ချင်းပြည်နယ် (၃) မြို ့နယ်အတွက် ဂျပန်က အမေရိကန်ဒေါ်လာ ငါးသိန်းကျော်ကူညီ

ချင်းပြည်နယ် (၃) မြို ့နယ်အတွက် ဂျပန်က အမေရိကန်ဒေါ်လာ ငါးသိန်းကျော်ကူညီ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ဖလမ်းနှင့် ထန်တလန်မြို ့နယ်များ  ဒေသ ဖွံ ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံ၏ အသေး စား စီမံကိန်းများ ကူညီထောက််ပံ့ရေးအဖွဲ ့ (Grant Assistance for Grass-roots Human Security Projects (GGP) Scheme) မှ အမေရိ ကန်ဒေါ် လာ ငါးသိန်းကျော် ကူညီထောက်ပံ့ခဲ့သည်။

အသေးစိပ်မှာ ဖလမ်းမြို ့နယ် ကျေးလက် ကျမ်းမာရေးဌာနခွဲများ ဆောက်လုပ်ရေးစီမံကိန်းအတွက် ဒေါ်လာ ၉၉၁၇၉ ကို၄င်း၊ ချင်းပြည် နယ်မြို ့တော် ဟားခါး အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၃၁၃၇၄၅ ကို၄င်း၊ ထန်တလန်မြို ့နယ် အခြေခံ အထက်တန်းကျောင်းခွဲ ဆောက်လုပ်ရေး အတွက် အမေရိကန်ဒေါ်လာ ၁၄၉၆၃၂ ကို၄င်း စု စုပေါင်း ဒေါ်လာ ၅၆၂၅၅၆ ကူညီခဲ့ကြောင်း ယနေ ့ထုတ် နိုင်ငံပိုင် သတင်းစာတွင်ဖေါ်ပြထားသည်။

အဆိုပါထောက်ပံ့ငွေ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ၂၀၁၄ခုနှစ် ဇွန်လ (၁၄) ရက်နေ ့မှ (၁၆) ရက်နေ ့ အတွင်း ဖလမ်း၊ ဟားခါးနှင့် ထန်တလန်မြို ့များတွင် ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် ဂျပန်နိုင်ငံ သံရုံးမှ အတွင်းရေးမှူး (၃) တာဝန်ထမ်းဆောင်သူ Mr. Kota WATANABE၊ ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်နှင့် ၀န်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက် ကြကြောင်း ၂၀၁၄ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ ့ထုတ် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံရုံး၏ ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။

တဆက်တည်းမှာပင် Mr. Kota WATANABE၊ ချင်းပြည်နယ် ၀န်ကြီးချုပ်နှင့် တာဝန်ရှိများသည် ကျပ်ငွေ သိန်းပေါင်း တစ်ထောင် ခန် ့ဖြင့် ဆောက်လုပ်ထားသည့် ထန်တလန်မြို ့ အခြေခံအထက်တန်းကျောင်း ဖွင့်လှစ်ပွဲ အခမ်းအနားသို ့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကျောင်းကို ၁၇၀ X ၆၀ ရှိ နှစ်ထပ်တိုက်ဖြင့် ဆောက်လုပ်ထားသည့် အမှတ် (၂) အထက်တန်းကျောင်း သစ်ကို ဂျပန်သံရုံးမှ သိန်းပေါင်း ၁၀၀၀၊ အစိုးရ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာန မှ ကျပ်ငွေသိန်းပေါင်း ၃၀၀ ဖြင့် အကုန် အကျခံလျက် ၂၀၁၂ ခုနှစ် မတ်လမှ စပြီး Chin Green Hill Company က ဆောက်လုပ်ခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ်များအနက် ဆင်းရဲမွဲတေမှု ရ၀ ရာခိုင်နှုန်းအောက်ရှိသည့်  ချင်းပြည်နယ်တွင် ဂျပန်နိုင် ငံ၏ ထောက်ပံ့ မှုကြောင့် ဟားခါးမြို ့ အမှတ် (၃) အခြေခံ အထက်တန်းကျောင်းရှိ ကျောင်းသားဦးရေ ၁၇၉၈ ဦးနှင့် ထန်တလန်မြို ့နယ် အထက် တန်းကျောင်း ခွဲရှိ ကျောင်းသားဦးရေ ၃၈၅ ဦးတို ့ အကျိုးဖြစ်ထွန်းစေ မည့်အပြင် ဖလမ်းမြို ့နယ် အတွင်းရှိ ပြည်သူ ၂၄၀၀ ကျော်၏ ကျမ်းမာရေး စောင့်ရှောက်မှုများကို လုပ်ဆောင်နိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။

ထို ့အပြင် ကလေးမြို ့နယ် နန်းဖာလုံကျေးရွာ အလယ်တန်းကျောင်း ဆောက်လုပ်ရေး စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁၁၇၆၆၈ ကိုလည်း ထောက်ပ့ံကူညီခဲ့ရာ ချင်းပြည်နယ် ထောက်ပံ့ ကူညီမှုနှင့် စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၈၀၂၂၄ ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက် တွင်ဖေါ်ပြထားသည်။

GGP သည် ၁၉၉၃ ခုနှစ်မှစတင်ပြီး ယနေ ့အထိ မြန်မာနိုင်ငံတွင် စီမံကိန်းပေါင်း ၈၈၆ ခု ကူညီထောက်ပ့ံပြီးဖြစ် ကြောင်း၊ ယင်းအထဲတွင် ပညာရေး ဖွံ ့ဖြိုးမှု စီမံကိန်း ၃၁၁ခု၊ ကျမ်းမာရေး မြှင့်တင်မှုဆိုင်ရာ ၁၇၅၊ ပတ်ဝန်းကျင် စီမံကိန်းနှင့် လူမှုဖူလုံရေး ၁၃၆၊ ဘက်စုံဖွံ ့ဖြိုးရေး စီမံကိန်း ၃၁ ခုတို ့အား အသီးသီးကူညီထောက်ပံ့ခဲ့ပြီ ဖြစ် ကြောင်း သိရသည်။

Most read this week