ဝန်ကြီး ဦးအောင်မင်း နှင့် ဒုဗိုလ်ချုပ်ကြီး ယွက်စစ် မဲခေါင်မြစ်ကမ်း၌ တွေ့ဆုံ

ဝန်ကြီး ဦးအောင်မင်း နှင့် ဒုဗိုလ်ချုပ်ကြီး ယွက်စစ် မဲခေါင်မြစ်ကမ်း၌ တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းနှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော် အဖွဲ့ ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် တို့ ဂျွန်လ ၁၈ ရက် ညနေပိုင်းက ထိုင်း နိုင်ငံ ချင်းဆဲန် မြို့နယ် မဲခေါင် မြစ်ကမ်းရှိ ဟိုတယ် တခု၌ ညစာ အတူ စားသောက် ခဲ့ကြသည်။

ဂျွန်လ ၁၉ ရက်တွေ့ဆုံပွဲအတွက် ရှေ့ပြေး ကနဦးသဘောသာ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း အဓိက မှာ ခင်မင်ရင်းနှီးမှု လက်ဆုံစားပွဲတခုသာဖြစ်ကြောင်းသိရသည်။

sys-am

“အသေးအဖွဲ့ကိစ္စလေးကို အကြီးချဲ့ပြီး မပြောစေလိုကြောင်း၊ ယုန်က လေး တကောင်လိုချင်တာ ကြောင့် တတောလုံးမီးရှို့လိုက်တာလည်း မလုပ်သင့်ကြောင်း၊ အဓိက ရည်မှန်း ချက်ပန်းတိုင်နဲ့လွှဲ သွားမှာ စိုးရိမ်ကြောင်း   ”  ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က တွေ့ဆုံပွဲတွင်ပြောသွားသည်။

 ဦးအောင်မင်း တို့ဘက်မှ အင်အား ၂၀ ခန့် ရောက်ရှိလာကြောင်း၊ သျှမ်းပြည်တပ်မတော်ဘက်ကလည်း ၂၀ နီးပါးရှိကြောင်း၊ ထိုင်းနိုင်ငံအစိုးရ၏ လုံခြုံရေးတပ်က တာဝန်ယူပေးကြောင်း၊ တွေ့ဆုံသည့် နေရာ မှာ မဲခေါင်မြစ်ကမ်းနံဘေးရှိ နာမည်ကြီး ဟိုတယ်တခုတွင်ဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲအတွက် နှစ်နိုင်ငံ နယ်ခြားကော်မတီမှကမကထပြုပေးခဲ့ကြောင်း သျှမ်းပြည်တပ်မ တော်ဘက်မှ ပုဂ္ဂိုလ်တဦးကပြောသည်။

ဂျွန်လ ၁၉ ရက်တွင် ဦးအောင်မင်းနှင့်အဖွဲ့သည် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် သီးခြားတွေ့ စုံမှာဖြစ်သည့်အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့နှင့်လည်း တွေ့ဆုံမည်ဟု ဆိုသည်။

သျှမ်းပြည်တပ်မတော်၏ ကျိုင်းတုံမြို့ကိုယ်စားလှယ်ရုံးအား ပြီးခဲ့သည့်မေလဆန်းက အစိုးရတပ် ရှောင်တခင်ဝင်ရောက်စစ် ဆေးပြီးနောက်ပိုင်း ယခုတွေ့ဆုံမှုသည် ပထမဦးဆုံးဖြစ်သည်။