိုင်ရာ အင်ဂျင်နီယာများ၏ တင်ပြ ချက်အပေါ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး သဘောတူချက်အတိုင်း ပြောင်းလဲ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ၀န်ကြီး က ဖြေကြားခဲ့သည် ဟု သိရသည်။

ချင်းပြည်နယ်ကို ဖြတ်ပြီး အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းအဖြစ် သတ်မှတ်ထားသည့် ကားလမ်းသည် ဟားခါး- ထန်တ လန်မှ တဆင့် Thlualam- Hmunlipi- Hriangkhan- Thau ကျေးရွာများကိုဖြတ်ပြီး နယ်စပ် ဘွေနူးမြစ် (ကုလား တန်)၊ ဆာဆီချောက် အကြားဖြစ် သည်။

” ယခုကားလမ်းဖြစ်လာဘို့ ၂၀၀၉ ခုနှစ်ကတည်းက အကောင်အထည် စဖော်ခဲ့တာပါ၊ ဒီကားလမ်းဟာ နယ်စပ် စာစီ ချောက် ကနေ နေ့ ချင်းပေါက်ပြီး မီဇိုရမ်ရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်၊ လောင်တလိုင်၊ ဆိုင်ဟား မြို့ သုံးမြို့အထိ သုံးသွယ် တိုက်ရိုက် ဆက်သွယ်သွား လာနိုင်မှာဖြစ်တယ်” ဟု ချင်းကုန်သည် တဦးက ပြောသည်။

အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်လမ်းကြောင်း ဖြစ်သည့် ဟားခါး- ထန်တလန်- ဆာဆီချောက်ကားလမ်းကို ၂၀၁၂ ခုနှစ် ဧပြီလ (၁၅) ရက်နေ့ တွင် ပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်၊ နယ်စပ်ရေးရာ ၀န်ကြီး ဇော်မင်းဦး၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦး ငွန် ဆန်း အောင် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက အတည်ပြုဖွင့်လှစ်ခဲ့ကြပြီးဖြစ်သည်။

အဆိုပါ ကားလမ်းသည် ထန်တလန်မြို့ မှ နယ်စပ် အထိ ၆၈ မိုင်ရှည်လျားပြီး  တဖက် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင် ခရိုင်၊ ဆာငေါင်မြို့မှ နယ်စပ်အထိ ဖောက်လုပ်ထားပီးသော ကားကြီး သုံးစီး တပြိုင်တည်း သွားလာ နိုင် သည့်  ကားလမ်း နှင့် ဆက်သွယ်သွား မှာဖြစ်သည်။

Most read this week